Honor 30 , Honor 30 Pro နဲ့ Honor 30 Pro+ ကို မကြာခင်က ကြေညာခဲ့ပြီး အခုတော့ တရုတ်မှာ ပထမဆုံး အကြိမ် ရောင်းချပေးလိုက်ပါတယ်။ စက္ကန့်ပိုင်းအတွင်းမှာ ရောင်းကုန်သွားပြီး ကုမ္ပဏီက ယွမ် သန်း ၃၀၀ ဖိုးရောင်းရတယ်လို့ ကြေညာပါတယ်။ အမေရိကန် ဒေါ်လာနဲ့တွက်ရင် ၄၂ သန်းဖိုးကျော် ရှိပါတယ်။ အဲဒီ စမတ်ဖုန်းတွေရဲ့ဈေးနဲ့တွက်ကြည့်ရင် အလုံးရေ ၅၄,၀၀၀ ကနေ ၁၀၀,၀၀၀ အတွင်း ရောင်းချရနိုင်ပါတယ်။

အဲဒီ စမတ်ဖုန်းတွေဟာ စွမ်းဆောင်ရည်မြင့် အမျိုးအစားတွေ ဖြစ်ပြီး ပြီးခဲ့တဲ့ ၁ ပတ်က ကြေညာခဲ့တာ ဖြစ်ပါတယ်။ ရိုးရိုး Honor 30 ဟာ ဈေး အသက်သာဆုံး ဖြစ်ပြီး တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၂,၉၉၉ ယွမ် သတ်မှတ်ထားပါတယ်။ မြန်မာငွေနဲ့တွက်ရင် ၆ သိန်းလောက်ရှိပြီး Kirin 985 Chipset အသစ် မောင်းနှင်ထားပါတယ်။

Honor 30 Pro နဲ့ Honor 30 Pro+ မှာ အလန်းစား 50MP Main ကင်မရာ တပ်ဆင်ထားပြီး ကြိုးမဲ့အားသွင်း နည်းပညာ ထည့်ထားပါတယ်။ မျက်နှာပြင်ရဲ့ Refresh Rate မြင့်မားတဲ့အတွက် ဂိမ်း ကစားရင်၊ ဖုန်း သုံးရင် အရမ်း မြန်ဆန်သွက်လက်မှာပါ။ Honor 30 Pro ရဲ့ 8/128GB ကို ၃,၉၉၉ ယွမ်နဲ့ 8/256GB ကို ၄,၃၉၉ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၈ သိန်းနဲ့ ၈ သိန်း ၈ သောင်းလောက် အသီးသီး ရှိပါတယ်။

Honor 30 Pro+ ရဲ့ 8/256GB ကို ၄,၉၉၉ ယွမ်နဲ့ 12/256GB ကို ၅,၄၉၉ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၁၀ သိန်းနဲ့ ၁၁ သိန်းလောက် ကျသင့်မှာ ဖြစ်ပါတယ်။

Ref : gsmarena