Qualcomm ဟာ လာမယ့် မတ်လ ၁၇ ရက်နေ့မှာ Event တစ်ခုကို ကျင်းပသွားမယ်ဆိုပြီး ကြေညာလိုက်ပါတယ်။ အဆိုပါ Event အကြောင်းကို အသေးစိတ်ပြောကြားခဲ့ခြင်းမရှိပေမယ့် ဖြစ်နိုင်ခြေများနေတာက Snapdragon 7 Series Chipset အသစ်ကို မိတ်ဆက်သွားမယ်လို့ ယူဆရပါတယ်။

လက်ရှိအချိန်မှာ Qualcomm ဟာ Snapdragon 7 Gen 1 Chipset ကိုပဲ​ မိတ်ဆက်ထားပြီး အခုထပ်မံမိတ်ဆက်လာမယ့် Chipset အသစ်ဟာ Snapdragon 7+ Gen 1 သို့မဟုတ် Snapdragon 7 Gen 2 ဆိုပြီး နာမည်ပေးလာဖွယ်ရှိနေပါတယ်။

အခု Snapdragon 7 Series Chipset အသစ်ဟာ TSMC ရဲ့ 4nm Process နည်းပညာကို အခြေခံထုတ်လုပ်ထားမယ်လို့ သိရပြီး ယခင်ထက် စွမ်းဆောင်ရည်ပိုင်းမှာ သိသိသာသာ ပိုကောင်းလာဖွယ်ရှိနေပါတယ်။ ဘာကြောင့်လဲဆိုရင် အစောပိုင်းထွက်ရှိထားတဲ့သတင်းတွေအရ ယခု Chipset အသစ်ဟာ Flagship Chipset တွေမှာပဲ အသုံးပြုလေ့ရှိတဲ့ Cortex-X2 Core ကို ပထမဆုံးအကြိမ် Mid Range Chipset မှာ ထည့်သွင်းအသုံးပြုလာမှာပဲဖြစ်ပါတယ်။

Snapdragon 7 Series Chipset အသစ်ရဲ့ Model Number ကို SM7475 လို့ နာမည်ပေးထားပြီး 2.92GHz Cortex-X2 Core အပြင် 2.5GHz Cortex-A710 Core ၃ လုံး၊​ 1.8GHz Cortex-A510 Core ၄ လုံးပါဝင်မှာဖြစ်ပါတယ်။ GPU ပိုင်းမှာလည်း 580Hz Clock Speed အထိမောင်းနှင်နိုင်မယ့် Adreno 725 GPU ပါဝင်မယ်လို့ သိရပါတယ်။

Ref – GSM Arena