Unicode

MediaTek ကနေ အခုနောက်ပိုင်းမှာ 5G Modem ပါဝင်ပြီးသား Dimensity Chipset အသစ်တွေကို မိတ်ဆက်ပြီးတော့ Qualcomm Snapdragon Chipset တွေကို ယှဥ်ပြိုင်ဖို့ ပြုလုပ်နေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း နာမည်ကြီး Analyst တစ်ဦးဖြစ်တဲ့ Ming Chi Kuo ရဲ့ ပြောကြားချက်ရတော့ ဒီလိုမျိုး ပြိုင်ဆိုင်တဲ့နေရမှာ အမြတ်ရဖို့မရှိဘဲ 5G Chip Order တွေကိုပါ ဆုံးရှုံးနိုင်တယ်လို့ သိရပါတယ်။

ဘာကြောင့်လဲဆိုရင်တော့ Qualcomm ကနေ MediaTek ရဲ့ 5G Dimensity Chipset တွေကို ပြန်လည်ယှဥ်ပြိုင်ဖို့အတွက် Snapdragon 765 Chipset စျေးနှုန်းကို ချပေးသွားမှာဖြစ်တယ်လို့ သတင်းရရှိတာကြောင့်ဖြစ်ပါတယ်။ အဲ့ဒီအတွက် MediaTek ကနေ မိတ်ဆက်ထားပြီးဖြစ်ပေမယ့် မေလဝန်းကျင်မှ ထွက်ရှိလာမယ့် Dimensity 800 5G Chip အတွက်ကတော့ အခက်ကြုံရဖွယ်ရှိနေပါတယ်။

Qualcomm ကနေ ဒီ Snapdragon 765 5G Chipset တွေကို လက်ရှိရောင်းချနေတဲ့စျေးထက် ၃၀ ရာခိုင်နှုန်းလောက်အထိ လျော့ချသွားမှာဖြစ်ပြီး Unit တစ်ခုကို ဒေါ်လာ ၄၀ ဝန်းကျင်ပဲရှိမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် MediaTek ရဲ့ လက်ရှိ Dimensity 1000L Chipset ရဲ့ စျေးဖြစ်တဲ့ ဒေါ်လာ ၆၀ နဲ့ ၇၀ ကြားထက် ပိုပြီး သက်သာသွားတာဖြစ်ပါတယ်။ အခု Chipset တစ်ခုချင်းစီအတွက် ထုတ်လုပ်မှုတန်ဖိုးကတော့ ၄၅ ဒေါ်လာကနေ ဒေါ်လာ ၅၀ ကြားရှိနိင်တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ MediaTek ကနေ ဖုန်းထုတ်လုပ်သူတွေဖြစ်တဲ့ OPPO ၊ Vivo နဲ့ Xiaomi တို့ဆီကနေ 5G Chipset မှာယူမှုစုစုပေါင်း Unit သန်း ၂၀ ကနေ ၂၅ သန်းဝန်းကျင်ရှိနေပြီးတော့ လာမယ့် ဖေဖော်ဝါရီလမှာ စတင် တင်ပို့ရတော့မှာဖြစ်ပါတယ်။ အဲ့ဒီအတွက် နောက်ပိုင်းမှာယူမှုတွေမှာတော့ Qualcomm ကြောင့် သိသိသာသာကို ကျဆင်းနိုင်ပြီး ဖုန်းထုတ်လုပ်သူတွေအနေနဲ့လည်း Snapdragon 765 Chipset သုံးထားတဲ့ဖုန်းတွေကိုပဲ ပိုပြီး ထုတ်လုပ်လာနိုင်ပါတယ်။

Qualcomm က ဒီ Snapdragon 765 Chipset ကိုပဲ စျေးနှုန်းလျော့ချသွားမှာဖြစ်ပြီးတော့ Flagship Snapdragon 865 5G Chipset ကိုတော့ စျေးနှုန်းပြောင်းလဲခြင်းမရှိဘဲ ဒေါ်လာ ၁၂၀ ကနေ ၁၃၀ ကြားနဲ့ ဆက်လက်ရောင်းချသွားမယ်လို့ သိရပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီသတင်းက အသုံးပြုသူတွေအတွက် သတင်းကောင်းပေမယ့် MediaTek အတွက်ကတော့ စိတ်မကောင်းစရာပါ။

