realme 10 5G ကို တရုတ်မှာ မကြာခင်က ကြေညာလိုက်ပြီး realme 10 Pro နဲ့ 10 Pro+ ကို နိုဝင်ဘာလ ၁၇ ရက်နေ့ မိတ်ဆက်မှာပါ။ အခုတော့ မိတ်ဆက်ပွဲ မတိုင်ခင်မှာ ကုမ္ပဏီက Pro+ ရဲ့ ဘက်ထရီ အရွယ်အစားကို ဖော်ပြထားတဲ့ ပိုစတာ ၁ ခုကို မျှဝေလိုက်ပါတယ်။

realme 10 Pro+ မှာ 5,000mAh ဘက်ထရီ ပါလာမှာ ဖြစ်ပြီး ကုမ္ပဏီက အားသွင်းအမြန်နှုန်းကို မပြောသေးပါဘူး။ ပိုစတာအရ အရွယ်ကြီး ဘက်ထရီ တပ်ဆင်ထားပေမယ့် ၁၇၃ ဂရမ်ပဲ အလေးချိန် ရှိမှာပါ။

Realme 10 series India launch officially teased, Realme 10 Pro+ with curved display coming soon

တခြား ပေါက်ကြားသတင်းတွေအရ realme 10 Pro+ မှာ ၆.၇ လက်မ AMOLED မျက်နှာပြင်ကွေး တပ်ဆင်ထားမှာ ဖြစ်ပြီး အလယ်မှာ Punch Hole ပါလာမှာပါ။ Full HD+ Resolution ၊ 120Hz Refresh Rate နဲ့ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ ထည့်သွင်းထားမှာပါ။

Dimensity 1080 Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး 12GB LPDDR4x RAM နဲ့ 256GB Storage အထိ ရွေးချယ်နိုင်မှာပါ။ 67W Fast Charging ပါလာနိုင်ပါတယ်။ အရှေ့ဘက်မှာ 16MP နဲ့ အနောက်ဘက်မှာ 108MP Main , 8MP Ultrawide , 2MP Macro/Depth ကင်မရာတွေ တပ်ဆင်ထားနိုင်ပြီး Android 13 အခြေပြု realme UI 3.0 မောင်းနှင်ထားမှာပါ။

8/128GB, 8/256GB နဲ့ 12/256GB Version တွေ ထုတ်လုပ်ထားနိုင်ပြီး တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၂၃၉ ဒေါ်လာနဲ့ ရောင်းချနိုင်ပါတယ်။

Ref : gizmochina