Unicode

Razer လို့ ဆိုလိုက်တာနဲ့ Gaming Laptop တွေအပါအဝင် Gaming Accessories တွေ၊ Gaming Phone တွေကို ထုတ်လုပ်တဲ့ ကုမ္ပဏီလို့ ပြောလို့ရမှာပါ။ Razer ကနေ ကိုယ်ပိုင် Gaming Desktop PC တွေကို တခါမှရောင်းချခဲ့ခြင်းမရှိသေးပေမယ့် အခုအချိန်မှာတော့ CES 2020 Event မှာ Razer Tomahauk နာမည်နဲ့ Gaming Desktop PC ကို မိတ်ဆက်ခဲ့ပါတယ်။

အဆိုပါ Razer Tomahauk Gaming Desktop PC ဟာ သာမန်မြင်နေကြ Desktop PC တွေနဲ့ တူညီမှာမဟုတ်ဘဲ ကိရိယာမလိုအပ်ဘဲ အလွယ်တကူဖြုတ်ယူနိုင်တဲ့ 10 Liter ပဲရှိတဲ့ Box တစ်ခုအနေနဲ့ပဲရှိနေမှာပါ။ ဘေးဘက်ခြမ်းမှာလည်း Tempered Glass Panel ပါဝင်မှာဖြစ်ပြီး Graphic Card ကိုပါ အပြင်ဘက်ကနေ မြင်နေရမှာဖြစ်ပါတယ်။

ဒီ Razer Tomahauk ဟာ ရုတ်တရက်ကြည့်မယ်ဆိုရင် Razer ကနေ ယခင်တုန်းကထုတ်ခဲ့ဖူးတဲ့ Razer Core လိုမျိုး External Enclosure နဲ့ တူညီပေမယ့် Power Supply အပြင် Motherboard တစ်ခုလည်းပါဝင်နေပါသေးတယ်။ ဒီ Modular Desktop အတွက် အရေးအကြီးဆုံးကတော့ Intel ရဲ့ NUC Element Modular Computer ပဲဖြစ်ပါတယ်။

အဆိုပါ Intel NUC Element မှာဆိုရင် 45W Intel Core i9-9980HK Processor ၊ Cooling Fan နဲ့ Memory ၊ SSD Slot တွေပါဝင်မှာဖြစ်သလို Wi-Fi 6 နဲ့ Ports တွေလည်းပါဝင်မှာပါ။ အဆိုပါ Intel NUC Element ကို Razer Tomahauk မှာ ပါဝင်တဲ့ PCI Slot ထဲထည့်ပြီး ဘေးဘက်မှာ Desktop GPU ကိုထည့်သွင်းပြီး Power Supply နဲ့ ချိတ်ဆက်လိုက်ရုံနဲ့တင် အသုံးပြုနိုင်မှာဖြစ်ပါတယ်။

လောလောဆယ်မှာတော့ Razer ကနေ ဒီ Razer Tomahauk ကို လာမယ့် ဇွန်လမှာရောင်းချသွားမှာဖြစ်ပြီးတော့ Intel Core i7 ၊ 16GB RAM ၊ 512GB SSD နဲ့ RTX 20 Series GPU ပါဝင်တဲ့ Version ကို $2,000 ဝန်းကျင်ကနေ စတင်ရောင်းချသွားမှာဖြစ်တယ်လို့ သိရပါတယ်။ အမြင့်ဆုံးအနေနဲ့ Intel Core i9 Processor ၊ 64GB RAM နဲ့ Nvidia Geforce RTX 2080 Super အထိ ရွေးချယ်နိုင်မှာလည်းဖြစ်ပါတယ်။

Intel ဟာ ဒီအဓိက ဖြစ်တဲ့ NUC Element ကိုလည်း သီးခြားရောင်းချသွားမှာဖြစ်တဲ့အတွက် နောက်ပိုင်းမှာပါ ဒီ NUC Element Module နဲ့ Graphic Card တွေကို စိတ်ကြိုက်တပ်ဆင်နိုင်တဲ့ Casing တွေကိုလည်း Cooler Master လိုမျိုး ကုမ္ပဏီတွေက ရောင်းချလာဖွယ်ရှိနေပါတယ်။

