PUBG Corp ကတော့ Battle Royale အမျိုးအစားဂိမ်းတွေရဲ့ ထိပ်ဆုံးနေရာကို လွယ်လွယ်နဲ့ဖယ်ပေးမှာမဟုတ်ဘဲ PUBG Steam ဗားရှင်းကို ဇွန်လ ၄ – ၈ ရက်နေ့အတွင်း အခမဲ့ပေးကစားဖို့ ကြေညာခဲ့ပြီးနောက် ဇွန်လ ၁ ရက်နေ့ Update အသစ်မှာ မိုဘိုင်းဗားရှင်းအတွက် ပါလာမယ့် Game Mode အသစ်ကိုလည်း ယနေ့မှာ ထပ်မံဖော်ပြလာခဲ့ပါတယ်။

Game Mode အသစ်ရဲ့ အမည်ကို “Mysterious Jungle” လို့ပေးထားပြီး PUBG ဂိမ်းအတွက် ကြီးမားတဲ့ Update အသစ်ထွက်လာမယ့် ဇွန်လ ၁ ရက်နေ့မှာပဲ ထွက်ရှိလာမှာပါ။ တွစ်တာမှာ တင်ထားတဲ့ တရားဝင်ပိုစ့်မှာတော့ တခြား အချက်အလက်တွေ မဖော်ပြထားပေမယ့် Arctic Mode နဲ့ ဆင်တူတဲ့ နောက်ထပ် Game Mode တစ်ခုလို့ ယူဆရပါတယ်။

ဒါ့အပြင် Mysterious Jungle ဟာ Sanhok မြေပုံမှာ အခြေခံလာနိုင်ပြီး ပုံမှန် Standard Gameplay နဲ့ ကွဲပြားတဲ့ အရာတွေ ပါဝင်လာမှာပါ။ Vikendi မှာအခြေခံထားတဲ့ Arctic Mode တုန်းက နှင်းမုန်တိုင်းတွေလိုမျိုး Element တွေ ပါဝင်ပြီး ဒီတစ်ခါတော့ တောနက်ကြီးထဲမှာ ရတနာရှာဖွေတာလိုမျိုး Adventure Mode ဆန်ဆန် ဖြစ်မယ်လို့ သတင်းထွက်နေပါတယ်။

Ref – AFKGaming