Qualcomm CEO Cristiano Amon က On-Device AI ရဲ့ အလားအလာနဲ့ မိုဘိုင်းဖုန်း လောကကို တိုးတက်ပြောင်းလဲစေမယ့် အကြောင်းကို Bloomberg Technology Summit မှာ ပြောကြားလိုက်ပါတယ်။ သူက AI ဟာ မိုဘိုင်းဖုန်းတွေကို တစ်ခေတ်ဆန်းစေမယ်လို့ ပြောပါတယ်။ သူ့ရဲ့ ပြောကြားချက်အရ Qualcomm ဟာ စိတ်ဝင်စားစရာ နည်းပညာ တစ်ခုကို ဖန်တီးနေပုံရပါတယ်။

Qualcomm

On-Device AI ဆိုတာ AI ကို ဖုန်းထဲမှာ ထည့်သွင်းထားတာ ဖြစ်ပြီး Processing လုပ်ဖို့ Remote Server တွေထံ ပို့စရာ မလိုတော့ပါဘူး။ အဲဒီအတွက် အင်တာနက် ချိတ်ဆက်စရာ မလိုဘဲ ဖုန်းထဲမှာ AI ဟာ အလုပ်လုပ်ပါတယ်။ On-Device AI ဟာ ဖုန်းရဲ့ စွမ်းဆောင်ရည်ကို တိုးတက်စေပြီး User ရဲ့ Privacy နဲ့ လုံခြုံရေးကို ပိုကောင်းစေပါတယ်။

နောက်လမှာ Qualcomm ဟာ “Snapdragon Summit” ကို ကျင်းပမှာ ဖြစ်ပြီး အဲဒီမှာ ကုမ္ပဏီက မိုဘိုင်း နည်းပညာ အသစ်တွေကို ပြသနိုင်ပါတယ်။

Qualcomm

Amon က On-Device AI ဟာ မိုဘိုင်းဖုန်းတွေကို တစ်ခေတ်ဆန်းစေမယ်လို့ ယုံကြည်ထားပါတယ်။ AI ဟာ ဘက်ထရီ သက်တမ်း ၊ ကင်မရာ စွမ်းရည်နဲ့ Voice Recognition ကိုပိုကောင်းစေမှာပါ။ User ရဲ့ အပြုအမူနဲ့ ရွေးချယ်မှုတွေကို သင်ယူလေ့လာနိုင်ပြီး User Experience ကို တိုးတက်စေပါတယ်။

On-Device AI ဟာ Augmented Reality (AR) နယ်ပယ်မှာလည်း အသုံးဝင်လာမှာပါ။ AR Content တွေကို ဖုန်းထဲမှာပဲ Process လုပ်နိုင်တဲ့အတွက် ပိုမို အသက်ဝင်ပြီး သဘာဝကျတဲ့ AR ကို ခံစားရမှာပါ။ ဒါဟာ Gaming ၊ ပညာရေးနဲ့ ဖျော်ဖြေရေးအတွက် အခွင့်အလမ်း အသစ်တွေ ရလာစေမှာပါ။

Ref : gizchina