Ref – Gizmo China

Zawgyi

MediaTek ကေန အခုေနာက္ပိုင္းမွာ 5G Modem ပါဝင္ၿပီးသား Dimensity Chipset အသစ္ေတြကို မိတ္ဆက္ၿပီးေတာ့ Qualcomm Snapdragon Chipset ေတြကို ယွဥ္ၿပိဳင္ဖို႔ ျပဳလုပ္ေနတာျဖစ္ပါတယ္။ ဒါေပမယ့္လည္း နာမည္ႀကီး Analyst တစ္ဦးျဖစ္တဲ့ Ming Chi Kuo ရဲ႕ ေျပာၾကားခ်က္ရေတာ့ ဒီလိုမ်ိဳး ၿပိဳင္ဆိုင္တဲ့ေနရမွာ အျမတ္ရဖို႔မရွိဘဲ 5G Chip Order ေတြကိုပါ ဆုံးရႈံးႏိုင္တယ္လို႔ သိရပါတယ္။

ဘာေၾကာင့္လဲဆိုရင္ေတာ့ Qualcomm ကေန MediaTek ရဲ႕ 5G Dimensity Chipset ေတြကို ျပန္လည္ယွဥ္ၿပိဳင္ဖို႔အတြက္ Snapdragon 765 Chipset ေစ်းႏႈန္းကို ခ်ေပးသြားမွာျဖစ္တယ္လို႔ သတင္းရရွိတာေၾကာင့္ျဖစ္ပါတယ္။ အဲ့ဒီအတြက္ MediaTek ကေန မိတ္ဆက္ထားၿပီးျဖစ္ေပမယ့္ ေမလဝန္းက်င္မွ ထြက္ရွိလာမယ့္ Dimensity 800 5G Chip အတြက္ကေတာ့ အခက္ႀကဳံရဖြယ္ရွိေနပါတယ္။

Qualcomm ကေန ဒီ Snapdragon 765 5G Chipset ေတြကို လက္ရွိေရာင္းခ်ေနတဲ့ေစ်းထက္ ၃၀ ရာခိုင္ႏႈန္းေလာက္အထိ ေလ်ာ့ခ်သြားမွာျဖစ္ၿပီး Unit တစ္ခုကို ေဒၚလာ ၄၀ ဝန္းက်င္ပဲရွိမွာျဖစ္ပါတယ္။ အဲ့ဒီအတြက္ MediaTek ရဲ႕ လက္ရွိ Dimensity 1000L Chipset ရဲ႕ ေစ်းျဖစ္တဲ့ ေဒၚလာ ၆၀ နဲ႔ ၇၀ ၾကားထက္ ပိုၿပီး သက္သာသြားတာျဖစ္ပါတယ္။ အခု Chipset တစ္ခုခ်င္းစီအတြက္ ထုတ္လုပ္မႈတန္ဖိုးကေတာ့ ၄၅ ေဒၚလာကေန ေဒၚလာ ၅၀ ၾကားရွိနိင္တယ္လို႔ သိရပါတယ္။

လက္ရွိအခ်ိန္မွာ MediaTek ကေန ဖုန္းထုတ္လုပ္သူေတြျဖစ္တဲ့ OPPO ၊ Vivo နဲ႔ Xiaomi တို႔ဆီကေန 5G Chipset မွာယူမႈစုစုေပါင္း Unit သန္း ၂၀ ကေန ၂၅ သန္းဝန္းက်င္ရွိေနၿပီးေတာ့ လာမယ့္ ေဖေဖာ္ဝါရီလမွာ စတင္ တင္ပို႔ရေတာ့မွာျဖစ္ပါတယ္။ အဲ့ဒီအတြက္ ေနာက္ပိုင္းမွာယူမႈေတြမွာေတာ့ Qualcomm ေၾကာင့္ သိသိသာသာကို က်ဆင္းႏိုင္ၿပီး ဖုန္းထုတ္လုပ္သူေတြအေနနဲ႔လည္း Snapdragon 765 Chipset သုံးထားတဲ့ဖုန္းေတြကိုပဲ ပိုၿပီး ထုတ္လုပ္လာႏိုင္ပါတယ္။

Qualcomm က ဒီ Snapdragon 765 Chipset ကိုပဲ ေစ်းႏႈန္းေလ်ာ့ခ်သြားမွာျဖစ္ၿပီးေတာ့ Flagship Snapdragon 865 5G Chipset ကိုေတာ့ ေစ်းႏႈန္းေျပာင္းလဲျခင္းမရွိဘဲ ေဒၚလာ ၁၂၀ ကေန ၁၃၀ ၾကားနဲ႔ ဆက္လက္ေရာင္းခ်သြားမယ္လို႔ သိရပါတယ္။ ဘာပဲျဖစ္ျဖစ္ ဒီသတင္းက အသုံးျပဳသူေတြအတြက္ သတင္းေကာင္းေပမယ့္ MediaTek အတြက္ကေတာ့ စိတ္မေကာင္းစရာပါ။

Ref – Gizmo China