PUBG လို့ လူသိများတဲ့ Players Unknown Battleground ဂိမ်းဟာ Multiplayer ဆော့ကစားရပြီးတော့ အချင်းချင်းတိုက်ခိုက်ရတဲ့ ဂိမ်းတွေထဲမှာ အအောင်မြင်ဆုံးဂိမ်းတစ်ခုလည်းဖြစ်ပါတယ်။ ဒါပေမယ့် PUBG က ကွန်ပျူတာမှာ ပိုက်ဆံနဲ့ ဝယ်ယူပြီးတော့ကစားရတာဖြစ်ပြီးတော့ ဆော့ကစားရတာကလည်း အခုနောက်ပိုင်း Mobile ထက်တောင်ပိုပြီးကောင်းတယ်လို့ သတ်မှတ်လို့ရပါတယ်။

အခုအချိန်မှာတော့ PUBG ကနေ ဂိမ်းပြိုင်ပွဲတစ်ခုကို ပြုလုပ်ပေးသွားတော့မှာဖြစ်ပြီးတော့ လာမယ့် ဂျူလိုင်လမှာ တောင်အမေရိက၊ ဥရောပ နဲ့ အာရှမှာ ဒေါ်လာ ၂ သန်းဆုကြေးပေးမယ့် ဂိမ်းပြိုင်ပွဲတစ်ခုကို ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။

အခု PUBG Global Invitational 2018 က PUBG Corp ရဲ့ ပထဆုံး ဂိမ်းပြိုင်ပွဲတစ်ခုဖြစ်ပြီးတော့ လက်ရှိအတော်ဆုံး PUBG Players တွေကို တစ်နေရာထဲမှာ မြင်တွေ့ရမှာဖြစ်ပါတယ်။ လက်ရှိသိရတဲ့သတင်းတွေအရတော့ PUBG Player တွေ အသင်းအဖွဲ့ ၂၀ ခန့်ကို ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ ယှဉ်ပြိုင်ပွဲကို ကျင်းပသွားမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် PUBG Global Invitational 2018 ပွဲအတွက် အသေးစိတ်အချက်အလက်တွေကိုတော့ မကြာခင်မှာ ကြေငြာသွားဦးမယ်လို့ သိရပါတယ်။