Google Play ဟာ သူ့ပလက်ဖောင်းပေါ်က Android Apps တွေကို သုံးစွဲသူမထိခိုက်စေဖို့ စည်းကမ်းသတ်မှတ်ပေးထားပါတယ်။ ဒါပေမဲ့လည်း လျော့တိလျော့ရဲစည်းကမ်းတွေကြောင့် တချို့ App တွေဟာ သုံးစွဲသူရဲ့ Device တွေကို ဆိုးဆိုးရွားရွားထိခိုက်စေတာလည်း ကြုံတွေ့နေရပါတယ်။ ဒီလို သုံးစွဲသူရဲ့ ထိခိုက်နစ်နာမှုနဲ့ပတ်သက်ပြီး Google ဟာ တာဝန်ရှိတယ်ဆိုပေမဲ့ ထိရောက်တဲ့ တုံ့ပြန်မှုတော့ မတွေ့ရပါဘူး။

အခုလည်း Google Play ကနေ Download ရယူပြီး အသုံးပြုနိုင်တယ်ဆိုပေမဲ့ ဒီ Apps တွေကတစ်ဆင့် သုံးစွဲသူအချက်အလက်တွေကို ရယူနိုင်တာ၊ ဖောက်ထွင်းနိုင်တာတွေ ရှိလာနိုင်တယ်လို့ စွပ်စွဲခံထားရတဲ့ App စာရင်း ထွက်ပေါ်လာပြန်ပါပြီ။ ပြဿနာက ဒီ Apps တွေကို Google က သူ့ပလက်ဖောင်းပေါ်မှာ လွှင့်တင်ခွင့်ပြုခဲ့တာပါ။ သုံးစွဲသူတွေက ယုံယုံကြည်ကြည်နဲ့ သုံးမိကြတာက အန္တရာယ်ကို ဖိတ်ခေါ်မိတာနဲ့ အတူတူပါပဲ။

Photo Editor: Beauty Filter
Photo Editor: Retouch and Cutout
Photo Editor: Art Filters
Photo Editor – Design Maker
Photo Editor & Background Eraser
Photo & Exif Editor
Photo Editor – Filters Effects
Photo Filters & Effects
Photo Editor : Blur Image
Photo Editor : Cut, Paste
Emoji Keyboard: Stickers & GIF
Neon Theme Keyboard
Neon Theme – Android Keyboard
Cashe Cleaner
Fancy Charging
FastCleaner: Cashe Cleaner
Call Skins – Caller Themes
Funny Caller
CallMe Phone Themes
InCall: Contact Background
MyCall – Call Personalization
Caller Theme (com.caller.theme.slow)
Caller Theme (com.callertheme.firstref)
Funny Wallpapers – Live Screen
4K Wallpapers Auto Changer
NewScrean: 4D Wallpapers
Stock Wallpapers & Backgrounds
Notes – reminders and lists
Poco Launcher
4K Pro Camera
YouToon – AI Cartoon Effect
Pista – Cartoon Photo Effect
Water Reminder- Tracker & Reminder
Yoga- For Beginner to Advanced
Chat Online

နာမည်ကျော် ဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ Phone Arena ကတော့ အထက်မှာဖော်ပြထားတဲ့ App တွေကို ဖုန်းထဲမှာ ထည့်ထားမိရင် ကိုယ့်ဖာသာကိုယ်ပဲ Uninstall လုပ်လိုက်ပါလို့ အကြံပြု တိုက်တွန်းထားပါတယ်။ ဒီ App တွေနဲ့ ပတ်သက်ပြီး Google က ထိထိရောက်ရောက် ကိုင်တွယ်ပေးမှာမဟုတ်ဘူးဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ တကယ်တမ်းကျတော့ ဒီ App တွေကိုဟာ မရှိမဖြစ် သုံးနေရမဲ့ App တွေလည်း မဟုတ်ပါဘူး။ ဒါကြောင့် လုံခြုံရေးအတွက် ဖျက်ထုတ်လိုက်တာက အကောင်းဆုံးပဲ ဖြစ်ပါလိမ့်မယ်။

Ref: Phone Arena