[Zawgyi]

Google Pixel 4 ရဲ႕ သတင္းအခ်က္အလက္ေတြေတာ့ အားလံုးနီးပါး ေပါက္ၾကားထြက္ေပၚေနပါၿပီ။ အခုေတာ့ Google ရဲ႕ Chromebook Laptop အသစ္ရဲ႕ Hand-on Article နဲ႔ Video ကို 9to5Google က မွ်ေ၀လိုက္ပါတယ္။ Laptop ရဲ႕ နာမည္က Pixelbook Go ျဖစ္ၿပီး အခုထြက္ေပၚလာတာက နမူနာေမာ္ဒယ္ ျဖစ္ပါတယ္။ အဲဒီအတြက္ ဖိုင္နယ္ ေမာ္ဒယ္မွာ Features ေတြ ေျပာင္းလဲသြားႏိုင္ပါတယ္။

Pixelbook Go မွာ ဒီဇိုင္း အသစ္ကို သံုးထားၿပီး ေအာက္ေျခကလည္း ကိုင္တြယ္လို႔ ၿမဲျမံတာက မိုက္ပါတယ္။ 9to5Google ရဲ႕ နမူနာေမာ္ဒယ္ ေအာက္ေျခဟာ မ်ဥ္းေၾကာင္းေတြ ပါၿပီး က်န္တဲ့ အစိတ္အပိုင္းေတြက Pixel 2 မွာလို ႏူးညံ့တဲ့ အထိအေတြ႕ကို ခံစားရတယ္လို႔ ဆိုပါတယ္။ သတၱဳ ကိုယ္ထည္လား ၊ ပလတ္စတစ္ ကိုယ္ထည္လားဆိုတာကိုေတာ့ မေျပာသြားပါဘူး။ သတၱဳကိုယ္ထည္ ျဖစ္မယ္လို႔ ထင္ရပါတယ္။

Laptop အဖံုးကုိ ဖြင့္လိုက္တဲ့ အခါမွာ ကီးဘုတ္ ခလုတ္ေတြဟာ လံုး၀န္းတာကို ျမင္ရပါတယ္။ မ်က္ႏွာျပင္ရဲ႕ အထက္နဲ႔ ေအာက္က ေဘာင္ေတြ ထူေနတာကေတာ့ သိပ္မမိုက္ပါဘူး။ ကီးဘုတ္က ပထမမ်ိဳးဆက္ Pixelbook ထက္ ပိုေကာင္းလာမယ္လို႔ ထင္ပါတယ္။ Trackpad က သိပ္ၿပီး မထူးျခားလာပါဘူး။

Pixelbook Go အတြက္ ေမာ္ဒယ္ မ်ားစြာ ထုတ္လုပ္ေပးထားႏုိင္ပါတယ္။ Full HD Touchscreen , 8GB RAM နဲ႔ Intel Core M3 ေတြကို အခုေမာ္ဒယ္မွာ ထည့္သြင္းထားပါတယ္။ 4K Display , Intel Core i7 , 16GB RAM နဲ႔ 256GB Storage အထိ ထုတ္လုပ္ေပးထားႏုိင္ပါတယ္။ Headphone Jack နဲ႔ USB-C Port ၂ ခု ပါပါတယ္။ လက္ေဗြရာ ကိရိယာနဲ႔ ဒစ္ဂ်စ္တယ္ ေဘာပင္ေတာ့ မပါလာပါဘူး။ လာမယ့္ ၁ ပတ္မွာ ေၾကညာေတာ့မွာပါ။

Ref : tnw

[Unicode]

Pixelbook Go Laptop ရဲ့ Hand-on Video ထွက်ပေါ်လာ

Google Pixel 4 ရဲ့ သတင်းအချက်အလက်တွေတော့ အားလုံးနီးပါး ပေါက်ကြားထွက်ပေါ်နေပါပြီ။ အခုတော့ Google ရဲ့ Chromebook Laptop အသစ်ရဲ့ Hand-on Article နဲ့ Video ကို 9to5Google က မျှဝေလိုက်ပါတယ်။ Laptop ရဲ့ နာမည်က Pixelbook Go ဖြစ်ပြီး အခုထွက်ပေါ်လာတာက နမူနာမော်ဒယ် ဖြစ်ပါတယ်။ အဲဒီအတွက် ဖိုင်နယ် မော်ဒယ်မှာ Features တွေ ပြောင်းလဲသွားနိုင်ပါတယ်။

Pixelbook Go မှာ ဒီဇိုင်း အသစ်ကို သုံးထားပြီး အောက်ခြေကလည်း ကိုင်တွယ်လို့ မြဲမြံတာက မိုက်ပါတယ်။ 9to5Google ရဲ့ နမူနာမော်ဒယ် အောက်ခြေဟာ မျဉ်းကြောင်းတွေ ပါပြီး ကျန်တဲ့ အစိတ်အပိုင်းတွေက Pixel 2 မှာလို နူးညံ့တဲ့ အထိအတွေ့ကို ခံစားရတယ်လို့ ဆိုပါတယ်။ သတ္တု ကိုယ်ထည်လား ၊ ပလတ်စတစ် ကိုယ်ထည်လားဆိုတာကိုတော့ မပြောသွားပါဘူး။ သတ္တု ကိုယ်ထည် ဖြစ်မယ်လို့ ထင်ရပါတယ်။

Laptop အဖုံးကို ဖွင့်လိုက်တဲ့ အခါမှာ ကီးဘုတ် ခလုတ်တွေဟာ လုံးဝန်းတာကို မြင်ရပါတယ်။ မျက်နှာပြင်ရဲ့ အထက်နဲ့ အောက်က ဘောင်တွေ ထူနေတာကတော့ သိပ်မမိုက်ပါဘူး။ ကီးဘုတ်က ပထမမျိုးဆက် Pixelbook ထက် ပိုကောင်းလာမယ်လို့ ထင်ပါတယ်။ Trackpad က သိပ်ပြီး မထူးခြားလာပါဘူး။

Pixelbook Go အတွက် မော်ဒယ် များစွာ ထုတ်လုပ်ပေးထားနိုင်ပါတယ်။ Full HD Touchscreen , 8GB RAM နဲ့ Intel Core M3 တွေကို အခုမော်ဒယ်မှာ ထည့်သွင်းထားပါတယ်။ 4K Display , Intel Core i7 , 16GB RAM နဲ့ 256GB Storage အထိ ထုတ်လုပ်ပေးထားနိုင်ပါတယ်။ Headphone Jack နဲ့ USB-C Port ၂ ခု ပါပါတယ်။ လက်ဗွေရာ ကိရိယာနဲ့ ဒစ်ဂျစ်တယ် ဘောပင်တော့ မပါလာပါဘူး။ လာမယ့် ၁ ပတ်မှာ ကြေညာတော့မှာပါ။

Ref : tnw