[Unicode]

PornHub ဟာ “တစ်နှစ်တာပြန်လည်သုံးသပ်ခြင်း” ကို လွန်ခဲ့တဲ့နှစ်အတော်ကြာကတည်းက ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အခုလည်း ၂၀၁၉ ခုနှစ်အတွက် နှစ်ပတ်လည် ပြန်လည်ဆန်းစစ်ခြင်းကို ပြုလုပ်ပြီးသွားပြီဖြစ်ပါတယ်။ ဒီကနေထွက်ပေါ်လာတဲ့ အစီရင်ခံစာပါအချက်အလက်အချို့ဟာ Google က မဖော်ပြတဲ့ အချက်အလက်အချို့ ဖြစ်နေတာကို တွေ့ရပါတယ်။

PornHub ဟာ လူကြိုက်များတဲ့ ဝက်ဘ်ဆိုက်တစ်ခုဖြစ်ပြီး အစီရင်ခံစာအရ Android ဗားရှင်းအစုံနဲ့ ဝင်ရောက်ကြည့်ရှုကြတာကို တွေ့မြင်ရပါတယ်။ Facebook ဒါမှမဟုတ် Wikipedia တို့လို ဆိုက်ကြီးတွေက အချက်အလက်မဝေမျှခဲ့ရင် PornHub ရဲ့ အစီရင်ခံစာအချက်အလက်တွေက အနီးစပ်ဆုံးလို့ ဆိုရမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလကတည်းက Google ဟာ Android ဗားရှင်း ဘယ်လောက်ထိ သုံးစွဲနေကြတုန်းဖြစ်တယ်ဆိုတာကို ဖော်ပြဖို့ ပျက်ကွက်ခဲ့ပါတယ်။ ဒါပေမယ့် အခုအချိန်ထိ Jelly Bean, KitKat ဗားရှင်းတွေ သုံးစွဲနေကြတုန်းဆိုတာကို PornHub ရဲ့ အစီရင်ခံစာက ဖော်ပြနေပါတယ်။ အလားတူပဲ iOS မှာလည်း iOS 9 နဲ့ iOS 10 တွေကို သုံးစွဲသူအနည်းငယ် ရှိနေတုန်းဆိုတာကို ဖော်ပြခဲ့ပါတယ်။

PornHub က ပြသတဲ့အချက်အလက်တွေဟာ Google ကစစ်တမ်းကောက်ထားတာတွေနဲ့တော့ အနည်းငယ်ခြားနားနေပါတယ်။ ဒါပေမယ့် PornHub က သူတို့ရဲ့ ဝက်ဘ်ဆိုက်ထဲကို ဝင်ရောက်ကြည့်ရှုတဲ့ Device တွေရဲ့ OS ဗားရှင်းတွေကို ရယူပြီး တိုင်းတာမှတ်တမ်းတင်ထားတာသာ ဖြစ်ပါတယ်။

PornHub ရဲ့အစီရင်ခံစာက အခုလက်ရှိအသုံးပြုနေသေးတဲ့ Android OS တွေရဲ့ အချက်အလက်ကိုပဲ ပေးတာဖြစ်ပါတယ်။ ဒါကြောင့် ကမ္ဘာအနှံ့အပြားမှာ Android 4.1 နဲ့ 4.4 Version အသုံးပြုနေတဲ့ Device တွေ အတိုင်းအတာတစ်ခုအထိ ကျန်ရှိနေတုန်းပဲဆိုတာကို ဖော်ပြနေတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

Ref: Gizmochina

[Zawgyi]

၂၀၁၉ ခုႏွစ္ Android Stats ကို ေဖာ္ျပလိုက္တဲ့ PornHub

PornHub ဟာ “တစ္ႏွစ္တာျပန္လည္သုံးသပ္ျခင္း” ကို လြန္ခဲ့တဲ့ႏွစ္အေတာ္ၾကာကတည္းက ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။ အခုလည္း ၂၀၁၉ ခုႏွစ္အတြက္ ႏွစ္ပတ္လည္ ျပန္လည္ဆန္းစစ္ျခင္းကို ျပဳလုပ္ၿပီးသြားၿပီျဖစ္ပါတယ္။ ဒီကေနထြက္ေပၚလာတဲ့ အစီရင္ခံစာပါအခ်က္အလက္အခ်ိဳ႕ဟာ Google က မေဖာ္ျပတဲ့ အခ်က္အလက္အခ်ိဳ႕ ျဖစ္ေနတာကို ေတြ႕ရပါတယ္။

PornHub ဟာ လူႀကိဳက္မ်ားတဲ့ ဝက္ဘ္ဆိုက္တစ္ခုျဖစ္ၿပီး အစီရင္ခံစာအရ Android ဗားရွင္းအစုံနဲ႔ ဝင္ေရာက္ၾကည့္ရႈၾကတာကို ေတြ႕ျမင္ရပါတယ္။ Facebook ဒါမွမဟုတ္ Wikipedia တို႔လို ဆိုက္ႀကီးေတြက အခ်က္အလက္မေဝမွ်ခဲ့ရင္ PornHub ရဲ႕ အစီရင္ခံစာအခ်က္အလက္ေတြက အနီးစပ္ဆုံးလို႔ ဆိုရမွာ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ေမလကတည္းက Google ဟာ Android ဗားရွင္း ဘယ္ေလာက္ထိ သုံးစြဲေနၾကတုန္းျဖစ္တယ္ဆိုတာကို ေဖာ္ျပဖို႔ ပ်က္ကြက္ခဲ့ပါတယ္။ ဒါေပမယ့္ အခုအခ်ိန္ထိ Jelly Bean, KitKat ဗားရွင္းေတြ သုံးစြဲေနၾကတုန္းဆိုတာကို PornHub ရဲ႕ အစီရင္ခံစာက ေဖာ္ျပေနပါတယ္။ အလားတူပဲ iOS မွာလည္း iOS 9 နဲ႔ iOS 10 ေတြကို သုံးစြဲသူအနည္းငယ္ ရွိေနတုန္းဆိုတာကို ေဖာ္ျပခဲ့ပါတယ္။

PornHub က ျပသတဲ့အခ်က္အလက္ေတြဟာ Google ကစစ္တမ္းေကာက္ထားတာေတြနဲ႔ေတာ့ အနည္းငယ္ျခားနားေနပါတယ္။ ဒါေပမယ့္ PornHub က သူတို႔ရဲ႕ ဝက္ဘ္ဆိုက္ထဲကို ဝင္ေရာက္ၾကည့္ရႈတဲ့ Device ေတြရဲ႕ OS ဗားရွင္းေတြကို ရယူၿပီး တိုင္းတာမွတ္တမ္းတင္ထားတာသာ ျဖစ္ပါတယ္။

PornHub ရဲ႕အစီရင္ခံစာက အခုလက္ရွိအသုံးျပဳေနေသးတဲ့ Android OS ေတြရဲ႕ အခ်က္အလက္ကိုပဲ ေပးတာျဖစ္ပါတယ္။ ဒါေၾကာင့္ ကမာၻအႏွံ႔အျပားမွာ Android 4.1 နဲ႔ 4.4 Version အသုံးျပဳေနတဲ့ Device ေတြ အတိုင္းအတာတစ္ခုအထိ က်န္ရွိေနတုန္းပဲဆိုတာကို ေဖာ္ျပေနတာကို ေတြ႕ျမင္ရမွာ ျဖစ္ပါတယ္။

Ref: Gizmochina