Zawgyi

လက္ရွိအိမ္တြင္းေဖ်ာ္ေျဖေရးက႑ရဲ႕ ကြန္ဆုိးဂိမ္းစက္ေစ်းကြက္မွာ အႀကီးဆုံးကုမၸဏီတစ္ခုျဖစ္တဲ့ Sony ဟာ သူတုိ႔ရဲ႕ ပၪၥမေျမာက္မ်ဳိးဆက္ကြန္ဆုိးသစ္ကို PlayStation 5 လို႔ပဲ ဆက္လက္အမည္ေပးသြားမယ္လုိ႔ အတည္ျပဳခဲ့ၿပီး ၂၀၂၀ ခုႏွစ္ရဲ႕ ႏွစ္ကုန္ခါနီး ေဆာင္းရာသီအေရာင္းကာလ အခုလိုအခ်ိန္မွာ ေရာင္းခ်သြားမွာျဖစ္ပါတယ္။

PS5 လို႔အတုိေကာက္ေခၚရမယ့္ PlayStation 5 ဟာ ခါတုိင္းမ်ဳိးဆက္သစ္တစ္ခုထြက္ရင္ ဂရပ္ဖစ္ရုပ္ထြက္ပုိင္းကို အဓိကေျပာင္းလဲတာထက္ပုိၿပီး Console ဂိမ္းစက္ရဲ႕ ရႈေထာင့္ေတြကို ျပန္လည္သုံးသပ္ကာ ပုံစံေျပာင္းလဲျမွင့္တင္လာမယ္ လို႔လည္း ဆုိထားပါတယ္။

အရင္ဆုံး Sony ဟာ PS5 ရဲ႕ Storage ပုိင္းကို ေျပာင္းလဲမွာျဖစ္ၿပီး SSD Storage အသစ္က ဂိမ္းေတြကို Boot တက္တာ ပိုျမန္ေစကာ Loading အခ်ိန္ကို ေလွ်ာ့ခ်ေပးမွာျဖစ္ပါတယ္။ ဒါ့အျပင္ ဂိမ္းေတြကို Install ျပဳလုပ္ထည့္သြင္းတဲ့ အပုိင္းမွာလည္း ပုံမွန္အတုိင္း ဂိမ္းတစ္ခုလုံးကို ထည့္သြင္းရတာထက္ Single-Player Campaign သို႔မဟုတ္ Multiplayer Feature ေတြကို သီးသန္႔စီ ခြဲၿပီး ထည့္သြင္းႏုိင္ေစမယ္လို႔ ဆုိလာပါတယ္။

ဒီႏွစ္ဧၿပီလတုန္းက Sony ဟာ လက္ရွိ PS 4 Pro နဲ႔ Console အသစ္မွာပါဝင္မယ့္ SSD တုိ႔ကို လက္ေတြ႕ ႏႈိင္းယွဥ္ျပခဲ့ၿပီး အဆုိပါဗီဒီယိုထဲမွာ PS5 ရဲ႕ Boot တက္ႏႈန္းက အဆမ်ားစြာ ပိုျမန္တာနဲ႔ Open-World ဂိမ္းေတြမွာ လုံးဝ မထစ္တာကို ေတြ႕ခဲ့ရတယ္။

Sony ရဲ႕အထင္ကရ “DualShock” ဂိမ္းလက္ကိုင္ေတြဟာလည္း Evolution တစ္ခုအျဖစ္ ေျပာင္းလဲလာမွာျဖစ္ၿပီး အခုလက္ရွိက်င့္သုံးေနတဲ့ “Rumble” နည္းပညာအစား ဂိမ္းေဆာ့ေနရင္း ပိုမုိသိသာတဲ့ တုန္ခါမႈ Feedback ကို ေျပာင္းလဲေပးမွာျဖစ္ပါတယ္။ ဘာကြာသြားမလဲဆုိရင္ေတာ့ ဂိမ္းလက္ကုိင္တစ္ခုလုံး တုန္ခါေနမယ့္အစား ဘယ္ နဲ႔ ညာ Trigger ေတြမွာ သီးသန္႔စီတုန္ခါတဲ့အတြက္ ဖန္သားျပင္ေပၚကဂိမ္းနဲ႔ပိုလိုက္ေလ်ာညီေထြရွိၿပီး ကိုယ္တကယ္ခံစားေနရသလို အစစ္အမွန္ ပိုဆန္လာမွာပါ။ ဒီလက္ကုိင္ေတြမွာ စပီကာအသစ္ေတြနဲ႔ USB-C Port ေတြပါ ထည့္သြင္းလာမယ္လို႔လည္း ဆုိထားပါတယ္။

