“5000 mAH ဘက်ထရီပမာဏ၊ 4GB RAM + 64GB ROM နှင့်အတူ 13MP Triple Camera ကို အသုံးပြုထားသည့် HUAWEI Y6p ကို ၁၇၉၀၀၀ ကျပ်ဖြင့် ဇွန်လ တစ်ရက်နေ့မှ စတင်ရောင်းချခဲ့ပြီး တစ်ပတ်အတွင်းမှာပင် လက်လီအရောင်းဆိုင်များတွင် ရောင်းအားအကောင်းဆုံးဖုန်း အဖြစ် စံချိန်သစ် စိုက်ထူနိုင်ခဲ့သည်။ လူကြီး လူငယ်ပရိသတ်များအကြား စိတ်ဝင်စားနေကြတဲ့ HUAWEI Y6p မှာ ပါဝင်တဲ့ ထူးခြားချက်များကို စုစည်းဖော်ပြပေးလိုက်ရပါသည်။ “

စမတ်ဖုန်း ထုတ်လုပ်သူတွေ အနေနဲ့ တစ်နှစ်တခါ မရိုးမအီရအောင် အဆန်းသစ်ဆုံး Flagship စမတ်ဖုန်းတွေ ကြေညာပေးလေ့ရှိတယ် ဆိုပေမယ့် ပြိုင်ဆိုင်မှု အားကောင်းလာတဲ့ နောက်ပိုင်း အမျိုးမျိုးသော ဖုန်းတွေ မြင်တွေ့လာရပါတယ်။ ဈေးကွက် ဝယ်လိုအား များနေတာတပိုင်း ယခု 2020 နှစ်လယ်ပိုင်းထဲမှာကိုပဲ Entry Level အပြင် Budget, Mid-range အစားစားသော စမတ်ဖုန်းတွေ မိတ်ဆက်နေကြပါတယ်။ အဲ့ဒီထဲကမှ မြန်မာငွေ ၁သိန်း၇သောင်း၉ထောင်ပဲ ကျသင့်မယ့် ဖုန်းတစ်လုံးနဲ့ မိတ်ဆက်ပေးလိုပြီး ထူးခြားချက်တချို့ပါ တပါတည်း ဖော်ပြလိုပါတယ်။

ပထမဦးစွာ စကားချည်လိုတာက သုံးစွဲသူအများစု တွေးထင်ထားတာက ဈေးသက်သာတဲ့ Entry Level ဖုန်းတစ်လုံးဟာ ခေတ်မီတဲ့ ဒီဇိုင်း ဒါမှမဟုတ်ရင် နောက်ဆုံးပေါ် နည်းပညာတွေ သုံးထားမယ်/ပါဝင်မယ်လို့ တွေးမထားကြပါဘူး။ ဒီအစား ပိုမိုသင့်လျော်တဲ့ အမျိုးစားကိုသာ ဦးစားပေးကြသလို ကောင်းမွန်တဲ့ ဖုန်းတစ်လုံးကို စာသံ၊ ပေသံနဲ့ ဖွဲ့နွဲ့ရရင် ယိုစိမ့်မှုမရှိတဲ့ ရေပုံးတစ်လုံးလို့ တင်စားနိုင်ပါတယ်။ Bucket Effect လို့ သုံးနှုန်းသလို ရေပုံးထဲရှိ ရေပမာဏဟာ သုံးစွဲသူဦးရေ ပမာဏ ဘယ်လောက်ရှိလဲ သိနိုင်သလို အကယ်လို့များ အပေါက်ဖာနဲ့ ယိုစိမ့်မှု ရှိနေခဲ့ရင် Leaky Bucket လို့ ပြောကြတယ်။ ဒါကြောင့်မို့ စမတ်ဖုန်းကောင်း ဖြစ်နေဖို့ရာ အဆိုပါအင်္ဂါရပ်နဲ့ ကိုက်ညီမှု ရှိနေဖို့လိုပါတယ်။ HUAWEI Y6p မှာ 5,000 mAh Battery အသုံးပြုထားပြီး အခြားစမတ်ဖုန်းအမှတ်တံဆိပ်တွေမှာတော့ 4,000 mAh ဝန်းကျင် Battery သာ ပါဝင်လို့ သူ့ဈေး၊ သူ့တန်ဖိုး အနေထားနဲ့ဆိုရင် ဘက်ထရီပမာဏ အများဆုံး ပိုင်ဆိုင်ထားတာပါ။

A Beautiful Display

HUAWEI ရဲ့ Y6p မှာ ဆိုရင် 6.3” ရှိ LCD Screen အသုံးပြုထားပြီး Dewdrop Display နဲ့ မြင်တွေ့ရမယ့် Y6p ဟာ ကျော့ရှင်းလှပတဲ့ Display ဖွဲ့နွဲ့မှုနဲ့ ဆွဲဆောင်မှု ရှိစေမှာပါ။ Dewdrop Notch အတွင်းမှာ 2.65mm အရွယ်စားရှိ Front Camera ပါရှိမှာဖြစ်ပြီး Panel ဒီဇိုင်းဟာ 88.4% Screen-to-body Ratio ပိုင်ဆိုင်ထားပါတယ်။ အလားတူ Virtual Keys တွေကို လွယ်လင့်တကူ သုံးနိုင်အောင် စီမံထားတဲ့အတွက် Gaming Experience ပိုင်းအတွက် အဆင်ပြေတယ်။ Viewing Experience ကျယ်ပြန့်တဲ့အတွက် ရုပ်ရှင်ကြည့်တာနဲ့ Web Browsing အတွက်လည်း သင့်လျော်တာပါ။

