Qualcomm ကနေ အခုအချိန်မှာ Wireless Earbuds တွေအတွက် Next Generation Ultra-low-power Bluetooth System on Chip (SoC) အသစ်တွေကို မိတ်ဆက်လိုက်ပါတယ်။ အဆိုပါ Bluetooth Chip တွေဟာ Active Noise Cancellation (ANC) ၊ Voice Assistant Support လိုမျိုး Feature တွေကို စျေးသက်သာတဲ့ Earbuds တွေမှာ အသုံးပြုနိုင်အောင် ထုတ်ပေးခဲ့တာဖြစ်ပါတယ်။

Qualcomm ကနေ မိတ်ဆက်လိုက်တဲ့ Bluetooth Chip တွေကတော့ အမြင့်ပိုင်းအတွက် Qualcomm QCC514X နဲ့ Entry နဲ့ Mid Range ပိုင်းတွေအတွက် QCC304X ဆိုပြီးထုတ်ပြခဲ့တာဖြစ်ပါတယ်။ အဆိုပါ Bluetooth Chip ၂ မျိုးစလုံးက Qualcomm ရဲ့ TrueWireless Mirroring Technology ကို အသုံးပြုနိုင်မှာလည်းဖြစ်ပါတယ်။ အဲ့ဒီအတွက် တစ်ဖက်ကို နားထဲကထုတ်လိုက်ရင်တောင်မှာ ကျန်တဲ့တစ်ဖက်ကနေ အနှောင့်အယှက်မရှိဘဲ ဆက်လက်နားထောင်နိုင်မှာပါ။

ဒါတင်မဟုတ်သေးဘဲ အဆိုပါ Chip တွေမှာ Hybrid ANC Feature ကို Support ပြုလုပ်နိုင်ပြီး ANC ကိုသုံးနေမယ်ဆိုရင်တောင် 65mAh Battery မှာ ၁၃ နာရီအထိ ဆက်တိုက်နားထောင်နိုင်မယ်လို့ သိရပါတယ်။

အခု Bluetooth Chip ၂ ခုရဲ့ အဓိကွာခြားချက်ကတော့ အမြင့်ပိုင်း QCC514X မှာ Voice Assistant တွေအတွက် Always on Voice ပါဝင်ပြီးတော့ အနိမ့်ပိုင်း QCC304X မှာတော့ Pushbutton Voice Activation ကိုပဲ Support ပြုလုပ်မှာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အခု Bluetooth Chip တွေဟာ True Wireless Earbuds တွေအတွက် သတင်းကောင်းတစ်ခုလို့ပြောရမှာပါ။

Ref – Engadget