[Zawgyi]

Oppo ရဲ႕ Vice President ျဖစ္သူ Shen Yiren Brian က မ်ိဴးဆက္သစ္ Oppo စမတ္ဖုန္း တစ္လုံးရဲ႕ ဓာတ္ပုံေတြကို အင္တာနက္ေပၚမွာ လႊင့္တင္ၿပီး မွ်ေဝေပးလိုက္ပါတယ္။ ဓာတ္ပုံေတြဟာ အဆိုပါ စမတ္ဖုန္းမွာ အသုံးျပဳထားတဲ့ Display ကို အသားေပး ေဖာ္ျပထားတာျဖစ္ၿပီး၊ ေဘးေဘာင္ေတြ မပါဘူးလို႔ ထင္ရေလာက္တဲ့ ပုံစံမ်ိဴးကို ျမင္ေတြ႕ရပါတယ္။

အဲ့ဒီလိုမ်ိဴး ထင္ေစရတဲ့ အေၾကာင္းအရင္းကေတာ့ Display ကို ေဘးေဘာင္ေနရာေတြ အထိ ဖုံးအုပ္ေကြးၫႊတ္ထားလို႔ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ေဘးေဘာင္ေပ်ာက္ဒီဇိုင္းမ်ိဴး ျဖစ္ေနတာပါ။ ေတာ္ေတာ္ေလး လန္းပါတယ္။ Display ရဲ႕ နာမည္ကိုေတာ့ “Waterfall Screen” ဆိုၿပီး Oppo က ကင္ပြန္းတပ္ထားပါတယ္။ ေဘးေဘာင္ေနရာေတြမွာ Display ေရာက္လာၿပီဆိုေတာ့ Power Button နဲ႔ Volume Button ေတြကို ဘယ္နားသြားထားမလဲဆိုတာ ေမးစရာ ရွိလာပါတယ္။

Ice Universe က တြစ္တာမွာ မွ်ေဝလိုက္တဲ့ ဗီဒီယိုထဲကအတိုင္းဆိုရင္ Volume Button ေတြကို ဘယ္နားထားမွန္းမသိေပမယ့္ Power Button ကိုေတာ့ စမတ္ဖုန္းရဲ႕ ထိပ္မွာ ေျပာင္းလဲတပ္ဆင္ထားတာ ေတြ႕ရပါတယ္။ ေနာက္ထပ္ ထူးျခားခ်က္ကေတာ့ အဆိုပါ စမတ္ဖုန္းမွာ Notch ဒါမွမဟုတ္ Punch-hole ပါတာ လုံးဝ မေတြ႕ရပါဘူး။ ဒါ့ေၾကာင့္ ၿပီးခဲ့တဲ့ ရက္ပိုင္းတုန္းက Oppo ထုတ္ျပသြားခဲ့တဲ့ Under-display Camera ကို အသုံးျပဳထားမယ္လို႔ ယူဆရပါတယ္။

တစ္ဖက္မွာလည္း Oppo ရဲ႕ ေနာင္ေတာ္ ကုမၸဏီျဖစ္တဲ့ Vivo က 90% Curved Display နဲ႔ Screen to Body Ratio 100% ေက်ာ္တဲ့ Vivo NEX 3 ကို ထုတ္လုပ္မယ္လို႔ ၿပီးခဲ့တဲ့ ရက္ပိုင္းတုန္းက သတင္းထြက္ထားပါေသးတယ္။ ဒါ့ေၾကာင့္ ေဖာ္ျပပါပုံေတြထဲကလိုမ်ိဴး Display နဲ႔စမတ္ဖုန္းကို သိပ္မၾကာခင္မွာ Oppo ဒါမွမဟုတ္ Vivo ဆီက ျမင္ေတြ႕ရဖို႔ နီးစပ္ေနၿပီလို႔ ေျပာရမွာပါ။

Ref : Xda-developers

[Unicode]

ဘေးဘောင်ပျောက် Display ဒီဇိုင်းနဲ့ စမတ်ဖုန်းကို OPPO ထုတ်ပြ

Oppo ရဲ့ Vice President ဖြစ်သူ Shen Yiren Brian က မျိူးဆက်သစ် Oppo စမတ်ဖုန်း တစ်လုံးရဲ့ ဓာတ်ပုံတွေကို အင်တာနက်ပေါ်မှာ လွှင့်တင်ပြီး မျှဝေပေးလိုက်ပါတယ်။ ဓာတ်ပုံတွေဟာ အဆိုပါ စမတ်ဖုန်းမှာ အသုံးပြုထားတဲ့ Display ကို အသားပေး ဖော်ပြထားတာဖြစ်ပြီး၊ ဘေးဘောင်တွေ မပါဘူးလို့ ထင်ရလောက်တဲ့ ပုံစံမျိူးကို မြင်တွေ့ရပါတယ်။

အဲ့ဒီလိုမျိူး ထင်စေရတဲ့ အကြောင်းအရင်းကတော့ Display ကို ဘေးဘောင်နေရာတွေ အထိ ဖုံးအုပ်ကွေးညွှတ်ထားလို့ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဘေးဘောင်ပျောက်ဒီဇိုင်းမျိူး ဖြစ်နေတာပါ။ တော်တော်လေး လန်းပါတယ်။ Display ရဲ့ နာမည်ကိုတော့ “Waterfall Screen” ဆိုပြီး Oppo က ကင်ပွန်းတပ်ထားပါတယ်။ ဘေးဘောင်နေရာတွေမှာ Display ရောက်လာပြီဆိုတော့ Power Button နဲ့ Volume Button တွေကို ဘယ်နားသွားထားမလဲဆိုတာ မေးစရာ ရှိလာပါတယ်။

Ice Universe က တွစ်တာမှာ မျှဝေလိုက်တဲ့ ဗီဒီယိုထဲကအတိုင်းဆိုရင် Volume Button တွေကို ဘယ်နားထားမှန်းမသိပေမယ့် Power Button ကိုတော့ စမတ်ဖုန်းရဲ့ ထိပ်မှာ ပြောင်းလဲတပ်ဆင်ထားတာ တွေ့ရပါတယ်။ နောက်ထပ် ထူးခြားချက်ကတော့ အဆိုပါ စမတ်ဖုန်းမှာ Notch ဒါမှမဟုတ် Punch-hole ပါတာ လုံးဝ မတွေ့ရပါဘူး။ ဒါ့ကြောင့် ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက Oppo ထုတ်ပြသွားခဲ့တဲ့ Under-display Camera ကို အသုံးပြုထားမယ်လို့ ယူဆရပါတယ်။

တစ်ဖက်မှာလည်း Oppo ရဲ့ နောင်တော် ကုမ္ပဏီဖြစ်တဲ့ Vivo က 90% Curved Display နဲ့ Screen to Body Ratio 100% ကျော်တဲ့ Vivo NEX 3 ကို ထုတ်လုပ်မယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက သတင်းထွက်ထားပါသေးတယ်။ ဒါ့ကြောင့် ဖော်ပြပါပုံတွေထဲကလိုမျိူး Display နဲ့စမတ်ဖုန်းကို သိပ်မကြာခင်မှာ Oppo ဒါမှမဟုတ် Vivo ဆီက မြင်တွေ့ရဖို့ နီးစပ်နေပြီလို့ ပြောရမှာပါ။

Ref : Xda-developers