Ref – The Verge

Zawgyi

Razer လို႔ ဆိုလိုက္တာနဲ႔ Gaming Laptop ေတြအပါအဝင္ Gaming Accessories ေတြ၊ Gaming Phone ေတြကို ထုတ္လုပ္တဲ့ ကုမၸဏီလို႔ ေျပာလို႔ရမွာပါ။ Razer ကေန ကိုယ္ပိုင္ Gaming Desktop PC ေတြကို တခါမွေရာင္းခ်ခဲ့ျခင္းမရွိေသးေပမယ့္ အခုအခ်ိန္မွာေတာ့ CES 2020 Event မွာ Razer Tomahauk နာမည္နဲ႔ Gaming Desktop PC ကို မိတ္ဆက္ခဲ့ပါတယ္။

အဆိုပါ Razer Tomahauk Gaming Desktop PC ဟာ သာမန္ျမင္ေနၾက Desktop PC ေတြနဲ႔ တူညီမွာမဟုတ္ဘဲ ကိရိယာမလိုအပ္ဘဲ အလြယ္တကူျဖဳတ္ယူႏိုင္တဲ့ 10 Liter ပဲရွိတဲ့ Box တစ္ခုအေနနဲ႔ပဲရွိေနမွာပါ။ ေဘးဘက္ျခမ္းမွာလည္း Tempered Glass Panel ပါဝင္မွာျဖစ္ၿပီး Graphic Card ကိုပါ အျပင္ဘက္ကေန ျမင္ေနရမွာျဖစ္ပါတယ္။

ဒီ Razer Tomahauk ဟာ ႐ုတ္တရက္ၾကည့္မယ္ဆိုရင္ Razer ကေန ယခင္တုန္းကထုတ္ခဲ့ဖူးတဲ့ Razer Core လိုမ်ိဳး External Enclosure နဲ႔ တူညီေပမယ့္ Power Supply အျပင္ Motherboard တစ္ခုလည္းပါဝင္ေနပါေသးတယ္။ ဒီ Modular Desktop အတြက္ အေရးအႀကီးဆုံးကေတာ့ Intel ရဲ႕ NUC Element Modular Computer ပဲျဖစ္ပါတယ္။

အဆိုပါ Intel NUC Element မွာဆိုရင္ 45W Intel Core i9-9980HK Processor ၊ Cooling Fan နဲ႔ Memory ၊ SSD Slot ေတြပါဝင္မွာျဖစ္သလို Wi-Fi 6 နဲ႔ Ports ေတြလည္းပါဝင္မွာပါ။ အဆိုပါ Intel NUC Element ကို Razer Tomahauk မွာ ပါဝင္တဲ့ PCI Slot ထဲထည့္ၿပီး ေဘးဘက္မွာ Desktop GPU ကိုထည့္သြင္းၿပီး Power Supply နဲ႔ ခ်ိတ္ဆက္လိုက္႐ုံနဲ႔တင္ အသုံးျပဳႏိုင္မွာျဖစ္ပါတယ္။

ေလာေလာဆယ္မွာေတာ့ Razer ကေန ဒီ Razer Tomahauk ကို လာမယ့္ ဇြန္လမွာေရာင္းခ်သြားမွာျဖစ္ၿပီးေတာ့ Intel Core i7 ၊ 16GB RAM ၊ 512GB SSD နဲ႔ RTX 20 Series GPU ပါဝင္တဲ့ Version ကို $2,000 ဝန္းက်င္ကေန စတင္ေရာင္းခ်သြားမွာျဖစ္တယ္လို႔ သိရပါတယ္။ အျမင့္ဆုံးအေနနဲ႔ Intel Core i9 Processor ၊ 64GB RAM နဲ႔ Nvidia Geforce RTX 2080 Super အထိ ေ႐ြးခ်ယ္ႏိုင္မွာလည္းျဖစ္ပါတယ္။

Intel ဟာ ဒီအဓိက ျဖစ္တဲ့ NUC Element ကိုလည္း သီးျခားေရာင္းခ်သြားမွာျဖစ္တဲ့အတြက္ ေနာက္ပိုင္းမွာပါ ဒီ NUC Element Module နဲ႔ Graphic Card ေတြကို စိတ္ႀကိဳက္တပ္ဆင္ႏိုင္တဲ့ Casing ေတြကိုလည္း Cooler Master လိုမ်ိဳး ကုမၸဏီေတြက ေရာင္းခ်လာဖြယ္ရွိေနပါတယ္။

Ref – The Verge