realme ဟာ ယခုလအတွင်းမှာ realme 11 Series ဖုန်းတွေကို တရားဝင်မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ အခုလည်း realme 11 Series ဖုန်းတွေထဲမှာ အကောင်းဆုံးဖြစ်လာမယ့် realme 11 Pro+ ဖုန်းရဲ့Teaser ဓါတ်ပုံတစ်ခုက တရားဝင်ထွက်ပေါ်လာခဲ့ပါတယ်။

အဆိုပါ Teaser ဓါတ်ပုံဟာ realme 11 Pro+ ဖုန်းရဲ့ ဒီဇိုင်းပိုင်းအပြင် ဖုန်းမှာပါဝင်လာမယ့် Battery နဲ့ Fast Charging ပိုင်းကို အသားပေးဖော်ပြထားခဲ့တာဖြစ်ပါတယ်။ realme 11 Pro+ ဖုန်းဟာ 5000mAh Battery ပါဝင်မှာဖြစ်ပြီး Fast Charging ပိုင်းမှာလည်း 100W Fast Charging ကို ထောက်ပံ့ပေးထားမှာဖြစ်ပါတယ်။

realme ဟာ ယခင် realme 10 Pro+ ဖုန်းမှာလည်း 5000mAh Battery ကို ထည့်သွင်းပေးခဲ့ပေမယ့် Fast Charging ပိုင်းမှာ 67W အထိပဲ ထောက်ပံ့ပေးထားခဲ့ပါတယ်။ ဒါကြောင့် ယခု realme 11 Pro+ ဖုန်းဟာ တူညီတဲ့ Battery ပမာဏကိုမှ ပိုမိုမြန်ဆန်စွာအားသွင်းပေးနိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် realme 11 Pro+ ဖုန်းဟာ ဒီဇိုင်းပုံစံအရ ပါးလွှာတဲ့ဘေးဘောင်တွေပါဝင်လာမယ့်အပြင် Curved Display ကိုပါထည့်သွင်းပေးထားမှာဖြစ်ပါတယ်။ 3.5mm Audio Port ကတော့ ပါဝင်မှာမဟုတ်တော့ဘဲ အလေးချိန်ကလည်း 183g ပဲရှိမယ်လို့ သိရပါတယ်။

အစောပိုင်းထွက်ပေါ်ထားတဲ့သတင်းတွေအရ realme 11 Pro+ ဖုန်းဟာ MediaTek Dimensity 7050 Chipset ကို အသုံးပြုထားပြီး အမြင့်ဆုံး RAM 12GB + 256GB Storage တွေပါဝင်မှာဖြစ်ပါတယ်။ Camera ပိုင်းမှာလည်း 200MP Main Camera Sensor ကို အသုံးပြုလာမှာဖြစ်ပြီး 16MP Selfie Camera လည်း ထည့်သွင်းပေးထားမှာပါ။

realme 11 Series ဖုန်းတွေကို လာမယ့် မေလ ၁၀ ရက်နေ့မှာ တရုတ်နိုင်ငံမှာ တရားဝင်မိတ်ဆက်ဖို့ စီစဥ်ထားတာကြောင့် မကြာခင်မှာ အသေးစိတ်သိရတော့မှာဖြစ်ပါတယ်။

Ref – Gizmo China