[Zawgyi]

ျမန္မာႏိုင္ငံ၏အႀကီးဆုံး PUBG Mobile ၿပိဳင္ပြဲ၏ ေနာက္ဆုံးအဆင့္ပြဲစဥ္မ်ားကို Claw Esports မွ ယေန႔စတင္က်င္းပေၾကာင္း သတင္းထုတ္ျပန္ေၾကညာလိုက္သည္။ Claw Esports သည္ ၿပိဳင္ပြဲဝင္အသင္းမ်ား၊ Live Stream မ်ားႏွင့္ၿပိဳင္ပြဲမ်ားျပဳလုပ္ေနသည့္ ျမန္မာႏိုင္ငံ၏ ထိပ္တန္း Esports အဖြဲ႕အစည္းတစ္ခုျဖစ္ၿပီး ယခုၿပိဳင္ပြဲႀကီးကို Samsung Myanmar၊ Mytel တို႔ႏွင့္ပူးေပါင္း၍ စီစဥ္က်င္းပျခင္းျဖစ္သည္။ ၿပိဳင္ပြဲႀကီးကို Tencent ႏွင့္ PUBG Corporation တို႔မွ တည္ေထာင္ထားသည့္ PUBG Mobile မွလည္း တရားဝင္ အသိအမွတ္ျပဳေထာက္ခံထားသည္။

ၿပိဳင္ပြဲႀကီးကို Samsung Myanmar မွ Title Sponsor အျဖစ္ ပံ့ပိုးကူညီထားၿပီး Mytel မွ Telecom Partner အျဖစ္ပံ့ပိုးထားသည့္အျပင္ MyMedia ႏွင့္ Gaming Noodle တို႔မွလည္း မီဒီယာမိတ္ဖက္မ်ားအျဖစ္ ပူးေပါင္းပါဝင္ထားသည္။ ယခုႏွစ္ ေမလတြင္ စတင္ခဲ့ေသာ ယခုၿပိဳင္ပြဲႀကီးတြင္ အသင္း (၅၀၀) ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၿပီး အြန္လိုင္းပြဲစဥ္ အဆင့္ (၂) ဆင့္ ကစားကာ ေနာက္ဆုံးအဆင့္ၿပိဳင္ပြဲႀကီးတြင္ လက္ေ႐ြးစင္ (၂၀) သာ ယွဥ္ၿပိဳင္ကစားသြားမည္ျဖစ္သည္။ ၿပိဳင္ပြဲ၏ စည္းမ်ဥ္းစည္းကမ္းမ်ားကို PUBG Mobile ၏ မူရင္းကုမၸဏီျဖစ္ေသာ Tencent Games မွ ခ်မွတ္ထားသည့္အတိုင္း ေရးဆြဲထားျခင္းျဖစ္သည္။ အြန္လိုင္းအဆင့္တြင္ ကစားသမားေပါင္း (၂၀၀၀) ေက်ာ္ပါဝင္ကစားခဲ့ၿပီး ယခုႏွစ္ တတိယသုံးလပတ္အတြင္း ျမန္မာႏိုင္ငံတြင္ ကစားသမားအမ်ားဆုံး ပါဝင္ေသာ ၿပိဳင္ပြဲျဖစ္ခဲ့သည္။

