Zawgyi

Google အေနနဲ႔ သူတို႔ရဲ႕ ကိုယ္ပိုင္ ဗီဒီယို ပလက္ေဖာင္း တစ္ခုျဖစ္တဲ့ YouTube မွာ HDR Playback ကို လြန္ခဲ့တဲ့ တစ္ႏွစ္ေက်ာ္က ေထာက္ပံ့ေပးခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း HDR Playback က စမတ္ဖုန္းတိုင္းမွာ ၾကည့္ရႈ႕ႏိုင္မွာ မဟုတ္ဘဲ သတ္မွတ္ထားတဲ့ စမတ္ဖုန္း တခ်ိဴ႕မွာသာ ၾကည့္ရႈ႕ႏိုင္မွာပါ။

QHD Display ကို အသုံးျပဳခဲ့တဲ့ Google စမတ္ဖုန္းေတြရဲ႕ ဒုတိယမ်ိဴးဆက္ Pixel 2 XL နဲ႔ တျခား High-end စမတ္ဖုန္းေတြမွာေတာ့ Performance ျပႆနာေတြေၾကာင့္ 1080p 60fps (frame per second) HDR Playback ကိုသာ ေထာက္ပံ့ထားပါတယ္။ တခ်ိဴ႕ေသာ Pixel 2 XL ပိုင္ရွင္ေတြကေတာ့ သူတို႔ေတြရဲ႕ ဖုန္းမွာ 1080p HDR ဗီဒီယိုေတြကို 30fps နဲ႔သာ ၾကည့္ရႈ႕လို႔ ရေၾကာင္း ျပန္လည္ တုန္႔ျပန္ ေျပာဆိုထားတာလည္း ေတြ႕ရပါတယ္။

ဒီေန႔မွာေတာ့ Pixel 3 XL ေတြမွာ 1440p HDR ဗီဒီယိုေတြကို 60fps နဲ႔ ၾကည့္ရႈ႕ႏိုင္ဖို႔အတြက္ Google က ေထာက္ပံ့ေပးထားေၾကာင္း Reddit User တစ္ေယာက္ရဲ႕ ေျပာၾကားခ်က္မ်ားအရ သိရပါတယ္။ Google Pixel 3 မွာေတာ့ Display က 1080p ဗီဒီယိုေတြအတြက္သာ ေထာက္ပံ့ေပးထားတဲ့အတြက္ 1080p HDR ဗီဒီယိုေတြကို 60fps နဲ႔သာ ၾကည့္ရႈႏိုင္မွာပါ။

ကြၽန္ေတာ့ရဲ႕ Personal အျမင္အရ Pixel 3 XL ကို အလြန္ အင္မတန္ ႐ုပ္ဆိုးတဲ့ Notch ႀကီးေၾကာင့္ မႀကိဳက္ခဲ့ေပမယ့္၊ တကယ့္ တကယ္မွာေတာ့ Pixel 3 XL ရဲ႕ Display Quality က Pixel 3 ထက္ အမ်ားႀကီး သာလြန္ေကာင္းမြန္ေနတာကို ေတြ႕ရပါတယ္။ အလားတူ Display အရည္အေသြးေတြကို စမ္းသပ္ စစ္ေဆးေပးေနတဲ့ Display Mate ကလည္း Pixel 3 XL ရဲ႕ Display ကို အေကာင္းဆုံး စမတ္ဖုန္း Display ေတြထဲက တစ္ခုအျဖစ္ သတ္မွတ္ထားပါတယ္။ ဒီအတိုင္းသာ ဆိုရင္ေတာ့ “မခ်စ္ေသာ္လည္း ေအာင့္ကာနမ္း” ဆိုသလိုပဲ Pixel 3 XL ရဲ႕ Notch ႀကီးကို သေဘာမက်ေပမယ့္ Display Quality ကို ႏွစ္သက္မိတာေၾကာင့္ Pixel 3 XL ကို ႀကိတ္မွိတ္နမ္းရေတာ့ မလိုလို ျဖစ္ေနပါၿပီ။

