အခုနောက်ပိုင်းမှာ NFT တွေဟာ ခေတ်စားလာပြီဖြစ်ပြီး အထူးသဖြင့် Digital Artist တွေအတွက် ကိုယ့်ဖန်တီးမှုတွေကို အဆင်ပြေဆုံးရောင်းချနိုင်စေမှာဖြစ်ပါတယ်။ အခုလည်း Adobe ကနေ Artist တွေအတွက် NFT ပြုလုပ်ဖို့ကို သီးသန့် Software မလိုအပ်ဘဲ Photoshop မှာပဲ အသုံးပြုနိုင်စေတော့မှာဖြစ်ပါတယ်။

အဆိုပါသတင်းကို Adobe ရဲ့ Chief Product Officer ဖြစ်တဲ့ Scott Belsky ကနေ Decoder နဲ့ Interview မှာပြောကြားခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ပြောကြားချက်အရတော့ Adobe Photoshop မှာပြုလုပ်တဲ့ Design တွေအတွက် “Prepare as NFT” ဆိုပြီး Option ရရှိလာမှာဖြစ်ပါတယ်။

Prepare as NFT Feature ဟာ ယခုလကုန်ပိုင်းမှာ Preview အနေနဲ့ရရှိလာမှာဖြစ်ပြီး Belsky ရဲ့ ပြောကြားချက်အရတော့ ကိုယ့်ရဲ့ Content Credential တွေကို IPFS (InterPlanetary File System) အနေနဲ့ သိမ်းဆည်းပေးမှာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ System ဟာ ကုမ္ပဏီတစ်ခုတည်းကနေ Data တွေကို သိမ်းဆည်းတဲ့အစား Decentralized System တစ်ခုဖြစ်တာကြောင့် ပိုပြီးလုံခြုံစေမှာဖြစ်ပါတယ်။

Adobe ရဲ့ ပြောကြားချက်အရတော့ အဆိုပါ Content Credential တွေဟာ နာမည်ကြီး NFT Marketplace တွေဖြစ်တဲ့ OpenSea ၊ Rarible ၊ KnownOrigin နဲ့ SuperRare လိုမျိုး Marketplace တွေကိုလည်း Integrate လုပ်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ အခုလိုမျိုး NFT ကို ပြုလုပ်ဖို့လွယ်ကူလာတာကြောင့် နောက်ပိုင်းမှာ NFT စျေးကွက်က ပိုပြီး ကျယ်ပြန့်လာမှာဖြစ်ပါတယ်။

Ref – The Verge