ဂိမ္းစက္တစ္ခုရဲ႕ မ်ဳိးဆက္အသစ္ကို ဝင္ေရာက္လာၿပီဆုိရင္ ထုံးစံအတုိင္း ပုိမုိျမင့္မားတဲ့ ဂရပ္ဖစ္ရုပ္ထြက္ကိုလည္း အဆင့္ျမွင့္တင္စျမဲပါ။ PS5 မွာ Ray Tracing စနစ္အစား ဂိမ္းထဲက အလင္းေပးစနစ္ေတြကို ပိုမုိသစ္လြင္တဲ့ နည္းနဲ႔ ခ်ဥ္းကပ္လာဖို႔ ရွိပါတယ္။ ကြန္ဆုိးသစ္ရဲ႕ GPU မွာ နည္းပညာအသစ္ကို ေထာက္ပံ့ေပးႏုိင္မွာျဖစ္ၿပီး AMD က Sony နဲ႔ လက္တြဲကာ ဒီဂိမ္းစက္အသစ္အတြက္ သီးသန္႔ Hardware ထုတ္လုပ္ေပးထားပါတယ္။

ေနာက္ဆုံးအေနနဲ႔ PlayStation အသစ္ဟာ ယခင္ကထက္ Eco-friendly ျဖစ္မယ္လို႔ ဆုိထားပါတယ္။ တကယ္လို႔ PS5 ရဲ႕ Energy-saving Feature ကို ကစားသူတစ္သန္းက အသုံးျပဳခဲ့မယ္ ဆုိရင္ အေမရိကန္ႏုိင္ငံက လူေနအိမ္တစ္ေထာင္ရဲ႕ လွ်ပ္စစ္သုံးစြဲမႈနဲ႔ တူညီတဲ့ ပမာဏကို ေလွ်ာ့ခ်ေပးႏုိင္မယ္လို႔ Sony က ေျပာထားပါတယ္။

Ref – Cnet

Unicode

လက်ရှိအိမ်တွင်းဖျော်ဖြေရေးကဏ္ဍရဲ့ ကွန်ဆိုးဂိမ်းစက်ဈေးကွက်မှာ အကြီးဆုံးကုမ္ပဏီတစ်ခုဖြစ်တဲ့ Sony ဟာ သူတို့ရဲ့ ပဉ္စမမြောက်မျိုးဆက်ကွန်ဆိုးသစ်ကို PlayStation 5 လို့ပဲ ဆက်လက်အမည်ပေးသွားမယ်လို့ အတည်ပြုခဲ့ပြီး ၂၀၂၀ ခုနှစ်ရဲ့ နှစ်ကုန်ခါနီး ဆောင်းရာသီအရောင်းကာလ အခုလိုအချိန်မှာ ရောင်းချသွားမှာဖြစ်ပါတယ်။

PS5 လို့အတိုကောက်ခေါ်ရမယ့် PlayStation 5 ဟာ ခါတိုင်းမျိုးဆက်သစ်တစ်ခုထွက်ရင် ဂရပ်ဖစ်ရုပ်ထွက်ပိုင်းကို အဓိကပြောင်းလဲတာထက်ပိုပြီး Console ဂိမ်းစက်ရဲ့ ရှုထောင့်တွေကို ပြန်လည်သုံးသပ်ကာ ပုံစံပြောင်းလဲမြှင့်တင်လာမယ် လို့လည်း ဆိုထားပါတယ်။

