Google ဟာ ယခုနှစ်အတွက် Flagship ဖုန်းတွေဖြစ်လာမယ့် Pixel 6 Series ဖုန်းတွေကို သေချာအာရုံစိုက်ထားတာဖြစ်ပါတယ်။ Design ပိုင်းတင်မဟုတ်သေးဘဲ Camera ၊​ Display ပိုင်းမှာပါ တခြား Flagship ဖုန်းတွေနဲ့ ယှဥ်ပြိုင်နိုင်တဲ့အထိ အဆင့်မြှင့်တင်လာမှာဖြစ်ပါတယ်။

Google Pixel 6 Series ဖုန်းတွေမှာ အဓိကစိတ်ဝင်စားဖို့ကောင်းနေတဲ့အချက်တစ်ခုလည်း ရှိနေပါတယ်​။​ ဒါကတော့ Google Pixel 6 ဖုန်းတွေဟာ ပထမဆုံးအနေနဲ့ Qualcomm Snapdragon Processor တွေအစား ကိုယ်ပိုင် Tensor Chip ကို အသုံးပြုလာမှာကြောင့်ဖြစ်ပါတယ်။ Google ဟာ အဆိုပါ Tensor Chip အတွက် Samsung Exynos ရဲ့ အကူအညီရယူထားရတယ်ဆိုပေမယ့်လည်း အများစုကို ကိုယ်ပိုင်နည်းပညာနဲ့ ထုတ်လုပ်ထားတာဖြစ်ပါတယ်။​

ဒါပေမယ့်လည်း အခုလိုမျိုး Google အနေနဲ့ ကိုယ်ပိုင် Chip ကို ပြောင်းလဲအသုံးပြုတာကို Qualcomm ကတော့ ကြိုက်နှစ်သက်ပုံမရပါဘူး။​​ ဘာကြောင့်လဲဆိုရင် Qualcomm ရဲ့ Official Twitter Page မှာ အခြေအနေဆိုးနိုင်တဲ့ Warning Sign ဖြစ်တဲ့ Red Flag Meme Trend တစ်ခုကို အသုံးပြုပြီး Google ကို လှောင်ပြောင်ခဲ့တာကြောင့် ဖြစ်ပါတယ်။

အဆိုပါ အဓိပ္ပါယ်ကတော့ Google က ကိုယ်ပိုင် Chip ထုတ်ပေမယ့်လည်း အောင်မြင်မှာမဟုတ်ဘူးလို့ ပြောဆိုခဲ့တာဖြစ်ပြီး Google ကတော့ ပြန်လည်တုန့်ပြန်ခြင်းမရှိသေးပါဘူး။​ Google ဟာ မနှစ်တုန်းက Pixel 5 မှာတင် Snapdragon Flagship Chipset အစား Snapdragon 765G Mid Range Chipset ကိုပဲ​အသုံးပြုခဲ့တာကြောင့် Google နဲ့ Qualcomm အကြား ယခင်ထဲက ပြဿနာရှိနေပုံပါပဲ။​

ဘာပဲဖြစ်ဖြစ် Google အနေနဲ့ အခုလိုမျိုး ကိုယ်ပိုင် Tensor Chip ကို အသုံးပြုလိုက်တာကြောင့် Software Update ပိုင်းမှာ Pixel 6 Series ဖုန်းတွေကို ၅ နှစ်အထိ Update ပေးနိုင်တော့မှာဖြစ်ပါတယ်။

Ref – 9to5Google