Zawgyi

Samsung Galaxy Fold ကို ထုတ္ကုန္ဒီဇုိင္းပုိင္း ျပန္လည္ျပဳျပင္မႈေတြအၿပီးမွာ ကုိရီးယားအေျခစုိက္ ထုတ္လုပ္သူက ေစ်းကြက္ထဲကို တင္ပို႔ဖို႔ အသင့္ျဖစ္ၿပီလို႔ ယူဆလာပါတယ္။ တရားဝင္ျပန္လည္မိတ္ဆက္ျခင္း မလာေသးခင္မွာ Samsung က အရင္တစ္ခါလိုပဲ နည္းပညာဝက္ဆုိက္ေတြနဲ႔ Reviewer ေတြဆီကို စမ္းသပ္သုံးစြဲဖို႔ ေပးပို႔ခဲ့ျပန္ပါတယ္။

အရင္ဆုံးနဲ႔အေရးအႀကီးဆုံးအမွားတစ္ခုျဖစ္ခဲ့တဲ့ Screen Protector ပထမအလႊာဟာ အခုေတာ့ 7.3” လက္မအရြယ္ AMOLED Screen တစ္ခုလုံးကို ဖုံးအုပ္ထားၿပီျဖစ္တာေၾကာင့္ အရင္လို ရုိးရုိး Screen Protector အမွတ္နဲ႔ဆြဲခြာၾကတာေတြ လုပ္ၾကေတာ့မွာမဟုတ္ပါဘူး။ သူက အစြန္းေတြမွာ ေလခုိတာနဲ႔ ဖုန္မႈန္႔ေလးေတြ ဝင္တာကိုလည္း ကာကြယ္ေပးမွာပါ။

ဒါ့အျပင္ Samsung ဟာ Display ပုိင္းနဲ႔ပတ္သက္လို႔ ျပဳျပင္ရမယ္ဆုိရင္ ျပဳျပင္စရိတ္ရဲ႕ ၇၀% ကို က်ခံေပးမွာျဖစ္ပါတယ္။ ဒါကေတာ့ ေတာင္ကိုရီးယားမွာ အႀကိဳမွာယူမႈျပဳလုပ္ခဲ့တဲ့ Premium ေဖာက္သည္ေတြ အတြက္ အထူးကမ္းလွမ္းတာပါ။

ေနာက္ထပ္ေျပာင္းလဲမႈက ေခါက္ခ်ဳိးမႈျပဳလုပ္ရတဲ့ ပတၱာေနရာရဲ႕ ပလပ္စတစ္ Caps ေလးနားမွာပါ။ သူကလည္း အေကြးအေခါက္အျဖန္႔ျပဳလုပ္ရင္း ဖုန္နဲ႔အျခားအရာဝတၳဳေတြ အထဲမဝင္ေအာင္ ကာကြယ္ေပးရမွာပါ။ အျခားေျပာင္းလဲမႈေတြကေတာ့ ဟန္းဆက္ရဲ႕အတြင္းပိုင္းနဲ႔ပတ္သက္တဲ့ ေျပာင္းလဲမႈေတြျဖစ္ပါတယ္။

ေက်ာဘက္ Panel နဲ႔ေက်ာရုိးၾကားက ကြာဟမႈကို ပုိေသးထားၿပီး Screen ရဲ႕ေကြးေခါက္ႏုိင္တဲ့ ေနရာေအာက္မွာ သတၳဳအားျဖည့္အစိတ္အပုိင္းေလးထည့္ထားပါတယ္။ ဒါက ၾကာရွည္ေခါက္လိုက္ျဖန္႔လိုက္ လုပ္တဲ့ ဒဏ္ကို ပိုခံႏုိင္ရည္ရွိလာမွာပါ။ အေစာပိုင္းစမ္းသပ္မႈေတြမွာ ပတၱာေနရာက ဒုကၡေပးတာကိုေတြ႕ရေပမယ့္ အခုေတာ့ ပုိၿပီးေကာင္းမြန္လာၿပီလို႔ ဆုိရမွာျဖစ္ပါတယ္။

ဒါ့အျပင္ Screen ႏွစ္ပုိင္းကို ေခါက္ထားတဲ့ေနရာမွ Gap ေလးကို သိသာစြာေလွ်ာ့ခ်ထားျပန္ပါတယ္။ ဒါ့ေၾကာင့္ Fold ေခါက္ခ်ဳိးထားရင္ အရင္ထက္ပုိၿပီး ပါးလႊာေနမွာပါ။

လက္ရွိမွာေတာ့ Galaxy Fold ကို ေဒၚလာႏွစ္ေထာင္ဝန္းက်င္ ေစ်းႏႈန္းနဲ႔ ေတာင္ကိုရီးယားမွာ စတင္ေရာင္းခ်ေပးေနၿပီျဖစ္ပါတယ္။ စက္တင္ဘာ ၁၆ ရက္ကေန စတင္ၿပီး အျခားေစ်းကြက္ေတြကို ျဖန္႔က်က္လာမွာျဖစ္ၿပီးေတာ့ အေမရိကန္ကိုေတာ့ စက္တင္ဘာလကုန္မွာေရာက္ရွိမွာပါ။

