realme က နောက်ထွက်မယ့် realme 10 Pro နဲ့ 10 Pro+ မှာ မျက်နှာပြင်ကွေးပါလာမယ်လို့ သတင်းအရိပ်အမြွက်ပေးထားပါတယ်။ အခုတော့ China Telecom က realme 10 Pro 5G မှာ မျက်နှာပြင်ပြား တပ်ဆင်ထားမယ်လို့ ဖော်ပြထားတဲ့အတွက် မျက်နှာပြင်ကွေးဟာ Pro+ မှာပဲ ပါလာနိုင်ပါတယ်။

realme 10 Pro မှာ ၆.၇၂ လက်မ 1080x2400p မျက်နှာပြင် တပ်ဆင်ထားမှာ ဖြစ်ပြီး Android 13 အခြေပြု realme UI မောင်းနှင်ထားမှာပါ။ Snapdragon 695 Chipset တပ်ဆင်ထားမှာ ဖြစ်ပြီး 8/128GB, 8/256GB နဲ့ 12/256GB Memory Configuration တွေ ထုတ်လုပ်ထားမှာပါ။

အရွယ်အစား အပြည့်အစုံက 163.7 x 74.2 x 8.1mm ဖြစ်ပြီး အလေးချိန်က ၁၉၀ ဂရမ် ရှိမှာပါ။ China Telecom တင်ထားတဲ့ ဓါတ်ပုံအရ မျက်နှာပြင်မှာ ကွေးညွှတ်နေတာ မမြင်ရပါဘူး။ 5,000mAh ဘက်ထရီ ပါလာမှာ ဖြစ်ပြီး အားသွင်းနှုန်းကို မသိရသေးပါဘူး။USB-C Port နဲ့ နားကြပ်ပေါက်ပါလာမှာ ဖြစ်ပြီး Dual SIM ဖုန်း ဖြစ်ပါတယ်။

အနောက်ဘက်မှာ 16+2+2MP ကင်မရာ ၃ လုံးနဲ့ အရှေ့ဘက်မှာ 16MP ကင်မရာ ၁ လုံး ပါလာမှာ ဖြစ်ပြီး ပင်မ ကင်မရာဟာ 64MP ဖြစ်ကာ 16MP က Pixel Binning ပြီးနောက် Default Resolution ဖြစ်နိုင်ပါတယ်။ realme 10 Pro ရဲ့ အမြင့်ဆုံး 12/256GB မော်ဒယ်ကို ၁,၉၀၀ ယွမ် ( ၂၆၀ ဒေါ်လာ) သတ်မှတ်ထားပါတယ်။

realme 10 Pro နဲ့ တခြား 5G မော်ဒယ်တွေကို နိုဝင်ဘာလ ၁၇ ရက်နေ့ ကြေညာမှာ ဖြစ်ပြီး မိတ်ဆက်ပွဲ မတိုင်ခင်မှာ ကုမ္ပဏီက အဲဒီ ဖုန်းတွေရဲ့ Teaser တွေကို မျှဝေနေပါတယ်။

Ref : gsmarena