Ref: Android Authority

Unicode

1440p HDR ဗီဒီယိုတွေကို 60fps နဲ့ ကြည့်ရှု့နိုင်မယ့် Google Pixel 3 XL

Google အနေနဲ့ သူတို့ရဲ့ ကိုယ်ပိုင် ဗီဒီယို ပလက်ဖောင်း တစ်ခုဖြစ်တဲ့ YouTube မှာ HDR Playback ကို လွန်ခဲ့တဲ့ တစ်နှစ်ကျော်က ထောက်ပံ့ပေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း HDR Playback က စမတ်ဖုန်းတိုင်းမှာ ကြည့်ရှု့နိုင်မှာ မဟုတ်ဘဲ သတ်မှတ်ထားတဲ့ စမတ်ဖုန်း တချိူ့မှာသာ ကြည့်ရှု့နိုင်မှာပါ။

QHD Display ကို အသုံးပြုခဲ့တဲ့ Google စမတ်ဖုန်းတွေရဲ့ ဒုတိယမျိူးဆက် Pixel 2 XL နဲ့ တခြား High-end စမတ်ဖုန်းတွေမှာတော့ Performance ပြဿနာတွေကြောင့် 1080p 60fps (frame per second) HDR Playback ကိုသာ ထောက်ပံ့ထားပါတယ်။ တချိူ့သော Pixel 2 XL ပိုင်ရှင်တွေကတော့ သူတို့တွေရဲ့ ဖုန်းမှာ 1080p HDR ဗီဒီယိုတွေကို 30fps နဲ့သာ ကြည့်ရှု့လို့ ရကြောင်း ပြန်လည် တုန့်ပြန် ပြောဆိုထားတာလည်း တွေ့ရပါတယ်။

ဒီနေ့မှာတော့ Pixel 3 XL တွေမှာ 1440p HDR ဗီဒီယိုတွေကို 60fps နဲ့ ကြည့်ရှု့နိုင်ဖို့အတွက် Google က ထောက်ပံ့ပေးထားကြောင်း Reddit User တစ်ယောက်ရဲ့ ပြောကြားချက်များအရ သိရပါတယ်။ Google Pixel 3 မှာတော့ Display က 1080p ဗီဒီယိုတွေအတွက်သာ ထောက်ပံ့ပေးထားတဲ့အတွက် 1080p HDR ဗီဒီယိုတွေကို 60fps နဲ့သာ ကြည့်ရှုနိုင်မှာပါ။

ကျွန်တော့ရဲ့ Personal အမြင်အရ Pixel 3 XL ကို အလွန် အင်မတန် ရုပ်ဆိုးတဲ့ Notch ကြီးကြောင့် မကြိုက်ခဲ့ပေမယ့်၊ တကယ့် တကယ်မှာတော့ Pixel 3 XL ရဲ့ Display Quality က Pixel 3 ထက် အများကြီး သာလွန်ကောင်းမွန်နေတာကို တွေ့ရပါတယ်။ အလားတူ Display အရည်အသွေးတွေကို စမ်းသပ် စစ်ဆေးပေးနေတဲ့ Display Mate ကလည်း Pixel 3 XL ရဲ့ Display ကို အကောင်းဆုံး စမတ်ဖုန်း Display တွေထဲက တစ်ခုအဖြစ် သတ်မှတ်ထားပါတယ်။ ဒီအတိုင်းသာ ဆိုရင်တော့ “မချစ်သော်လည်း အောင့်ကာနမ်း” ဆိုသလိုပဲ Pixel 3 XL ရဲ့ Notch ကြီးကို သဘောမကျပေမယ့် Display Quality ကို နှစ်သက်မိတာကြောင့် Pixel 3 XL ကို ကြိတ်မှိတ်နမ်းရတော့ မလိုလို ဖြစ်နေပါပြီ။

Ref: Android Authority