Ref – GSM Arena

Unicode

Samsung Galaxy Fold ကို ထုတ်ကုန်ဒီဇိုင်းပိုင်း ပြန်လည်ပြုပြင်မှုတွေအပြီးမှာ ကိုရီးယားအခြေစိုက် ထုတ်လုပ်သူက ဈေးကွက်ထဲကို တင်ပို့ဖို့ အသင့်ဖြစ်ပြီလို့ ယူဆလာပါတယ်။ တရားဝင်ပြန်လည်မိတ်ဆက်ခြင်း မလာသေးခင်မှာ Samsung က အရင်တစ်ခါလိုပဲ နည်းပညာဝက်ဆိုက်တွေနဲ့ Reviewer တွေဆီကို စမ်းသပ်သုံးစွဲဖို့ ပေးပို့ခဲ့ပြန်ပါတယ်။

အရင်ဆုံးနဲ့အရေးအကြီးဆုံးအမှားတစ်ခုဖြစ်ခဲ့တဲ့ Screen Protector ပထမအလွှာဟာ အခုတော့ 7.3” လက်မအရွယ် AMOLED Screen တစ်ခုလုံးကို ဖုံးအုပ်ထားပြီဖြစ်တာကြောင့် အရင်လို ရိုးရိုး Screen Protector အမှတ်နဲ့ဆွဲခွာကြတာတွေ လုပ်ကြတော့မှာမဟုတ်ပါဘူး။ သူက အစွန်းတွေမှာ လေခိုတာနဲ့ ဖုန်မှုန့်လေးတွေ ဝင်တာကိုလည်း ကာကွယ်ပေးမှာပါ။

ဒါ့အပြင် Samsung ဟာ Display ပိုင်းနဲ့ပတ်သက်လို့ ပြုပြင်ရမယ်ဆိုရင် ပြုပြင်စရိတ်ရဲ့ ၇၀% ကို ကျခံပေးမှာဖြစ်ပါတယ်။ ဒါကတော့ တောင်ကိုရီးယားမှာ အကြိုမှာယူမှုပြုလုပ်ခဲ့တဲ့ Premium ဖောက်သည်တွေ အတွက် အထူးကမ်းလှမ်းတာပါ။

နောက်ထပ်ပြောင်းလဲမှုက ခေါက်ချိုးမှုပြုလုပ်ရတဲ့ ပတ္တာနေရာရဲ့ ပလပ်စတစ် Caps လေးနားမှာပါ။ သူကလည်း အကွေးအခေါက်အဖြန့်ပြုလုပ်ရင်း ဖုန်နဲ့အခြားအရာဝတ္ထုတွေ အထဲမဝင်အောင် ကာကွယ်ပေးရမှာပါ။ အခြားပြောင်းလဲမှုတွေကတော့ ဟန်းဆက်ရဲ့အတွင်းပိုင်းနဲ့ပတ်သက်တဲ့ ပြောင်းလဲမှုတွေဖြစ်ပါတယ်။

ကျောဘက် Panel နဲ့ကျောရိုးကြားက ကွာဟမှုကို ပိုသေးထားပြီး Screen ရဲ့ကွေးခေါက်နိုင်တဲ့ နေရာအောက်မှာ သတ္ထုအားဖြည့်အစိတ်အပိုင်းလေးထည့်ထားပါတယ်။ ဒါက ကြာရှည်ခေါက်လိုက်ဖြန့်လိုက် လုပ်တဲ့ ဒဏ်ကို ပိုခံနိုင်ရည်ရှိလာမှာပါ။ အစောပိုင်းစမ်းသပ်မှုတွေမှာ ပတ္တာနေရာက ဒုက္ခပေးတာကိုတွေ့ရပေမယ့် အခုတော့ ပိုပြီးကောင်းမွန်လာပြီလို့ ဆိုရမှာဖြစ်ပါတယ်။

ဒါ့အပြင် Screen နှစ်ပိုင်းကို ခေါက်ထားတဲ့နေရာမှ Gap လေးကို သိသာစွာလျှော့ချထားပြန်ပါတယ်။ ဒါ့ကြောင့် Fold ခေါက်ချိုးထားရင် အရင်ထက်ပိုပြီး ပါးလွှာနေမှာပါ။

လက်ရှိမှာတော့ Galaxy Fold ကို ဒေါ်လာနှစ်ထောင်ဝန်းကျင် ဈေးနှုန်းနဲ့ တောင်ကိုရီးယားမှာ စတင်ရောင်းချပေးနေပြီဖြစ်ပါတယ်။ စက်တင်ဘာ ၁၆ ရက်ကနေ စတင်ပြီး အခြားဈေးကွက်တွေကို ဖြန့်ကျက်လာမှာဖြစ်ပြီးတော့ အမေရိကန်ကိုတော့ စက်တင်ဘာလကုန်မှာရောက်ရှိမှာပါ။

Ref – GSM Arena