“ဒီေန႔ေခတ္မွာ လူငယ္ေတြအေနနဲ႔ ဂိမ္းေဆာ့တာကို အသက္ေမြးဝမ္းေၾကာင္းလုပ္ငန္းအျဖစ္ လုပ္လာၾကတာကို ျမင္ရတဲ့အတြက္ စိတ္လႈပ္ရွားဝမ္းသာမိပါတယ္။ ဒီၿပိဳင္ပြဲက ျမန္မာႏိုင္ငံဂိမ္းေလာကရဲ႕ တိုးတက္မႈျပယုဂ္တစ္ခုလို႔လည္း ေျပာလို႔ရပါတယ္။ ကြၽန္ေတာ္တို႔ Samsung Myanmar အေနနဲ႔လည္း ဒီၿပိဳင္ပြဲကတဆင့္ ကစားသမားေတြ၊ တိုက္႐ိုက္ထုတ္လႊင့္သူေတြနဲ႔ မီဒီယာေတြကို ပံ့ပိုးကူညီေပးခြင့္ရၿပီး ျမန္မာႏိုင္ငံရဲ႕ ဂိမ္းေလာကကို တစ္ဖက္တစ္လမ္းက ျမႇင့္တင္ေပးရာလည္းေရာက္တဲ့အတြက္ ဝမ္းေျမာက္မိပါတယ္။” ဟု Samsung Myanmar ၏ Head of IT and Mobile Group ျဖစ္သူ ကိုဇာနည္ဝင္းထက္မွ ေျပာၾကပါသည္။ “ၿပိဳင္ပြဲအၿပီးမွာ အေကာင္းဆုံးကစားသမား (၅) ဦးကို ေ႐ြးခ်ယ္ၿပီး ျမန္မာႏိုင္ငံရဲ႕ဂိမ္းေလာကမွာ သူတို႔ရဲ႕စြမ္းရည္ေတြကို ျမႇင့္တင္ေပးဖို႔ Team Galaxy ဆိုၿပီး အသင္းတစ္သင္း ဖြဲ႕သြားဖို႔လည္းရွိပါတယ္။ အခုၿပိဳင္ပြဲႀကီးအၿပီး တစ္လအၾကာမွာ ဒီအသင္းမွာ ပါဝင္မယ့္ အသင္းသားေတြရဲ႕ နာမည္ေတြကို အသိေပးထုတ္ျပန္သြားမွာပါ။” ဟု ကိုဇာနည္ဝင္းထက္က ျဖည့္စြက္ေျပာၾကားသည္။

Samsung Myanmar မွ Team Galaxy ဟု အမည္ရေသာ Mobile Esports အသင္းတစ္သင္း ဖြဲ႕သြားရန္ရွိၿပီး အေစာပိုင္းကာလတြင္ PUBG Mobile Players မ်ားအျဖစ္ ေလ့က်င့္ေပးသြားမည္ျဖစ္သည္။ ထိုအသင္းမွ ကစားသမားမ်ား ေရရွည္တြင္ ေအာင္ျမင္မႈရရွိေစရန္ လစဥ္ေထာက္ပံ့ေၾကး၊ အင္တာနက္အသုံးစရိတ္၊ ေလ့က်င့္ေရးေနရာႏွင့္ အျခားလိုအပ္ခ်က္မ်ားကိုလည္း Samsung Myanmar မွ ပံ့ပိုးသြားမည္ျဖစ္သည္။

“ကြၽန္ေတာ္တို႔ျမန္မာႏိုင္ငံက Esports ေလာကမွာ အိမ္နီးခ်င္းႏိုင္ငံေတြနဲ႔ယွဥ္ရင္ အမ်ားႀကီးေနာက္က်ေနေသးတယ္ဆိုေပမယ့္ အခုၿပိဳင္ပြဲႀကီးကေန ဒီလိုထိပ္တန္းအသင္းေတြ အမ်ားႀကီးထြက္ေပၚလာတာကို ျမင္ရတာ စိတ္ဝင္စားစရာပါပဲ။ ဒီၿပိဳင္ပြဲကေန ကမာၻ႔အဆင့္ထိ သြားႏိုင္တဲ့ ကြၽမ္းက်င္ကစားသမားေတြနဲ႔ အသင္းေတြ ထြက္ေပၚလာလိမ့္မယ္လို႔ ယုံၾကည္ပါတယ္။” ဟု Claw Esports ၏ Business Director ကိုမင္းဆက္ပိုင္မွ ေျပာၾကားသည္။

Claw Esports အေနႏွင့္ Mytel ႏွင့္ ပူးေပါင္း၍ အသင္းတိုင္းမွ ၿပိဳင္ပြဲဝင္ကစားသမားေပါင္း ၂,၅၀၀ အတြက္ ၆လၾကာ အသုံးျပဳႏိုင္ေသာ 1GB အင္တာနက္ ေဒတာ ႏွင့္ MyTel ဖုန္းအခ်င္းအခ်င္း ေခၚဆိုႏိုင္ ေသာ မိနစ္ ၁၀၀ လက္ေဆာင္ပါဝင္သည့္ SIM ကဒ္ ၄ ကဒ္စီအားၿပိဳင္ပြဲတစ္ေလွ်ာက္လုံးတြင္အသုံးျပဳႏိုင္ရန္ ေပးအပ္သြားမည္ျဖစ္သည္။ ထို႔အျပင္ Mytel သည္ ေနာက္ဆုံးအဆင့္ ၿပိဳင္ပြဲ၏ ပြဲစဥ္ႏွစ္ရက္လုံးတြင္လည္း တရားဝင္ ဆက္သြယ္ေရးဆိုင္ရာ ပံ့ပိုးသူအျဖစ္ အင္တာနက္အသုံးျပဳမႈကို ေထာက္ပံ့ေပးထားသည္။

