[Unicode]

OPPO က အနာဂတ်မှာ Chip နည်းပညာ အလန်းစားတွေကိုချပြတော့မှာ ဖြစ်ပါတယ်။ Future Technology Conference 2019 မှာ ကုမ္ပဏီရဲ့ ဒုတိယ ဥက္ကဌ Liu Chang က သိပ်မဝေးတော့တဲ့ အနာဂတ်မှာ ကိုယ်ပိုင် Chip ထုတ်လုပ်နိုင်မှာ ဖြစ်ပြီး ဈေးကွက်ထဲရောက်အောင် လုပ်မယ်လို့ ပြောပါတယ်။ ကုမ္ပဏီက ပြီးခဲ့တဲ့လမှာ OPPO M1 နာမည်ကို မှတ်ပုံတင်ထားပြီး Chip ဖြစ်မယ်လို့ ထင်ပါတယ်။ အစောဆုံး အနေနဲ့ MWC 2020 မှာ ကြေညာမယ်လို့ ထင်ပါတယ်။

OPPO ဟာ Chip နည်းပညာမှာ ငွေကြေးများစွာ ရင်းနှီးမြှပ်နှံပြီး သုတေသန ပြုလုပ်နေတဲ့အတွက် အခုသတင်းက သိပ်အံ့သြစရာ မကောင်းပါဘူး။ ဥပမာအနေနဲ့ VOOC Flash Charging Chip တွေကို OPPO ကိုယ်တိုင် ထုတ်လုပ်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် OPPO က Chip နယ်ပယ်ထဲ ဝင်ရောက်လာတာဟာ ကုမ္ပဏီရဲ့ အနာဂတ် ထုတ်ကုန်တွေအတွက် ကြီးမားတဲ့ ပြောင်းလဲမှု ဖြစ်လာမှာပါ။ ကိုယ်ပိုင် Chip ထုတ်လုပ်နိုင်တဲ့အတွက် ကုမ္ပဏီရဲ့ ထုတ်ကုန်တွေကြားမှာ ဆက်သွယ်မှု ပိုကောင်းလာစေမှာပါ။ Apple ကလည်း ဒီလို နည်းပညာမျိုးကို သုံးနေတာပါ။

OPPO M1 ရဲ့ Specs အကြောင်းတွေကို မသိရသေးပေမယ့် လာမယ့်နှစ် အစောပိုင်းမှာ သိရတော့မယ်လို့ ထင်ပါတယ်။ အခုတော့ ကုမ္ပဏီက ဒီလောက်ပဲ အစပျိုးပြောထားပါတယ်။ လာမယ့်နှစ် MWC 2020 မှာ တရားဝင် ကြေညာမယ်လို့ ထင်ပါတယ်။ ဒါမှမဟုတ် မတ်လမှာ ကျင်းပမယ့် Semicon China မှာ မိတ်ဆက်နိုင်ပါတယ်။ ဒီထက်ပိုနောက်ကျမယ်ဆိုရင် Mobile World Congress Shanghai မှာ မြင်ရနိုင်ပါတယ်။

Liu က ကိုယ်ပိုင် Chip မကြာခင် ထုတ်လုပ်နိုင်ဖို့ အရမ်း အရေးကြီးပါတယ်။ ဒီလို ထုတ်လုပ်နိုင်ခြင်းအားဖြင့် မိတ်ဖက်တွေနဲ့ ပိုမိုလုပ်လုပ်နိုင်မှာ ဖြစ်ပြီး Chip တွေကို ရောင်းချနိုင်မှာပါလို့ သူက ပြောပါတယ်။ Chip ကုမ္ပဏီတွေက သုံးစွဲသူတွေ အကြိုက်ကို သိပ်မသိပါဘူး။ OPPO က သူတို့ ဖောက်သည်တွေ လိုအပ်ချက်နဲ့ ကိုက်ညီအောင် ကိုယ်ပိုင် Chip တွေ ထုတ်လုပ်ချင်နေတာပါ။

Ref : gizmochina

[Zawgyi]

