POCO က တန်ဖိုးနည်း C55 ကို ကြေညာလိုက်ပြီး အခြေခံမော်ဒယ်ဟာ အိန္ဒိယရူပီး ၉,၄၉၉ (၁၁၅ ဒေါ်လာဝန်းကျင်)ပဲ ရှိပါတယ်။ POCO C55 မှာ ၆.၇၁ လက်မ HD+ မျက်နှာပြင် တပ်ဆင်ထားပြီး Panda Glass နဲ့ မျက်နှာပြင်ကို ကာကွယ်ထားပါတယ်။ မျက်နှာပြင် အထက်က အရွယ်သေး Notch မှာ 5MP ဆဲလ်ဖီး ကင်မရာ ၁ လုံး တပ်ဆင်ထားပြီး မျက်နှာပြင်ရဲ့ Refresh Rate က 60Hz နဲ့ Touch Sampling Rate က 120Hz ဖြစ်ပါတယ်။

Poco C55 in its three official colors

POCO C55 ရဲ့ အနောက်ဘက်ကို သားရေနဲ့ ဖုံးအုပ်ထားတဲ့ ဒီဇိုင်း ဖန်တီးထားပြီး တကယ့် သားရေအစစ် မဟုတ်ပါဘူး။ အနောက်ဘက်မှာ 50MP Main နဲ့ 2MP Depth ကင်မရာ ၂ လုံး တပ်ဆင်ထားပါတယ်။ MediaTek Helio G85 Chipset မောင်းနှင်ထားပြီး 4/6GB RAM နဲ့ 64/128GB Storage ထည့်သွင်းထားကာ microSD Card စိုက်နိုင်ပါတယ်။

Poco C55 official with Helio G85 and 50MP main cam

POCO C55 မှာ Android 12 အခြေပြု MIUI 13 မောင်းနှင်ထားပြီး 10W Charging ထောက်ပံ့တဲ့ အရွယ်ကြီး 5,000mAh ဘက်ထရီ တပ်ဆင်ထားပါတယ်။ ဒါပေမယ့် ဒိတ်အောက်နေတဲ့ microUSB Connector ပဲ ပါလာတာက မကောင်းပါဘူး။

POCO C55 အတွက် Cool Blue, Power Black နဲ့ Forest Green အရောင်တွေ ထုတ်လုပ်ထားပြီး 4/64GB Version ကို ၉,၄၉၉ ရူပီးနဲ့ 6/128GB Version ကို ၁၀,၉၉၉ ရူပီး သတ်မှတ်ထားပါတယ်။ အိန္ဒိယမှာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ Flipkart ကနေ ရောင်းချမှာ ဖြစ်ပါတယ်။

Ref : gsmarena