“ဒီၿပိဳင္ပြဲႀကီးမွာ Mytel အေနနဲ႔ ဆက္သြယ္ေရးမိတ္ဖက္အျဖစ္ ပါဝင္ခြင့္ရခဲ့တဲ့အတြက္ အလြန္ဝမ္းေျမာက္မိပါတယ္။ ကြၽန္ေတာ္တို႔ Mytel ဟာ သုံးစြဲသူေတြကို ဂ႐ုအစိုက္ဆုံးေအာ္ပေရတာျဖစ္တဲ့အားေလ်ာ္စြာ ေဒတာအသုံးမ်ားတဲ့သုံးစြဲသူေတြအတြက္ အဆင္ေျပေစမယ့္ နည္းလမ္းေတြနဲ႔ ပူးေပါင္းလုပ္ေဆာင္မႈေတြ လုပ္ေဆာင္သြားဖို႔ အၿမဲႀကိဳးစားေနပါတယ္။ ကြၽန္ေတာ္တို႔ Mytel မွာ အက်ယ္ျပန႔္ဆုံး 4G ကြန္ရက္ရွိတာေၾကာင့္ ဂိမ္းကစားသူေတြအေနနဲ႔ ဘယ္ေနရာေရာက္ေရာက္ အခက္အခဲအတားအဆီးမရွိဘဲ ကစားႏိုင္မွာပါ။ သုံးစြဲသူေတြရဲ႕ စကားသံေတြကို နားစြင့္ရင္း အခုလို ပူးေပါင္းလုပ္ေဆာင္မႈေတြကိုလည္း စဥ္ဆက္မျပတ္လုပ္ေဆာင္သြားမွာပါ။” ဟု Mytel ၏ Chief External Relations Officer ျဖစ္သူ ဦးေဇာ္မင္းဦးမွ ေျပာၾကားသည္။

ေနာက္ဆုံးအဆင့္ၿပိဳင္ပြဲတြင္ ဆုေၾကးေငြမ်ားအျဖစ္ အႏိုင္ရရွိေသာအဖြဲ႕သည္ ျမန္မာေငြ ၅၅ သိန္းကို ရရွိမည္ျဖစ္ၿပီး ဒုတိယဆုရရွိေသာအဖြဲ႕သည္ က်ပ္သိန္း ၃၀၊ တတိယဆုရရွိေသာအဖြဲ႕သည္ က်ပ္ ၁၀ သိန္းႏွင့္ စတုတၳဆုရရွိေသာအဖြဲ႕သည္ က်ပ္ ၅ သိန္း အသီးသီးရရွိမည္ျဖစ္သည္။ ထို႔အျပင္ Most Kills Player ကစားသမားႏွင့္ Most Kills Team အဖြဲ႕ကိုလည္း က်ပ္ ၁ သိန္းစီ ခ်ီးျမႇင့္ေပးအပ္သြားမည္ျဖစ္သည္။

ယခုၿပိဳင္ပြဲႀကီးအပါအဝင္ အျခားေသာ ျမန္မာႏိုင္ငံ၏မိုဘိုင္းဂိမ္းေလာက စဥ္ဆက္မျပတ္ပံ့ပိုးမႈမ်ားမွတဆင့္ ျမန္မာႏိုင္ငံ၏ Esports အသင္းမ်ားႏွင့္ ကစားသမားမ်ားသည္ မေဝးေသာကာလတြင္ ကမာၻ႔အဆင့္အသင္းမ်ား၊ ကစားသမားမ်ားႏွင့္ ရင္ေဘာင္တန္းႏိုင္လာမည္ဟု Samsung Myanmar က ယုံၾကည္ထားသည္။