အရင်ဆုံး Sony ဟာ PS5 ရဲ့ Storage ပိုင်းကို ပြောင်းလဲမှာဖြစ်ပြီး SSD Storage အသစ်က ဂိမ်းတွေကို Boot တက်တာ ပိုမြန်စေကာ Loading အချိန်ကို လျှော့ချပေးမှာဖြစ်ပါတယ်။ ဒါ့အပြင် ဂိမ်းတွေကို Install ပြုလုပ်ထည့်သွင်းတဲ့ အပိုင်းမှာလည်း ပုံမှန်အတိုင်း ဂိမ်းတစ်ခုလုံးကို ထည့်သွင်းရတာထက် Single-Player Campaign သို့မဟုတ် Multiplayer Feature တွေကို သီးသန့်စီ ခွဲပြီး ထည့်သွင်းနိုင်စေမယ်လို့ ဆိုလာပါတယ်။

ဒီနှစ်ဧပြီလတုန်းက Sony ဟာ လက်ရှိ PS 4 Pro နဲ့ Console အသစ်မှာပါဝင်မယ့် SSD တို့ကို လက်တွေ့ နှိုင်းယှဉ်ပြခဲ့ပြီး အဆိုပါဗီဒီယိုထဲမှာ PS5 ရဲ့ Boot တက်နှုန်းက အဆများစွာ ပိုမြန်တာနဲ့ Open-World ဂိမ်းတွေမှာ လုံးဝ မထစ်တာကို တွေ့ခဲ့ရတယ်။

Sony ရဲ့အထင်ကရ “DualShock” ဂိမ်းလက်ကိုင်တွေဟာလည်း Evolution တစ်ခုအဖြစ် ပြောင်းလဲလာမှာဖြစ်ပြီး အခုလက်ရှိကျင့်သုံးနေတဲ့ “Rumble” နည်းပညာအစား ဂိမ်းဆော့နေရင်း ပိုမိုသိသာတဲ့ တုန်ခါမှု Feedback ကို ပြောင်းလဲပေးမှာဖြစ်ပါတယ်။ ဘာကွာသွားမလဲဆိုရင်တော့ ဂိမ်းလက်ကိုင်တစ်ခုလုံး တုန်ခါနေမယ့်အစား ဘယ် နဲ့ ညာ Trigger တွေမှာ သီးသန့်စီတုန်ခါတဲ့အတွက် ဖန်သားပြင်ပေါ်ကဂိမ်းနဲ့ပိုလိုက်လျောညီထွေရှိပြီး ကိုယ်တကယ်ခံစားနေရသလို အစစ်အမှန် ပိုဆန်လာမှာပါ။ ဒီလက်ကိုင်တွေမှာ စပီကာအသစ်တွေနဲ့ USB-C Port တွေပါ ထည့်သွင်းလာမယ်လို့လည်း ဆိုထားပါတယ်။

ဂိမ်းစက်တစ်ခုရဲ့ မျိုးဆက်အသစ်ကို ဝင်ရောက်လာပြီဆိုရင် ထုံးစံအတိုင်း ပိုမိုမြင့်မားတဲ့ ဂရပ်ဖစ်ရုပ်ထွက်ကိုလည်း အဆင့်မြှင့်တင်စမြဲပါ။ PS5 မှာ Ray Tracing စနစ်အစား ဂိမ်းထဲက အလင်းပေးစနစ်တွေကို ပိုမိုသစ်လွင်တဲ့ နည်းနဲ့ ချဉ်းကပ်လာဖို့ ရှိပါတယ်။ ကွန်ဆိုးသစ်ရဲ့ GPU မှာ နည်းပညာအသစ်ကို ထောက်ပံ့ပေးနိုင်မှာဖြစ်ပြီး AMD က Sony နဲ့ လက်တွဲကာ ဒီဂိမ်းစက်အသစ်အတွက် သီးသန့် Hardware ထုတ်လုပ်ပေးထားပါတယ်။

နောက်ဆုံးအနေနဲ့ PlayStation အသစ်ဟာ ယခင်ကထက် Eco-friendly ဖြစ်မယ်လို့ ဆိုထားပါတယ်။ တကယ်လို့ PS5 ရဲ့ Energy-saving Feature ကို ကစားသူတစ်သန်းက အသုံးပြုခဲ့မယ် ဆိုရင် အမေရိကန်နိုင်ငံက လူနေအိမ်တစ်ထောင်ရဲ့ လျှပ်စစ်သုံးစွဲမှုနဲ့ တူညီတဲ့ ပမာဏကို လျှော့ချပေးနိုင်မယ်လို့ Sony က ပြောထားပါတယ်။

Ref – Cnet