Qualcomm ဟာ လက်ရှိအချိန်မှာ Snapdragon 8cx လိုမျိုး Chipset တွေကို Windows PC တွေနဲ့ Laptop တွေအတွက် ထုတ်ပေးထားပြီးဖြစ်ပါတယ်။ ဒါပေမယ့် Performance ပိုင်းမှာ Apple ရဲ့ ARM-based M Series Chipset တွေကို လိုက်မှီခြင်းမရှိခဲ့ပါဘူး။

ဒါဟာ Qualcomm ကနေ လက်ရှိအချိန်အထိ Windows PC တွေအတွက်ထုတ်ပေးနေတဲ့ Chipset တွေဟာ Mobile Flagship Chipset တွေကို အနည်းငယ်ပြင်ဆင်ပြောင်းလဲပြီး ထုတ်လုပ်နေတာကြောင့်ဖြစ်ပါတယ်။ ဒါပေမယ့် Qualcomm ကနေ Windows PC စျေးကွက်အတွက် သီးသန့် စွမ်းဆောင်ရည်မြင့်မားတဲ့ ARM-based Chipset အသစ်တွေကို စတင်ထုတ်လုပ်သွားတော့မယ်လို့ သိရပါတယ်။

Qualcomm ကနေ အရင်ဆုံးမိတ်ဆက်လာနိုင်တဲ့ Chipset ကတော့ Codename အနေနဲ့ Hamoa လို့ နာမည်ပေးထားပြီးတော့ ၂၀၂၄ ခုနှစ်အတွင်းမှာ မိတ်ဆက်လာနိုင်ပါတယ်။ အဆိုပါ Hamoa Chipset ဟာ 12-Core CPU အမျိုးအစားဖြစ်ပြီး Performance Core ၈ လုံးနဲ့ Efficiency Core ၄ လုံးပါဝင်မှာဖြစ်ပါတယ်။ GPU ပိုင်းအတွက်လည်း သီးသန့်ပါဝင်မှာဖြစ်ပြီး လောလောဆယ်မှာတော့ ဘယ်လို GPU အမျိုးအစားဖြစ်မလဲဆိုတာကို မသိရှိရသေးပါဘူး။

တခြားသော သတင်းတွေကိုတော့ မသိရှိရသေးဘဲ Qualcomm ဟာ ယခင် Apple M Series Chipset တွေကို ထုတ်လုပ်တဲ့ Apple Engineer တွေကနေ တီထွင်ထားတဲ့ Nuvia ရဲ့ Phoenix Core Design ကို အခြေခံပြီး အသုံးပြုလာမှာဖြစ်ပါတယ်။ ဒါကြောင့် Qualcomm ရဲ့ ပထမဆုံး ARM-based Desktop PC Chipset ဟာ စွမ်းဆောင်ရည်ပိုင်းမှာ လက်ရှိထက်တော့ အများကြီးပိုကောင်းလာဖွယ်ရှိပါတယ်။

Ref – GSM Arena