Samsung Myanmar အေနျဖင့္ ျမန္မာႏိုင္ငံ၏ မိုဘိုင္းဂိမ္းေလာကကို ပိုမိုတိုးတက္ ေရးအတြက္ပံ့ပိုးရန္ ရည္႐ြယ္ထားၿပီး မိုဘိုင္းဂိမ္းၿပိဳင္ပြဲမ်ားသာမက ျမန္မာတစ္ႏိုင္ငံလုံး၏ အျခားေသာနယ္ပယ္မ်ား ပိုမိုဖြံ႕ၿဖိဳးလာေရးအတြက္လည္း ဆက္လက္ ကူညီပံ့ပိုးသြားမည္ျဖစ္သည္။

[Unicode]

မြန်မာနိုင်ငံ၏ အကြီးဆုံး PUBG Mobile ပြိုင်ပွဲ နောက်ဆုံးပွဲစဉ်များကို အောင်မြင်စွာကျင်းပ

မြန်မာနိုင်ငံ၏အကြီးဆုံး PUBG Mobile ပြိုင်ပွဲ၏ နောက်ဆုံးအဆင့်ပွဲစဉ်များကို Claw Esports မှ ယနေ့စတင်ကျင်းပကြောင်း သတင်းထုတ်ပြန်ကြေညာလိုက်သည်။ Claw Esports သည် ပြိုင်ပွဲဝင်အသင်းများ၊ Live Stream များနှင့်ပြိုင်ပွဲများပြုလုပ်နေသည့် မြန်မာနိုင်ငံ၏ ထိပ်တန်း Esports အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ယခုပြိုင်ပွဲကြီးကို Samsung Myanmar၊ Mytel တို့နှင့်ပူးပေါင်း၍ စီစဉ်ကျင်းပခြင်းဖြစ်သည်။ ပြိုင်ပွဲကြီးကို Tencent နှင့် PUBG Corporation တို့မှ တည်ထောင်ထားသည့် PUBG Mobile မှလည်း တရားဝင် အသိအမှတ်ပြုထောက်ခံထားသည်။

ပြိုင်ပွဲကြီးကို Samsung Myanmar မှ Title Sponsor အဖြစ် ပံ့ပိုးကူညီထားပြီး Mytel မှ Telecom Partner အဖြစ်ပံ့ပိုးထားသည့်အပြင် MyMedia နှင့် Gaming Noodle တို့မှလည်း မီဒီယာမိတ်ဖက်များအဖြစ် ပူးပေါင်းပါဝင်ထားသည်။ ယခုနှစ် မေလတွင် စတင်ခဲ့သော ယခုပြိုင်ပွဲကြီးတွင် အသင်း (၅၀၀) ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အွန်လိုင်းပွဲစဉ် အဆင့် (၂) ဆင့် ကစားကာ နောက်ဆုံးအဆင့်ပြိုင်ပွဲကြီးတွင် လက်ရွေးစင် (၂၀) သာ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။ ပြိုင်ပွဲ၏ စည်းမျဉ်းစည်းကမ်းများကို PUBG Mobile ၏ မူရင်းကုမ္ပဏီဖြစ်သော Tencent Games မှ ချမှတ်ထားသည့်အတိုင်း ရေးဆွဲထားခြင်းဖြစ်သည်။ အွန်လိုင်းအဆင့်တွင် ကစားသမားပေါင်း (၂၀၀၀) ကျော်ပါဝင်ကစားခဲ့ပြီး ယခုနှစ် တတိယသုံးလပတ်အတွင်း မြန်မာနိုင်ငံတွင် ကစားသမားအများဆုံး ပါဝင်သော ပြိုင်ပွဲဖြစ်ခဲ့သည်။

