[Zawgyi]

စြမ္းရည္နိမ့္ စမတ္ဖုန္းေတြမွာ ကစားႏုိင္တဲ့ PUBG Mobile Lite ကို ႏုိင္ငံမ်ားစြာအတြက္ တိုးခ်ဲ႕ျဖန္႔ခ်ိလိုက္ၿပီ ျဖစ္ပါတယ္။ Southeast Asia, South Asia, North Africa နဲ႔ South America က နိုင္ငံေတြအတြက္ Google Play မွာ Download လုပ္ႏုိင္ပါၿပီ။ PUBG Mobile ဟာ နာမည္ေက်ာ္ PC နဲ႔ Console Game ျဖစ္တဲ့ PlayerUnknown’s Battlegrounds ရဲ႕ Mobile Version ျဖစ္ပါတယ္။ PUBG ဟာ ကမာၻမွာ ၀င္ေငြ အေကာင္းဆံုး Mobile Game ျဖစ္ေနပါတယ္။ ဇူလိုင္လမွာ ေဒၚလာ ၁၆၇ သန္း ရရွိခဲ့တယ္လို႔ Mobile Analytics အဖြဲ႕အစည္း Sensor Tower က ေျပာပါတယ္။ ဇြန္လမွာ အဲဒီဂိမ္းကို ေန႔စဥ္ ကစားသူဟာ သန္း ၅၀ ေက်ာ္ရွိခဲ့ပါတယ္။ အခုဆိုရင္ PUBG Mobile Lite ကို ျဖန္႔ခ်ိေပးလိုက္တဲ့ အတြက္ ကစားသူ အေရအတြက္ဟာ အရမ္းကို တိုးတက္လာမွာ ေသခ်ာပါတယ္။

Lite Version ကို စြမ္းရည္နိမ့္ စမတ္ဖုန္းေတြမွာ ကစားႏုိင္ေအာင္ ဖန္တီးေပးထားတဲ့ အတြက္ ေျပာင္းလဲမႈ အခ်ိဳ႕ ျပဳလုပ္ထားပါတယ္။ ဒါ့အျပင္တိုက္ပြဲေတြ ျမန္ျမန္ ကစားနုိင္ေအာင္ ဖန္တီးေပးထားပါတယ္။  ေျမပံု အရြယ္အစား ေသးငယ္သြားၿပီး လူ ၆၀ သာ ကစားႏုိင္ပါတယ္။ PUBG Mobile မွာ လူ ၁၀၀ အထိ ကစားႏိုင္ပါတယ္။ အင္တာနက္လိုင္း မေကာင္းတဲ့ ေဒသေတြမွာ ေသနတ္ပစ္တာ ပိုတိက်ေအာင္ ပိုေကာင္းတဲ့ Aim Assist ကို Lite Version မွာ ထည့္သြင္းထားပါတယ္။ အေ၀းက ရန္သူကို ပစ္ရင္ က်ည္ဆံခြံက်တဲ့ Effect ေတာ့ မပါေတာ့ပါဘူး။

ေနာက္ဆံုးထုတ္ PUBG Mobile ကို Download လုပ္ဖို႔ ဖုန္းမွာ ေနရာလြတ္ 1.6GB ရွိရမွာျဖစ္ၿပီး Lite Version အတြက္ေတာ့ 490MB သာ ရွိဖို႔ လိုအပ္ပါတယ္။  Lite Version ကို 2GB RAM သာရွိတဲ့ စမတ္ဖုန္းေတြမွာေတာင္ ကစားႏုိင္ပါတယ္။ PUBG Mobile Lite ကို ဖန္တီးထားတဲ့ Tencent က မၾကာခင္မွာ Europe , North and Central America ေတြမွာ ျဖန္႔ခ်ိမယ္လို႔ ေျပာပါတယ္။

Ref : theverge

[Unicode]

PUBG Mobile Lite ကို နိုင်ငံများစွာအတွက် ဖြန့်ချီလိုက်ပြီ

စွမ်းရည်နိမ့် စမတ်ဖုန်းတွေမှာ ကစားနိုင်တဲ့ PUBG Mobile Lite ကို နိုင်ငံများစွာအတွက် တိုးချဲ့ ဖြန့်ချီလိုက်ပြီ ဖြစ်ပါတယ်။ Southeast Asia, South Asia, North Africa နဲ့ South America က နိုင်ငံတွေအတွက် Google Play မှာ Download လုပ်နိုင်ပါပြီ။ PUBG Mobile ဟာ နာမည်ကျော် PC နဲ့ Console Game ဖြစ်တဲ့ PlayerUnknown’s Battlegrounds ရဲ့ Mobile Version ဖြစ်ပါတယ်။ PUBG ဟာ ကမ္ဘာမှာ ဝင်ငွေ အကောင်းဆုံး Mobile Game ဖြစ်နေပါတယ်။ ဇူလိုင်လမှာ ဒေါ်လာ ၁၆၇ သန်း ရရှိခဲ့တယ်လို့ Mobile Analytics အဖွဲ့အစည်း Sensor Tower က ပြောပါတယ်။ ဇွန်လမှာ အဲဒီဂိမ်းကို နေ့စဉ် ကစားသူဟာ သန်း ၅၀ ကျော်ရှိခဲ့ပါတယ်။ အခုဆိုရင် PUBG Mobile Lite ကို ဖြန့်ချီပေးလိုက်တဲ့ အတွက် ကစားသူ အရေအတွက်ဟာ အရမ်းကို တိုးတက်လာမှာ သေချာပါတယ်။

Lite Version ကို စွမ်းရည်နိမ့် စမတ်ဖုန်းတွေမှာ ကစားနိုင်အောင် ဖန်တီးပေးထားတဲ့ အတွက် ပြောင်းလဲမှု အချို့ ပြုလုပ်ထားပါတယ်။ ဒါ့အပြင် တိုက်ပွဲတွေ မြန်မြန် ကစားနိုင်အောင် ဖန်တီးပေးထားပါတယ်။ မြေပုံ အရွယ်အစား သေးငယ်သွားပြီး လူ ၆၀ သာ ကစားနိုင်ပါတယ်။ PUBG Mobile မှာ လူ ၁၀၀ အထိ ကစားနိုင်ပါတယ်။ အင်တာနက်လိုင်း မကောင်းတဲ့ ဒေသတွေမှာ သေနတ်ပစ်တာ ပိုတိကျအောင် ပိုကောင်းတဲ့ Aim Assist ကို Lite Version မှာ ထည့်သွင်းထားပါတယ်။ အဝေးက ရန်သူကို ပစ်ရင် ကျည်ဆံခွံကျတဲ့ Effect တော့ မပါတော့ပါဘူး။

နောက်ဆုံးထုတ် PUBG Mobile ကို Download လုပ်ဖို့ ဖုန်းမှာ နေရာလွတ် 1.6GB ရှိရမှာဖြစ်ပြီး Lite Version အတွက်တော့ 490MB သာ ရှိဖို့ လိုအပ်ပါတယ်။ Lite Version ကို 2GB RAM သာရှိတဲ့ စမတ်ဖုန်းတွေမှာတောင် ကစားနိုင်ပါတယ်။ PUBG Mobile Lite ကို ဖန်တီးထားတဲ့ Tencent က မကြာခင်မှာ Europe , North and Central America တွေမှာ ဖြန့်ချီမယ်လို့ ပြောပါတယ်။

Ref : theverge