Qualcomm ဟာ လာမယ့် မေလ ၂၀ ရက်နေ့မှာ တရုတ်နိုင်ငံအတွင်းမှာ Launch Event တစ်ခုကို ပြုလုပ်သွားမယ်ဆိုပြီး တရားဝင်ကြေညာလိုက်ပြီဖြစ်ပါတယ်။ Qualcomm ကနေတော့ အခုလာမယ့် Launch Event နဲ့ ပတ်သက်ပြီး အသေးစိတ်ဖော်ပြခဲ့ခြင်းမရှိပေမယ့် Snapdragon Processor အသစ်တွေကို မြင်တွေ့ရဖို့ကတော့ ကျိန်းသေသလောက်ဖြစ်နေပါတယ်။

ဖြစ်နိုင်ခြေအများဆုံးကတော့ Qualcomm ကနေ လက်ရှိ Flagship Processor တစ်ခုဖြစ်တဲ့ Snapdragon 8 Gen1 ရဲ့ မျိုးဆက်သစ်ဖြစ်လာမယ့် Snapdragon 8 Gen1 Plus Chipset ကို မိတ်ဆက်သွားမှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ High End စမတ်ဖုန်းတွေအတွက် လက်ရှိ Snapdragon 700 Series Processor တွေကို အစားထိုးသွားမယ့် Snapdragon 7 Gen1 Chipset အသစ်ကိုပါ မိတ်ဆက်သွားမယ်ဆိုပြီး ခန့်မှန်းနေကြပါတယ်။

အဆိုပါ Snapdragon 7 Gen1 Chipset ဟာ ARM Cortex A710 နဲ့ Cortex A510 Core တွေကိုအသုံးပြုထားပြီး Clock Speed အနေနဲ့ 2.3GHz နဲ့ 1.8GHz အသီးသီးဖြင့် မောင်းနှင်မှာဖြစ်ပါတယ်။ GPU ပိုင်းအနေနဲ့ကတော့ Adreno 662 GPU ကို အသုံးပြုထားမယ်လို့ သိရပါတယ်။

တစ်ဖက်မှာတော့ Snapdragon 8 Gen1 Plus ဟာ အခုလက်ရှိ Snapdragon 8 Gen1 က အခြေခံထားတဲ့ Samsung ရဲ့ 4nm Process Architecture အစား TSMC ရဲ့ 4nm Process Architecture ကို ပြောင်းလဲအသုံးပြုထားမှာဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိ Snapdragon 8 Gen1 Processor မှာ ကြုံတွေ့နေရတဲ့ Overheating Issue တွေကို ပြင်ဆင်ထားမယ်လို့ ယူဆရပါတယ်။

Ref – Gizmo China