Zawgyi

Qualcomm ကေန ႏွစ္စဥ္ျပဳလုပ္ေနၾက Snapdragon Tech Summit ကို ယခုႏွစ္အတြက္ လာမယ့္ ဒီဇင္ဘာလ ၃ ရက္ေန႔ကေန ၅ ရက္ေန႔အထိ ျပဳလုပ္မယ္လို႔ ေၾကညာလိုက္ၿပီျဖစ္ပါတယ္။ အဆိုပါ Summit ဟာဆိုရင္ US ၊ Hawaii မွာ ျပဳလုပ္ေနၾက Event တစ္ခုျဖစ္ၿပီး Qualcomm ရဲ႕ Flagship Snapdragon Processor အျပင္ နည္းပညာအသစ္ေတြကို မိတ္ဆက္ေနၾက Event တစ္ခုလည္းျဖစ္ပါတယ္။

အခုႏွစ္မွာလည္း Qualcomm ကေန Snapdragon 865 Processor အသစ္ကို လာမယ့္ Snapdragon Tech Summit မွာ မိတ္ဆက္လာဖို႔ က်ိန္းေသသေလာက္ျဖစ္ေနပါၿပီ။ အဆိုပါ Snapdragon 865 Processor ဟာ ေနာက္လာမယ့္ ၂၀၂၀ ခုႏွစ္အတြက္ Flagship ဖုန္းေတြမွာ အသုံးျပဳလာမယ့္ Processor တစ္ခုျဖစ္လာမွာျဖစ္ပါတယ္။

ေလာေလာဆယ္မွာေတာ့ Snapdragon 865 Processor နဲ႔ ပတ္သတ္ၿပီးေတာ့ သတင္းႀကီးႀကီးမားမား ေပါက္ၾကားျခင္းမရွိေသးေပမယ့္ လက္ရွိ Snapdragon 855 Processor လိုမ်ိဳးပဲ TSMC ရဲ႕ 7nm FinFet Architecture ကိုပဲ အေျခခံလာဖို႔မ်ားေနပါတယ္။ ေသခ်ာတဲ့ ေျပာင္းလဲမႈတစ္ခုကေတာ့ Snapdragon 865 Processor က 5G Modem ကို Built-in ပါဝင္လာမွာျဖစ္ၿပီး ေနာက္ႏွစ္မွာထြက္ရွိလာမယ့္ Flagship ဖုန္းေတြအကုန္လုံး 5G ကို Support ျပဳလုပ္လာဖို႔ကေတာ့ က်ိန္းေသေနပါၿပီ။

စြမ္းေဆာင္ရည္ပိုင္းအေနနဲ႔ကေတာ့ Cortex-A75 CPU Core အသစ္ေတြနဲ႔ Adreno GPU အသစ္ကို အသုံးျပဳလာမွာျဖစ္တဲ့အတြက္ Snapdragon 855 ထက္ စြမ္းေဆာင္ရည္ပိုင္းမွာ သိသိသာသာပိုေကာင္းလာမွာျဖစ္သလို AI နဲ႔ Image Processing ပိုင္းမွာလည္း Feature အသစ္ေတြပါဝင္လာႏိုင္ဖြယ္ရွိေနပါတယ္။ ဒါေပမယ့္ 7nm Architecture ကိုပဲ အသုံးျပဳေနတဲ့အတြက္ Snapdragon 855 နဲ႔ ယွဥ္ရင္ ဘယ္ေလာက္ထိပိုၿပီး တိုးတက္လာမလဲဆိုတာကေတာ့ ဆက္လက္ေစာင့္ၾကည့္ရဦးမွာပါ။

အခု Qualcomm Tech Summit မွာ Snapdragon 865 Processor အျပင္ ARM-based Always-Connected Laptop ေတြအတြက္ Snapdragon 8cx SOC ကို အဆင့္ျမႇင့္တင္ထားတဲ့ Processor အသစ္ကိုပါ မိတ္ဆက္လာမယ္လို႔ သတင္းေတြထြက္ေပၚေနၿပီး Smartwatch ေတြအတြက္လည္း Processor အသစ္မိတ္ဆက္လာႏိုင္ဖြယ္ရွိေနပါတယ္။