Big Battery and Reverse Charging

ဒုတိယ အားသာချက်တရပ်ကတော့ Battery ပမာဏဖြစ်ပြီး Entry Level ဖုန်းတွေမှာ မြင်ရလေ့ရှိတဲ့ 4,000 mAh Capacity ထက် ပိုများတဲ့ Battery ကို တပ်ဆင်ပေးထားတယ်။ 5,000 mAh ပမာဏနဲ့အတူ အခု မြန်မာငွေ တစ်သိန်း၇သောင်း ဝန်းကျင်တန်းမှာ အများဆုံး Capacity ပိုင်ဆိုင်ထားတဲ့ Y6p ဟာ Reverse Charging စနစ်ကိုလည်း ထောက်ပံ့ထားပါတယ်။ အဆိုပါ Reverse Charging အသုံးပြုဖို့ OTG Cable တစ်ခုသာ လိုအပ်မှာဖြစ်ပြီး စမတ်ဖုန်းကို Power Bank သဖွယ် အသုံးပြုစေနိုင်မှာပါ။ ဒါ့အပြင် လျှင်မြန်တဲ့ Data Backup Feature တစ်ခုကိုလည်း ထည့်သွင်းပေးထားလို့ အရေးကြီးတဲ့ Data မှန်သမျှ 60Mb/s နှုန်းနဲ့ Quick Data Backup လုပ်ဆောင်ချက်ကို သုံးလို့ရပါသေးတယ်။

More RAM, More Storage

သုံးစွဲသူအများစုဟာ ဆောင်ထားလိုတဲ့ App တွေ (သို့) အသုံးပြုချင်တဲ့ App တွေ Download ဆွဲဖန်များရင် Personal Data နဲ့ ရောလာတဲ့အခါ Entry Level ဖုန်းတစ်လုံးအတွက် ပါဝင်တတ်တဲ့ 32GB Storage ဟာ မလောက်မင မှုတွေ ဖြစ်လာတတ်ပါတယ်။ အခြားဈေးတန်းတူတဲ့ စမတ်ဖုန်းအမှတ်တံဆိပ်တွေမှာဆိုလျင် 32GB ပမာဏသာ ပါဝင်ပြီး System Partition နဲ့ System Apps တို့ ပြန်ခွဲထုတ်လိုက်ရင် စမတ်ဖုန်းမှာ အသုံးပြုနိုင်တဲ့ Storage ပမာဏက 20GB ဝန်းကျင်သာ ကျန်ပါတော့တယ်။ တကယ်လို့သာ သုံးစွဲသူအနေနဲ့ ဓာတ်ပုံအရိုက်များတယ်၊ Apps မှအပ တခြား Media File တွေ Download ဆွဲသုံးတတ်သူမျိုးဆိုရင် ဖုန်းထဲဖိုင် ဖျက်လိုက် ၊ အသစ်ဆွဲလိုက် ပြန်ဖျက်လိုက်နဲ့ သံသရာရှည်နေမှာပါ။

HUAWEI Y6p မှာ 4GB RAM နဲ့ 64GB Storage ပါဝင်သလို အခြားဈေးတန်းတူဖုန်းတွေရဲ့ နှစ်ဆ အသုံးပြုထားတာ ဖြစ်တဲ့အတွက် နေ့စဉ်လိုအပ်ချက် မှန်သမျှ အထွေထူး မရှိဘဲ ဖြည့်ဆည်းနိုင်မှာပါ။ တကယ်လို့များ ထပ်ဖြည့်ချင်တယ်ဆိုရင် microSD Slot ကနေ 512GB ပမာဏအထိ တိုးချဲ့နိုင်ဦးမှာပဲဖြစ်ပါတယ်။

တန်ဖိုးသင့် Y6p ကို Phantom Purple ၊ Emerald Green နဲ့ Midnight Black အစရှိတဲ့ အရောင် ၃ မျိုးနဲ့ ရရှိနိုင်မှာပါ။ အဆိုပါ စမတ်ဖုန်းကို မြန်မာငွေ ၁၇၉,၀၀၀ ကျပ်နဲ့ အရောင်းဆိုင်တွေမှာ ဝယ်ယူနိုင်ပါပြီ၊ အထက်မှာ ဖော်ပြခဲ့တဲ့ Features တွေအတိုင်းဆိုရင် 2020 ပထမနှစ်ဝက်အတွင်း မိတ်ဆက်ခဲ့တဲ့ Entry Level ဖုန်းတွေထဲမှာ Overall Performance နှိုင်းယှဉ်ရင် အကောင်းဆုံးထဲကတစ်ခုလို့ ဆိုရမှာပါ။

Source – HUAWEI Myanmar