[Unicode]

Canalys ရဲ့ အစီရင်ခံစာအရ PC ဈေးကွက်ဟာ ရှစ်နှစ်တာ ကာလအတွင်းမှာ ပထမဦးဆုံးအကြိမ်အဖြစ် တိုးတက်မှုတွေဖြစ်ပေါ်လာတယ်လို့ သိရပါတယ်။ တစ်နှစ်တာလုံးအတိုင်းအတာနဲ့ တိုးတက်လာတာဖြစ်လို့ စံချိန်လည်း တင်သွားခဲ့ရပါတယ်။

အချက်အလက်နဲ့ပြောမယ်ဆိုရင်တော့ ၂၀၁၉ ခုနှစ်တစ်နှစ်တာအတွင်း ယူနစ်ပေါင်း ၂၆၈.၁ သန်းကို တင်ပို့ရောင်းချခဲ့ရတာ ဖြစ်ပါတယ်။ ဒီပမာဏဟာ ၂၀၁၈ ခုနှစ်တုန်းကရောင်းချခဲ့တာထက် ၁.၇ ရာခိုင်နှုန်း ပိုများပါတယ်။ Desktop တွေ၊ Notebook တွေ အများဆုံးရောင်းချနိုင်ခဲ့ကြတဲ့ အမှတ်တံဆိပ် သုံးမျိုးကတော့ Lenovo, HP နဲ့ Dell တို့ဖြစ်ကြပါတယ်။

Lenovo ကတော့ ယူနစ် ၆၄.၈ သန်းတင်ပို့ရောင်းချနိုင်ခဲ့ပြီး ၈.၆ ရာခိုင်နှုန်း တိုးတက်ခဲ့ပါတယ်။ HP ကတော့ ၄.၇ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး Lenovo နဲ့ နီးနီးကပ်ကပ် ဖြစ်ခဲ့ပါတယ်။ Dell ကတော့ ယူနစ်ပေါင်း ၄၆.၅သန်း တင်ပို့ရောင်းချနိုင်ခဲ့ပြီး တတိယနေရာကို ရောက်ရှိခဲ့သလို တိုးတက်မှုနှုန်းကလည်း ၅.၃ ရာခိုင်နှုန်း ဖြစ်ခဲ့ပါတယ်။ Apple ကတော့ ယူနစ်ပေါင်း ၁၉.၁ သန်းတင်ပို့ရောင်းချနိုင်ခဲ့ပြီး ၃.၃ ရာခိုင်နှုန်း တိုးတက်ခဲ့ပါတယ်။ Acer ကတော့ ယူနစ်ပေါင်း ၁၇ သန်း တင်ပို့ရောင်းချခဲ့ပြီး ပဉ္စမနေရာမှာ ရပ်တည်နိုင်တယ်ဆိုပေမယ့် ၅.၃ ရာခိုင်နှုန်း ကျဆင်းခဲ့တာ ဖြစ်ပါတယ်။

PC ရောင်းအားအများဆုံးဟာ အားလပ်ရက်တွေမှာဖြစ်တယ်လို့ Canalys က လေ့လာသုံးသပ်သူ Ishan Dutt က ဆိုပါတယ်။ “တတိယသုံးလပတ်မှာ ဈေးကွက်က စံချိန်တင်တိုးတက်လာကြောင်း၊ ထောက်ပံ့ရေးကွင်းဆက်ပြဿနာတွေ ရှိနေပေမယ့် ၂၀၂၀ မှာလည်း ဒီပမာဏကို ဆက်ပြီးထိန်းထားဖို့ ကြိုးစားနေကြကြောင်း၊ ဒီအတွက် OEMs တွေနဲ့ SMBs တွေ ပိုပြီးအဆင့်မြင့်လာနိုင်တဲ့ အခွင့်အလမ်းတွေ ဖြစ်ပေါ်လာနိုင်ကြောင်း” ကိုလည်း Dutt က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

Ref: Gizmochina

[Zawgyi]

