realme 12 Series ရဲ့ အဖွဲ့ဝင် အသစ် realme 12X ကို တရုတ်မှာ ကြေညာလိုက်ပြီး တခြား နိုင်ငံတွေမှာလည်းရောင်းချဖို့ စီစဉ်နေပါတယ်။

Realme 12X

အဲဒီဖုန်းမှာ 6.67” LCD မျက်နှာပြင် ပါလာပြီး 120Hz Refresh Rate ကြောင့် ဖုန်းသုံးရတာ ချောမွတ်ပါတယ်။ 625 Nits Peak Brightness အထိ ထောက်ပံ့ထားပြီး အထူက ၇.၈၉ မီလီမီတာနဲ့ အလေးချိန်က ၁၉၀ ဂရမ် ရှိပါတယ်။

MediaTek Dimensity 6100+ Processor မောင်းနှင်ထားပြီး 12GB+12GB (Virtual RAM ) ပေါပေါများများ ထည့်သွင်းထားပါတယ်။ Multitasking လုပ်ရင်တော့ ရှယ်ပါပဲ။ Android 14 အခြေပြု realme UI 5.0 မောင်းနှင်ထားပြီး 15W Charging ထောက်ပံ့တဲ့ Android 14 ပါပါတယ်။

Realme 12X

အနောက်ဘက်မှာ 50MP Main ကင်မရာနဲ့ အရှေ့ဘက်မှာ 8MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပြီး ရေစက်ရေပေါက် ခံနိုင်တဲ့ IP54 စံနှုန်း ပါလာကာ ဘေးဘက်လက်ဗွေရာ ကိရိယာ ထည့်သွင်းထားပါတယ်။

12GB/256GB နဲ့ 12GB/512GB Version ၂ မျိုးထုတ်လုပ်ထားပြီး ၁,၃၉၉ ယွမ်နဲ့ ၁,၅၉၉ ယွမ် အသီးသီး သတ်မှတ်ထားပါတယ်။ Bluebird နဲ့ Black Jade အရောင် ၂ မျိုးထုတ်လုပ်ထားပြီး တရုတ်မှာ ဧပြီလ ၁ ရက်နေ့ ရောင်းမှာပါ။

Ref : gizmochina