Google Pixel Watch ဟာ သတင်းများစွာ ပေါက်ကြားနေတဲ့ နာမည်ကြီး စမတ်နာရီ ဖြစ်ပြီး WearOS ကို နှစ်သက်သူတွေအတွက် ရွေးချယ်စရာ ဖြစ်လာမှာပါ။ အခုတော့ 9to5Google က Pixel Watch ရဲ့ ဘက်ထရီ သက်တမ်းနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို မျှဝေလိုက်ပါတယ်။

Pixel Watch will reportedly last “up to a day” on a charge

9to5Google က Google Pixel Watch ဟာ တစ်ခါ အားအပြည့်သွင်းထားရင် တစ်ရက် အသုံးခံမယ်လို့ ပြောပါတယ်။ အဲဒီ စမတ်နာရီကို မကြေညာရသေးတဲ့အတွက် အခု ဘက်ထရီ သက်တမ်းဟာ အတည်မဖြစ်သေးပါဘူး။ Pixel Watch ကို ကြေညာတဲ့အချိန်မှာ ဘက်ထရီ သက်တမ်း ပိုကောင်းလာနိုင်ပါတယ်။

Source: Pixel Watch battery life expected to last a day - alpes-holidays

ပေါက်ကြားသတင်းတွေအရ Google Pixel Watch မှာ 300mAh ဘက်ထရီ ပါလာနိုင်ပြီး ဒါဟာ အခြေခံ မော်ဒယ်ရဲ့ ဘက်ထရီ ပမာဏ ဖြစ်နိုင်ပါတယ်။ LTE Version ရဲ့ ဘက်ထရီ ပမာဏကို မသိရသေးပါဘူး။ Pixel Watch မှာ ၂၀၁၈ ခုနှစ်ထုတ် 10nm Process နဲ့ တည်ဆောက်ထားတဲ့ Exynos 9110 Chipset ကို အသုံးပြုထားမယ်လို့ ဒီလထဲမှာ သတင်းထွက်ခဲ့ပါတယ်။ Samsung Galaxy Watch Active2 မှာ ထည့်ထားတဲ့ Chipset နဲ့ တူညီမှာပါ။

ဘက်ထရီ သက်တမ်း တစ်ရက် ခံတာဟာ ခေတ်ပေါ်  WearOS Device တွေရဲ့ လုပ်ဆောင်ချက်လို့ ပြောနိုင်ပါတယ်။ Gen 6 Fossil Watches ဟာလည်း ဘက်ထရီ သက်တမ်း တစ်ရက် ခံပါတယ်။ TicWatch Pro 3 ဆိုရင် ဘက်ထရီ သက်တမ်း ၃ ရက်တောင် ခံပါတယ်။

Google Pixel Watch ကို Pixel 7 , Pixel 7 Pro တို့နဲ့အတူ ဒီနှစ် နှောင်းပိုင်းမှာ ကြေညာနိုင်ပါတယ်။

Ref : gsmarena