Ref – Gizmo China

Unicode

Qualcomm ကနေ နှစ်စဥ်ပြုလုပ်နေကြ Snapdragon Tech Summit ကို ယခုနှစ်အတွက် လာမယ့် ဒီဇင်ဘာလ ၃ ရက်နေ့ကနေ ၅ ရက်နေ့အထိ ပြုလုပ်မယ်လို့ ကြေညာလိုက်ပြီဖြစ်ပါတယ်။ အဆိုပါ Summit ဟာဆိုရင် US ၊ Hawaii မှာ ပြုလုပ်နေကြ Event တစ်ခုဖြစ်ပြီး Qualcomm ရဲ့ Flagship Snapdragon Processor အပြင် နည်းပညာအသစ်တွေကို မိတ်ဆက်နေကြ Event တစ်ခုလည်းဖြစ်ပါတယ်။

အခုနှစ်မှာလည်း Qualcomm ကနေ Snapdragon 865 Processor အသစ်ကို လာမယ့် Snapdragon Tech Summit မှာ မိတ်ဆက်လာဖို့ ကျိန်းသေသလောက်ဖြစ်နေပါပြီ။ အဆိုပါ Snapdragon 865 Processor ဟာ နောက်လာမယ့် ၂၀၂၀ ခုနှစ်အတွက် Flagship ဖုန်းတွေမှာ အသုံးပြုလာမယ့် Processor တစ်ခုဖြစ်လာမှာဖြစ်ပါတယ်။

လောလောဆယ်မှာတော့ Snapdragon 865 Processor နဲ့ ပတ်သတ်ပြီးတော့ သတင်းကြီးကြီးမားမား ပေါက်ကြားခြင်းမရှိသေးပေမယ့် လက်ရှိ Snapdragon 855 Processor လိုမျိုးပဲ TSMC ရဲ့ 7nm FinFet Architecture ကိုပဲ အခြေခံလာဖို့များနေပါတယ်။ သေချာတဲ့ ပြောင်းလဲမှုတစ်ခုကတော့ Snapdragon 865 Processor က 5G Modem ကို Built-in ပါဝင်လာမှာဖြစ်ပြီး နောက်နှစ်မှာထွက်ရှိလာမယ့် Flagship ဖုန်းတွေအကုန်လုံး 5G ကို Support ပြုလုပ်လာဖို့ကတော့ ကျိန်းသေနေပါပြီ။

စွမ်းဆောင်ရည်ပိုင်းအနေနဲ့ကတော့ Cortex-A75 CPU Core အသစ်တွေနဲ့ Adreno GPU အသစ်ကို အသုံးပြုလာမှာဖြစ်တဲ့အတွက် Snapdragon 855 ထက် စွမ်းဆောင်ရည်ပိုင်းမှာ သိသိသာသာပိုကောင်းလာမှာဖြစ်သလို AI နဲ့ Image Processing ပိုင်းမှာလည်း Feature အသစ်တွေပါဝင်လာနိုင်ဖွယ်ရှိနေပါတယ်။ ဒါပေမယ့် 7nm Architecture ကိုပဲ အသုံးပြုနေတဲ့အတွက် Snapdragon 855 နဲ့ ယှဥ်ရင် ဘယ်လောက်ထိပိုပြီး တိုးတက်လာမလဲဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရဦးမှာပါ။

အခု Qualcomm Tech Summit မှာ Snapdragon 865 Processor အပြင် ARM-based Always-Connected Laptop တွေအတွက် Snapdragon 8cx SOC ကို အဆင့်မြှင့်တင်ထားတဲ့ Processor အသစ်ကိုပါ မိတ်ဆက်လာမယ်လို့ သတင်းတွေထွက်ပေါ်နေပြီး Smartwatch တွေအတွက်လည်း Processor အသစ်မိတ်ဆက်လာနိုင်ဖွယ်ရှိနေပါတယ်။

Ref – Gizmo China