OPPO ဟာ သတင်းများစွာ ထွက်နေတဲ့ Reno5 Series ကြေညာမယ့် နေ့ကို အတည်ပြုလိုက်ပါပြီ။ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ မိတ်ဆက်မှာ ဖြစ်ပြီး OPPO က ဝီဘိုမှာ မျှဝေထားတဲ့ ၉ စက္ကန့်ကြာ ဗီဒီယိုမှာ “Diamond Glow series will debut” လို့ ဖော်ပြထားပါတယ်။

Oppo announces Reno5 series arrival date - December 10

Reno5 Series မှာ မော်ဒယ် ၃ မျိုး ပါလာမှာ ဖြစ်ပြီး Snapdragon 765G ပါတဲ့ ရိုးရိုး Reno5 ၊ Dimensity 1000+ Chipset ပါတဲ့ Reno5 Pro နဲ့ Snapdragon 865 Chipset ပါတဲ့ Reno5 Pro+ တို့ ဖြစ်ပါတယ်။ Reno Series ထဲမှာ မော်ဒယ် ၃ မျိုး ထုတ်လုပ်တာ ဒါပထမဆုံး ဖြစ်လာမှာပါ။ ခန့်မှန်းချက်တွေအရ ပထမ ၂ လုံးဟာ Reno4 5G နဲ့ Reno4 Pro 5G ကို အနည်းငယ် အဆင့်မြှင့်ထားတာ ဖြစ်ပြီး Pro+ Version အကြောင်း သိပ်မသိရသေးပေမယ့် ဖုန်း ၃ လုံးထဲမှာ စွမ်းရည် အမြင့်ဆုံးနဲ့ ဈေးအမြောက်ဆုံး ဖြစ်မှာ သေချာပါတယ်။

Oppo Reno5 Series Rumored To Launch On December 10 - Myrataul.com

Reno Series ဟာ OPPO ရဲ့ စွမ်းရည်သင့် စမတ်ဖုန်း Series ဖြစ်ပြီး Find Series ကတော့ စွမ်းရည်မြင့် စမတ်ဖုန်း Series ဖြစ်ပါတယ်။ ဒါပေမယ့် Reno5 Pro+ မှာ Snapdragon 865 Chipset ထည့်ထားမယ်ဆိုတာက Find X2 ၊ Ace 2 တို့နဲ့ နီးစပ်သွားမှာ ဖြစ်ပါတယ်။

Ref : gsmarena