ဂိမ်းတွေကို နာရီပေါင်းများစွာကြာအောင် ကစားပြီးတဲ့အခါမှာ လက်ညောင်းတာ၊ မသက်မသာဖြစ်တာတွေ ရှိကြပါတယ်။ အခုတော့ ဂိမ်းကစားသူတွေ လက်ညောင်းရင် နှိပ်ပေးမယ့် Hand Massager ကို ဂျပန် ကုမ္ပဏီ Bauhutte က တီထွင်လိုက်ပါတယ်။ နာရီပေါင်းများစွာ ဂိမ်း ကစားပြီးတဲ့အခါ လက်အကြောကပ်တာနဲ့ တခြား လက်နဲ့ ပတ်သက်တဲ့ ကျန်းမာရေး ပြဿနာတွေ ဖြစ်တတ်ကြတဲ့အတွက် မိနစ်အနည်းငယ်လောက် အနားယူဖို့ လိုအပ်ပါတယ်။ အခုတော့ MSG-O1H-BK Hand Massager က ဒီပြဿနာကို ဖြေရှင်းပေးတော့မှာ ဖြစ်ပြီး လက်ချောင်း ၁ ခုချင်းစီအတွက် အလွှာ ၁၅ ခုပါတဲ့ လေအိတ်တွေနဲ့ နှိပ်နယ်ပေးပါတယ်။

Shiatsu Hand Massager for gamers

Hand Massager မှာ အလုပ်လုပ်တဲ့ Mode တွေကို ရွေးချယ်နိုင်ပြီး လက် ၁ ခုလုံးကို နှိပ်နယ်နိုင်သလို လက်ချောင်းတွေကို ဆန့်ထုတ်ပေးခြင်းဖြင့် နှိပ်နယ်နိုင်ပါတယ်။ အပူချိန်နဲ့ လက်ကို အကြောပြေစေတဲ့ နည်းလမ်းလည်း ပါပါတယ်။

Massager for gamers starts selling in Japan - Gadget Tendency

Hand Massager ဟာ ဂိမ်းကစားသူတွေ အပြင် တခြား လူတွေအတွက်လည်း အသုံးဝင်စေမှာ ဖြစ်ပါတယ်။ စက်ရုံ ၊ အလုပ်ရုံတွေမှာ အချိန်များစွာကြာ လက်ကို အဓိက အသုံးပြုကာ အလုပ်လုပ်နေရတဲ့ သူတွေအတွက် Hand Massager က အကျိုးရှိစေမှာ သေချာပါတယ်။

လက်ရှိမှာ Bauhutte Hand Massager ကို ဂျပန်မှာပဲ ရောင်းချပေးနေပြီး ဒေါ်လာ ၁၅၀ သတ်မှတ်ထားတဲ့အတွက် လက်ရှိ ပေါက်ဈေးအရ မြန်မာငွေ ၂၆၀,၀၀၀ လောက် တန်ကြေးရှိပါတယ်။ ဂျပန်မှာ လူကြိုက်များရင် တခြား နိုင်ငံတွေမှာ ရောင်းချလာနိုင်ပါတယ်။

Ref : gizmochina