OPPO ကနေ အခုနောက်ဆုံးအနေနဲ့ Reno Series စမတ်ဖုန်းအသစ်ကို တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အခုမိတ်ဆက်လိုက်တာကတော့ Indonesia နိုင်ငံမှာပဲဖြစ်ပြီး Reno7 4G အနေနဲ့ ထွက်ရှိလာတာဖြစ်ပါတယ်။ ထူးခြားတာတစ်ခုကတော့ ယခင်တုန်းက မိတ်ဆက်ထားခဲ့တဲ့ OPPO Reno7 Series ဖုန်းတွေက 5G Support ပါဝင်ခဲ့ပေမယ့် အခု Reno7 ကတော့ 4G ကိုပဲ ထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ်။

အစောပိုင်းတုန်းက မိတ်ဆက်ခဲ့တဲ့ OPPO Reno7 Z 5G ဖုန်းဟာ Qualcomm Snapdragon 695 Chipset ကိုအသုံးပြုထားတယ်ဆိုပေမယ့် အခု Reno7 4G ဖုန်းကတော့ Snapdragon 680 နဲ့ပဲ ထွက်ရှိလာခဲ့တာဖြစ်ပါတယ်။ RAM အနေနဲ့ 8GB ပါဝင်မှာဖြစ်ပြီး 256GB Storage ပါဝင်မှာဖြစ်သလို Virtual RAM အနေနဲ့လည်း နောက်ထပ် 5GB ထပ်တိုးချဲ့နိုင်မှာဖြစ်ပါတယ်။

Display ပိုင်းအနေနဲ့ကတော့ 6.43″ AMOLED Display ကို အသုံးပြုထားပြီး Resolution အနေနဲ့ Full HD+ အပြင် 90Hz Refresh Rate ၊ 180Hz Touch Sampling Rate တွေပါဝင်မှာဖြစ်ပါတယ်။ Screen ကို ထိခိုက်မှုတွေကို ကာကွယ်ဖို့အတွက် Gorilla Glass 5 Protection တွေလည်းပါဝင်မယ်လို့ သိရပါတယ်။ HDR Compatible ဖြစ်တဲ့အတွက် Amazon Prime Video ၊ Netflix လိုမျိုး Streaming Service တွေကနေ HDR Video တွေကိုပါ ကြည့်နိုင်မှာဖြစ်ပါတယ်။

Camera ပိုင်းအနေနဲ့ကတော့ Triple Camera Setup ကိုပဲအသုံးပြုထားပြီး 64MP Primary Camera ၊ 2M Macro Camera နဲ့ 2MP Depth Sensor တွေကို အသုံးပြုထားတာဖြစ်ပါတယ်။ Selfie Camera အနေနဲ့ကတော့ 32MP Sensor ကိုအသုံးပြုထားပြီး Screen ရဲ့ ဘယ်ဘက်မှာ Punch-hole Design အနေနဲ့ ထည့်သွင်းပေးထားတာဖြစ်ပါတယ်။

OPPO Reno7 4G ဟာ 4500mAh Battery ပါဝင်မှာဖြစ်ပြီး 33W SuperVOOC Charging နဲ့ ပြန်လည်အားသွင်းနိုင်မှာဖြစ်ပါတယ်။ အထူအနေနဲ့ 7.5mm ပဲရှိတာကြောင့် ပါးလွှာသလို IPX4 Splash Protection လည်းပါဝင်မှာဖြစ်ပါတယ်။ Software အနေနဲ့ကတော့ Android 12 ကို အခြေခံထားတဲ့ ColorOS 12.1 ကို အသုံးပြုထားတယ်လို့ သိရပါတယ်။

Ref – GSM Arena