“ဒီနေ့ခေတ်မှာ လူငယ်တွေအနေနဲ့ ဂိမ်းဆော့တာကို အသက်မွေးဝမ်းကြောင်းလုပ်ငန်းအဖြစ် လုပ်လာကြတာကို မြင်ရတဲ့အတွက် စိတ်လှုပ်ရှားဝမ်းသာမိပါတယ်။ ဒီပြိုင်ပွဲက မြန်မာနိုင်ငံဂိမ်းလောကရဲ့ တိုးတက်မှုပြယုဂ်တစ်ခုလို့လည်း ပြောလို့ရပါတယ်။ ကျွန်တော်တို့ Samsung Myanmar အနေနဲ့လည်း ဒီပြိုင်ပွဲကတဆင့် ကစားသမားတွေ၊ တိုက်ရိုက်ထုတ်လွှင့်သူတွေနဲ့ မီဒီယာတွေကို ပံ့ပိုးကူညီပေးခွင့်ရပြီး မြန်မာနိုင်ငံရဲ့ ဂိမ်းလောကကို တစ်ဖက်တစ်လမ်းက မြှင့်တင်ပေးရာလည်းရောက်တဲ့အတွက် ဝမ်းမြောက်မိပါတယ်။” ဟု Samsung Myanmar ၏ Head of IT and Mobile Group ဖြစ်သူ ကိုဇာနည်ဝင်းထက်မှ ပြောကြပါသည်။ “ပြိုင်ပွဲအပြီးမှာ အကောင်းဆုံးကစားသမား (၅) ဦးကို ရွေးချယ်ပြီး မြန်မာနိုင်ငံရဲ့ဂိမ်းလောကမှာ သူတို့ရဲ့စွမ်းရည်တွေကို မြှင့်တင်ပေးဖို့ Team Galaxy ဆိုပြီး အသင်းတစ်သင်း ဖွဲ့သွားဖို့လည်းရှိပါတယ်။ အခုပြိုင်ပွဲကြီးအပြီး တစ်လအကြာမှာ ဒီအသင်းမှာ ပါဝင်မယ့် အသင်းသားတွေရဲ့ နာမည်တွေကို အသိပေးထုတ်ပြန်သွားမှာပါ။” ဟု ကိုဇာနည်ဝင်းထက်က ဖြည့်စွက်ပြောကြားသည်။

Samsung Myanmar မှ Team Galaxy ဟု အမည်ရသော Mobile Esports အသင်းတစ်သင်း ဖွဲ့သွားရန်ရှိပြီး အစောပိုင်းကာလတွင် PUBG Mobile Players များအဖြစ် လေ့ကျင့်ပေးသွားမည်ဖြစ်သည်။ ထိုအသင်းမှ ကစားသမားများ ရေရှည်တွင် အောင်မြင်မှုရရှိစေရန် လစဉ်ထောက်ပံ့ကြေး၊ အင်တာနက်အသုံးစရိတ်၊ လေ့ကျင့်ရေးနေရာနှင့် အခြားလိုအပ်ချက်များကိုလည်း Samsung Myanmar မှ ပံ့ပိုးသွားမည်ဖြစ်သည်။

“ကျွန်တော်တို့မြန်မာနိုင်ငံက Esports လောကမှာ အိမ်နီးချင်းနိုင်ငံတွေနဲ့ယှဉ်ရင် အများကြီးနောက်ကျနေသေးတယ်ဆိုပေမယ့် အခုပြိုင်ပွဲကြီးကနေ ဒီလိုထိပ်တန်းအသင်းတွေ အများကြီးထွက်ပေါ်လာတာကို မြင်ရတာ စိတ်ဝင်စားစရာပါပဲ။ ဒီပြိုင်ပွဲကနေ ကမ္ဘာ့အဆင့်ထိ သွားနိုင်တဲ့ ကျွမ်းကျင်ကစားသမားတွေနဲ့ အသင်းတွေ ထွက်ပေါ်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်။” ဟု Claw Esports ၏ Business Director ကိုမင်းဆက်ပိုင်မှ ပြောကြားသည်။

Claw Esports အနေနှင့် Mytel နှင့် ပူးပေါင်း၍ အသင်းတိုင်းမှ ပြိုင်ပွဲဝင်ကစားသမားပေါင်း ၂,၅၀၀ အတွက် ၆လကြာ အသုံးပြုနိုင်သော 1GB အင်တာနက် ဒေတာ နှင့် MyTel ဖုန်းအချင်းအချင်း ခေါ်ဆိုနိုင် သော မိနစ် ၁၀၀ လက်ဆောင်ပါဝင်သည့် SIM ကဒ် ၄ ကဒ်စီအားပြိုင်ပွဲတစ်လျှောက်လုံးတွင်အသုံးပြုနိုင်ရန် ပေးအပ်သွားမည်ဖြစ်သည်။ ထို့အပြင် Mytel သည် နောက်ဆုံးအဆင့် ပြိုင်ပွဲ၏ ပွဲစဉ်နှစ်ရက်လုံးတွင်လည်း တရားဝင် ဆက်သွယ်ရေးဆိုင်ရာ ပံ့ပိုးသူအဖြစ် အင်တာနက်အသုံးပြုမှုကို ထောက်ပံ့ပေးထားသည်။