OPPO က အနာဂတ္မွာ ကိုယ္ပိုင္ Chip ထုတ္လုပ္ႏုိင္မယ္လို႔ ေျပာ

OPPO က အနာဂတ္မွာ Chip နည္းပညာ အလန္းစားေတြကိုခ်ျပေတာ့မွာ ျဖစ္ပါတယ္။ Future Technology Conference 2019 မွာ ကုမၸဏီရဲ႕ ဒုတိယ ဥကၠဌ Liu Chang က သိပ္မေ၀းေတာ့တဲ့ အနာဂတ္မွာ ကိုယ္ပိုင္ Chip ထုတ္လုပ္ႏုိင္မွာ ျဖစ္ၿပီး ေစ်းကြက္ထဲေရာက္ေအာင္ လုပ္မယ္လို႔ ေျပာပါတယ္။ ကုမၸဏီက ၿပီးခဲ့တဲ့လမွာ OPPO M1 နာမည္ကို မွတ္ပံုတင္ထားၿပီး Chip ျဖစ္မယ္လို႔ ထင္ပါတယ္။ အေစာဆံုး အေနနဲ႔ MWC 2020 မွာ ေၾကညာမယ္လို႔ ထင္ပါတယ္။

OPPO ဟာ Chip နည္းပညာမွာ ေငြေၾကးမ်ားစြာ ရင္းႏွီးျမွပ္ႏွံၿပီး သုေတသန ျပဳလုပ္ေနတဲ့အတြက္ အခုသတင္းက သိပ္အံ့ၾသစရာ မေကာင္းပါဘူး။ ဥပမာအေနနဲ႔ VOOC Flash Charging Chip ေတြကို OPPO ကိုယ္တိုင္ ထုတ္လုပ္ေနတာ ျဖစ္ပါတယ္။ ဒါေပမယ့္ OPPO က Chip နယ္ပယ္ထဲ ၀င္ေရာက္လာတာဟာ ကုမၸဏီရဲ႕ အနာဂတ္ ထုတ္ကုန္ေတြအတြက္ ႀကီးမားတဲ့ ေျပာင္းလဲမႈ ျဖစ္လာမွာပါ။ ကိုယ္ပိုင္ Chip ထုတ္လုပ္ႏုိင္တဲ့အတြက္ ကုမၸဏီရဲ႕ ထုတ္ကုန္ေတြၾကားမွာ ဆက္သြယ္မႈ ပိုေကာင္းလာေစမွာပါ။ Apple ကလည္း ဒီလို နည္းပညာမ်ိဳးကို သံုးေနတာပါ။

OPPO M1 ရဲ႕ Specs အေၾကာင္းေတြကို မသိရေသးေပမယ့္ လာမယ့္ႏွစ္ အေစာပိုင္းမွာ သိရေတာ့မယ္လို႔ ထင္ပါတယ္။ အခုေတာ့ ကုမၸဏီက ဒီေလာက္ပဲ အစပ်ိဳးေျပာထားပါတယ္။ လာမယ့္ႏွစ္ MWC 2020 မွာ တရား၀င္ ေၾကညာမယ္လို႔ ထင္ပါတယ္။ ဒါမွမဟုတ္ မတ္လမွာ က်င္းပမယ့္ Semicon China မွာ မိတ္ဆက္ႏုိင္ပါတယ္။ ဒီထက္ပိုေနာက္က်မယ္ဆိုရင္ Mobile World Congress Shanghai မွာ ျမင္ရႏုိင္ပါတယ္။

Liu က ကိုယ္ပိုင္ Chip မၾကာခင္ ထုတ္လုပ္ႏုိင္ဖို႔ အရမ္း အေရးႀကီးပါတယ္။ ဒီလို ထုတ္လုပ္ႏုိင္ျခင္းအားျဖင့္ မိတ္ဖက္ေတြနဲ႔ ပိုမိုလုပ္လုပ္ႏုိင္မွာ ျဖစ္ၿပီး Chip ေတြကို ေရာင္းခ်ႏုိင္မွာပါလို႔ သူက ေျပာပါတယ္။ Chip ကုမၸဏီေတြက သံုးစြဲသူေတြ အႀကိဳက္ကို သိပ္မသိပါဘူး။ OPPO က သူတို႔ ေဖာက္သည္ေတြ လိုအပ္ခ်က္နဲ႔ ကိုက္ညီေအာင္ ကိုယ္ပိုင္ Chip ေတြ ထုတ္လုပ္ခ်င္ေနတာပါ။

Ref : gizmochina