[Zawgyi]

Honor V30 နဲ႔ V30Pro ေတြကို ျဖန႔္ခ်ိျခင္းနဲ႔အတူ Honor ဟာ ပရီမီယံအဆင့္ရွိ ကင္မရာေတြကို ျပဳလုပ္ႏိုင္ေၾကာင္း သက္ေသျပၿပီး မိခင္ကုမၸဏီႀကီးျဖစ္တဲ့ Huawei ေနာက္ကို အမီလိုက္ဖို႔ ႀကိဳးစားေနတာကို ျမင္ေတြ႕လိုက္ရပါတယ္။ Honor V30 နဲ႔ V30Pro ေတြမွာ အမွန္တကယ္လည္း ကင္မရာပိုင္းဆိုင္ရာ တိုးတက္လာျခင္းကို ေတြ႕ျမင္ေနရပါတယ္။

Honor V30 နဲ႔ V30Pro ေတြမွာ RYYB filter နဲ႔ 40MP Sony IMX600 sensor ေတြပါဝင္လာတာ၊ စြမ္းေဆာင္ရည္ျမင့္ Kirin 990 chipset ေတြသုံးလာတာေတြကလည္း Huawei အမွတ္တံဆိပ္ရဲ႕ေျခရာကို နင္းႏိုင္ဖို႔ႀကိဳးစားေနတဲ့ ေျပာင္းလဲတိုးတက္မႈေတြအျဖစ္ ရႈျမင္ႏိုင္ပါတယ္။

အာ႐ုံခံကိရိယာ၊ NPU နဲ႔ အယ္လဂိုရီသမ္ျဖစ္စဥ္ေတြကို ေပါင္းစပ္ထားၿပီး နည္းပါးတဲ့အလင္းေရာင္မွာ တည္ၿငိမ္ေခ်ာေမြ႕တဲ့ ဗီဒီယို႐ိုက္ကူးမႈကို ျပဳလုပ္ႏိုင္တဲ့ “Matrix Camera Technology” ကို ေဖာ္က်ဴးျပသထားတဲ့ ပ႐ိုမိုဗီဒီယိုအခ်ိဳ႕ကို Honor ထုတ္လႊင့္လိုက္ပါတယ္။

ေျပာရမယ္ဆိုရင္ေတာ့ ဒီပ႐ိုမိုဗီဒီယိုေတြဟာ “Matrix Camera Technology” အေၾကာင္း သတင္းအခ်က္အလက္ ေပးတယ္ဆိုတာထက္ ႂကြားလုံးထုတ္ထားတာက ပိုမ်ားေနတာပါပဲ။ Honor ဟာ V30 ကင္မရာေတြရဲ႕ အမွန္တကယ္ အလုပ္လုပ္ပုံေတြကို လွ်ိဳ႕ဝွက္ထားတယ္လို႔ ဆိုရမွာပါ။ ဒါေပမယ့္ ကင္မရာေတြရဲ႕ ရလဒ္ေတြကိုေတာ့ ထုတ္ျပထားျပန္ပါတယ္။

Honor ရဲ႕ Brand Strategy အရာရွိ Zhang Xiaoyun က 32MP အဓိက Selfie ကင္မရာနဲ႔ 8MP ultra wide ကင္မရာ ႏွစ္မ်ိဳးစလုံးကို အသုံးျပဳထားတဲ့ Selfie ဓါတ္ပုံေတြကို သူမရဲ႕ Weibo အေကာင့္မွာ လႊင့္တင္ၿပီး ေဖာ္ျပခဲ့ပါေသးတယ္။

Ref: GSM Arena

[Unicode]

V30 Series ရဲ့ Matrix Camera Technology အကြောင်း ပရိုမိုဗီဒီယိုတွေ မျှဝေလိုက်တဲ့ Honor

Honor V30 နဲ့ V30Pro တွေကို ဖြန့်ချိခြင်းနဲ့အတူ Honor ဟာ ပရီမီယံအဆင့်ရှိ ကင်မရာတွေကို ပြုလုပ်နိုင်ကြောင်း သက်သေပြပြီး မိခင်ကုမ္ပဏီကြီးဖြစ်တဲ့ Huawei နောက်ကို အမီလိုက်ဖို့ ကြိုးစားနေတာကို မြင်တွေ့လိုက်ရပါတယ်။ Honor V30 နဲ့ V30Pro တွေမှာ အမှန်တကယ်လည်း ကင်မရာပိုင်းဆိုင်ရာ တိုးတက်လာခြင်းကို တွေ့မြင်နေရပါတယ်။

Honor V30 နဲ့ V30Pro တွေမှာ RYYB filter နဲ့ 40MP Sony IMX600 sensor တွေပါဝင်လာတာ၊ စွမ်းဆောင်ရည်မြင့် Kirin 990 chipset တွေသုံးလာတာတွေကလည်း Huawei အမှတ်တံဆိပ်ရဲ့ခြေရာကို နင်းနိုင်ဖို့ကြိုးစားနေတဲ့ ပြောင်းလဲတိုးတက်မှုတွေအဖြစ် ရှုမြင်နိုင်ပါတယ်။

အာရုံခံကိရိယာ၊ NPU နဲ့ အယ်လဂိုရီသမ်ဖြစ်စဉ်တွေကို ပေါင်းစပ်ထားပြီး နည်းပါးတဲ့အလင်းရောင်မှာ တည်ငြိမ်ချောမွေ့တဲ့ ဗီဒီယိုရိုက်ကူးမှုကို ပြုလုပ်နိုင်တဲ့ “Matrix Camera Technology” ကို ဖော်ကျူးပြသထားတဲ့ ပရိုမိုဗီဒီယိုအချို့ကို Honor ထုတ်လွှင့်လိုက်ပါတယ်။

ပြောရမယ်ဆိုရင်တော့ ဒီပရိုမိုဗီဒီယိုတွေဟာ “Matrix Camera Technology” အကြောင်း သတင်းအချက်အလက် ပေးတယ်ဆိုတာထက် ကြွားလုံးထုတ်ထားတာက ပိုများနေတာပါပဲ။ Honor ဟာ V30 ကင်မရာတွေရဲ့ အမှန်တကယ် အလုပ်လုပ်ပုံတွေကို လျှို့ဝှက်ထားတယ်လို့ ဆိုရမှာပါ။ ဒါပေမယ့် ကင်မရာတွေရဲ့ ရလဒ်တွေကိုတော့ ထုတ်ပြထားပြန်ပါတယ်။

Honor ရဲ့ Brand Strategy အရာရှိ Zhang Xiaoyun က 32MP အဓိက Selfie ကင်မရာနဲ့ 8MP ultra wide ကင်မရာ နှစ်မျိုးစလုံးကို အသုံးပြုထားတဲ့ Selfie ဓါတ်ပုံတွေကို သူမရဲ့ Weibo အကောင့်မှာ လွှင့်တင်ပြီး ဖော်ပြခဲ့ပါသေးတယ်။

Ref: GSM Arena