Zawgyi


အခု Pokemon Game ဟာ Pokemon Company ကိုယ်တိုင်နဲ့ Developer DeNA တို့က ထုတ်ထားတာဖြစ်ပြီးတော့ Pre-register လုပ်ဖို့ကိုလည်း Google Play Store နဲ့ App Store အသီးသီးမှာ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။





Ref – Phone Arena

Unicode

အခုအချိန်မှာ Pokemon ချစ်သူတွေအတွက် အကောင်းဆုံး Game တစ်ခုဖြစ်လာမယ့် Pokemon Masters Game ကို အစောဆုံးဆော့ကစားချင်တဲ့သူတွေအတွက် စတင်ပြီး Pre-register ပြုလုပ်ခွင့်ပေးလိုက်ပြီဖြစ်ပါတယ်။

အခု Pokemon Game ဟာ Pokemon Company ကိုယ်တိုင်နဲ့ Developer DeNA တို့က ထုတ်ထားတာဖြစ်ပြီးတော့ ဒီ Pre-register လုပ်ဖို့ကိုလည်း Android ရော iOS Device တွေမှာပါ Google Play Store နဲ့ App Store အသီးသီးမှာ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

ဒီ Pokemon Masters ဂိမ်းက Player အချင်းချင်း 3 Vs 3 Battle တွေ တိုက်ခိုက်ရမှာဖြစ်ပြီးတော့ Pasio နာမည်ရှိတဲ့ Pokemon Masters League တစ်ခုမှာ ဆော့ကစားရမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် Player တွေက ၃ ယောက်စီ Team တစ်ခုစီဖွဲ့ပြီး ကိုယ့်ပြိုင်ဘက်ကို အနိုင်တိုက်ဖို့ လိုအပ်မှာပါ။

လောလောဆယ်မှာတော့ Game Play အသေးစိတ်ကို မသိရှိရသေးပေမယ့် ဒီ Pokemon Masters ဂိမ်းမှာ Co-op Mode ပါဝင်လာမှာဖြစ်ပြီး ကိုယ့်သူငယ်ချင်းတွေကိုပါ ဖိတ်ခေါ်ပြီး ကစားနိုင်ဦးမယ်လို့ သိရပါတယ်။

ဒီ Pokemon Masters ဂိမ်းကို ဆော့ကစားချင်တဲ့ Android User တွေအနေနဲ့ကတော့ ကိုယ့် Android Device က Android 7.0 အနည်းဆုံးနဲ့ 2GB RAM ရှိဖို့ လိုအပ်မှာဖြစ်ပြီးတော့ Developer ဖြစ်တဲ့ DeNA ကတော့ ဖုန်းရဲ့ Specification ပေါ်မူတည်ပြီး တချို့ဖုန်းအနိမ့်တွေမှာတော့ ဆော့ကစားနိုင်ဖို့ ခဲယဉ်းလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

Pokemon Masters ဂိမ်းဟာ လောလောဆယ်မှာတော့ Singapore မှာ Preview အနေနဲ့ ဆော့ကစားနိုင်နေပြီဖြစ်သလို ကျန်တဲ့သူတွေအနေနဲ့ကတော့ နောက်နှစ်အစောပိုင်းမှာ ဆော့ကစားနိုင်ဖို့ရှိနေပါတယ်။

Ref – Phone Arena