ရွစ္ႏွစ္အတြင္းမွာ ပထမဦးဆုံးအႀကိမ္အျဖစ္ ျပန္လည္ဦးေမာ့လာတဲ့ PC ေဈးကြက္

Canalys ရဲ႕ အစီရင္ခံစာအရ PC ေဈးကြက္ဟာ ရွစ္ႏွစ္တာ ကာလအတြင္းမွာ ပထမဦးဆုံးအႀကိမ္အျဖစ္ တိုးတက္မႈေတြျဖစ္ေပၚလာတယ္လို႔ သိရပါတယ္။ တစ္ႏွစ္တာလုံးအတိုင္းအတာနဲ႔ တိုးတက္လာတာျဖစ္လို႔ စံခ်ိန္လည္း တင္သြားခဲ့ရပါတယ္။

အခ်က္အလက္နဲ႔ေျပာမယ္ဆိုရင္ေတာ့ ၂၀၁၉ ခုႏွစ္တစ္ႏွစ္တာအတြင္း ယူနစ္ေပါင္း ၂၆၈.၁ သန္းကို တင္ပို႔ေရာင္းခ်ခဲ့ရတာ ျဖစ္ပါတယ္။ ဒီပမာဏဟာ ၂၀၁၈ ခုႏွစ္တုန္းကေရာင္းခ်ခဲ့တာထက္ ၁.၇ ရာခိုင္ႏႈန္း ပိုမ်ားပါတယ္။ Desktop ေတြ၊ Notebook ေတြ အမ်ားဆုံးေရာင္းခ်ႏိုင္ခဲ့ၾကတဲ့ အမွတ္တံဆိပ္ သုံးမ်ိဳးကေတာ့ Lenovo, HP နဲ႔ Dell တို႔ျဖစ္ၾကပါတယ္။

Lenovo ကေတာ့ ယူနစ္ ၆၄.၈ သန္းတင္ပို႔ေရာင္းခ်ႏိုင္ခဲ့ၿပီး ၈.၆ ရာခိုင္ႏႈန္း တိုးတက္ခဲ့ပါတယ္။ HP ကေတာ့ ၄.၇ ရာခိုင္ႏႈန္းတိုးတက္ခဲ့ၿပီး Lenovo နဲ႔ နီးနီးကပ္ကပ္ ျဖစ္ခဲ့ပါတယ္။ Dell ကေတာ့ ယူနစ္ေပါင္း ၄၆.၅သန္း တင္ပို႔ေရာင္းခ်ႏိုင္ခဲ့ၿပီး တတိယေနရာကို ေရာက္ရွိခဲ့သလို တိုးတက္မႈႏႈန္းကလည္း ၅.၃ ရာခိုင္ႏႈန္း ျဖစ္ခဲ့ပါတယ္။ Apple ကေတာ့ ယူနစ္ေပါင္း ၁၉.၁ သန္းတင္ပို႔ေရာင္းခ်ႏိုင္ခဲ့ၿပီး ၃.၃ ရာခိုင္ႏႈန္း တိုးတက္ခဲ့ပါတယ္။ Acer ကေတာ့ ယူနစ္ေပါင္း ၁၇ သန္း တင္ပို႔ေရာင္းခ်ခဲ့ၿပီး ပၪၥမေနရာမွာ ရပ္တည္ႏိုင္တယ္ဆိုေပမယ့္ ၅.၃ ရာခိုင္ႏႈန္း က်ဆင္းခဲ့တာ ျဖစ္ပါတယ္။

PC ေရာင္းအားအမ်ားဆုံးဟာ အားလပ္ရက္ေတြမွာျဖစ္တယ္လို႔ Canalys က ေလ့လာသုံးသပ္သူ Ishan Dutt က ဆိုပါတယ္။ “တတိယသုံးလပတ္မွာ ေဈးကြက္က စံခ်ိန္တင္တိုးတက္လာေၾကာင္း၊ ေထာက္ပံ့ေရးကြင္းဆက္ျပႆနာေတြ ရွိေနေပမယ့္ ၂၀၂၀ မွာလည္း ဒီပမာဏကို ဆက္ၿပီးထိန္းထားဖို႔ ႀကိဳးစားေနၾကေၾကာင္း၊ ဒီအတြက္ OEMs ေတြနဲ႔ SMBs ေတြ ပိုၿပီးအဆင့္ျမင့္လာႏိုင္တဲ့ အခြင့္အလမ္းေတြ ျဖစ္ေပၚလာႏိုင္ေၾကာင္း” ကိုလည္း Dutt က ထည့္သြင္းေျပာဆိုခဲ့ပါတယ္။

Ref: Gizmochina