“ဒီပြိုင်ပွဲကြီးမှာ Mytel အနေနဲ့ ဆက်သွယ်ရေးမိတ်ဖက်အဖြစ် ပါဝင်ခွင့်ရခဲ့တဲ့အတွက် အလွန်ဝမ်းမြောက်မိပါတယ်။ ကျွန်တော်တို့ Mytel ဟာ သုံးစွဲသူတွေကို ဂရုအစိုက်ဆုံးအော်ပရေတာဖြစ်တဲ့အားလျော်စွာ ဒေတာအသုံးများတဲ့သုံးစွဲသူတွေအတွက် အဆင်ပြေစေမယ့် နည်းလမ်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေ လုပ်ဆောင်သွားဖို့ အမြဲကြိုးစားနေပါတယ်။ ကျွန်တော်တို့ Mytel မှာ အကျယ်ပြန့်ဆုံး 4G ကွန်ရက်ရှိတာကြောင့် ဂိမ်းကစားသူတွေအနေနဲ့ ဘယ်နေရာရောက်ရောက် အခက်အခဲအတားအဆီးမရှိဘဲ ကစားနိုင်မှာပါ။ သုံးစွဲသူတွေရဲ့ စကားသံတွေကို နားစွင့်ရင်း အခုလို ပူးပေါင်းလုပ်ဆောင်မှုတွေကိုလည်း စဉ်ဆက်မပြတ်လုပ်ဆောင်သွားမှာပါ။” ဟု Mytel ၏ Chief External Relations Officer ဖြစ်သူ ဦးဇော်မင်းဦးမှ ပြောကြားသည်။

နောက်ဆုံးအဆင့်ပြိုင်ပွဲတွင် ဆုကြေးငွေများအဖြစ် အနိုင်ရရှိသောအဖွဲ့သည် မြန်မာငွေ ၅၅ သိန်းကို ရရှိမည်ဖြစ်ပြီး ဒုတိယဆုရရှိသောအဖွဲ့သည် ကျပ်သိန်း ၃၀၊ တတိယဆုရရှိသောအဖွဲ့သည် ကျပ် ၁၀ သိန်းနှင့် စတုတ္ထဆုရရှိသောအဖွဲ့သည် ကျပ် ၅ သိန်း အသီးသီးရရှိမည်ဖြစ်သည်။ ထို့အပြင် Most Kills Player ကစားသမားနှင့် Most Kills Team အဖွဲ့ကိုလည်း ကျပ် ၁ သိန်းစီ ချီးမြှင့်ပေးအပ်သွားမည်ဖြစ်သည်။

ယခုပြိုင်ပွဲကြီးအပါအဝင် အခြားသော မြန်မာနိုင်ငံ၏မိုဘိုင်းဂိမ်းလောက စဉ်ဆက်မပြတ်ပံ့ပိုးမှုများမှတဆင့် မြန်မာနိုင်ငံ၏ Esports အသင်းများနှင့် ကစားသမားများသည် မဝေးသောကာလတွင် ကမ္ဘာ့အဆင့်အသင်းများ၊ ကစားသမားများနှင့် ရင်ဘောင်တန်းနိုင်လာမည်ဟု Samsung Myanmar က ယုံကြည်ထားသည်။

Samsung Myanmar အနေဖြင့် မြန်မာနိုင်ငံ၏ မိုဘိုင်းဂိမ်းလောကကို ပိုမိုတိုးတက် ရေးအတွက်ပံ့ပိုးရန် ရည်ရွယ်ထားပြီး မိုဘိုင်းဂိမ်းပြိုင်ပွဲများသာမက မြန်မာတစ်နိုင်ငံလုံး၏ အခြားသောနယ်ပယ်များ ပိုမိုဖွံ့ဖြိုးလာရေးအတွက်လည်း ဆက်လက် ကူညီပံ့ပိုးသွားမည်ဖြစ်သည်။