[Zawgyi]

Realme 3 စမတ္ဖုန္းကို ယေန႔မွာ ခ်ဳိိသာတဲ့ေစ်းႏႈန္းနဲ႔ Helio P70 ခ်စ္ပ္ဆက္တုိ႔ျဖင့္ မိတ္ဆက္လာခဲ့ပါၿပီ။ သတင္းေတြႀကိဳထြက္ထားတဲ့အတုိင္းပဲ Realme 3 Pro ဟန္းဆက္ကိုလည္း ထပ္မံထုတ္လာမယ္လို႔ အတည္ျပဳခဲ့ၿပီး ဧၿပီလမွာ ထပ္မံေရာက္ရွိလာဦးမွာပါ။ Realme 3 Pro ကေတာ့ အိႏၵိယေစ်းကြက္မွာ Redmi Note 7 pro နဲ႔တုိက္ရုိက္ယွဥ္ၿပိဳင္သြားဖို႔မ်ားပါတယ္။

Realme India ရဲ႕အမႈေဆာင္အရာရွိခ်ဳပ္ Madhav Sheth ရဲ႕ေျပာၾကားခ်က္အရေတာ့ Realme 3 Pro ဟာ ကင္မရာအတြက္ေရာ၊ လွ်င္ျမန္တဲ့စြမ္းေဆာင္ရည္ပါ ပါဝင္တဲ့ အမုိက္စားဖုန္းတစ္လုံးျဖစ္လာမယ္လို႔ သိရတယ္။ ဒါေပမယ့္ သူက Specs တစ္စုံတစ္ရာေတာ့ မေဖာ္ထုတ္ခဲ့ဘဲ “အေကာင္းဆုံးဖုန္းက လာေတာ့မယ္” လို႔သာ ကတိေပးခဲ့ပါတယ္။ အေစာပုိင္းမွာ ထြက္ခဲ့တဲ့ သတင္းေတြအရ Realme 3 Pro မွာ 48 MP ကင္မရာ ပါလာဦးမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

အခုလက္ရွိ Realme 3 စမတ္ဖုန္းကေတာ့ 6.22” လက္မအရြယ္ IPS LCD Display နဲ႔ 19:9 Aspect Ratio ပါဝင္လာတယ္။ အတြင္းပုိင္းမွာ MediaTek Helio P70 ခ်စ္ပ္ဆက္ကို အသုံးျပဳလာမွာျဖစ္ၿပီး မန္မုိရီပုိင္းမွာ 3 / 32 GB နဲ႔ 4 / 64 GB ႏွစ္မ်ဳိး ထြက္ရွိလာမွာပါ။ အဓိက ကင္မရာက 13MP f/1.8 နဲ႔ Depth Sensor အျဖစ္ 2MP တစ္လုံးပါဝင္တယ္။ ကင္မရာပုိင္းမွာ Realme က Feature ႏွစ္ခုထပ္ထည့္လာၿပီး Nightscape နဲ႔ Chroma Boost တုိ႔ျဖစ္ပါတယ္။ သူတို႔နာမည္ေတြအတုိင္းပဲ Nightscape Mode ဟာ ညဘက္ေတြမွာ ရုိက္ကူးမႈကို ပိုေကာင္းေအာင္ ကူညီေပးမွာျဖစ္ၿပီး Chroma Boost ကေတာ့ ပုံရဲ႕ Dynamic Range ၊ အေရာင္တုိ႔ကို ပိုမုိ ေကာင္းမြန္ေစၿပီး Noise ကိုေလွ်ာ့ခ်ေပးမွာပါ။

ေရွ႕ဆယ္ဖီကင္မရာကေတာ့ 13MP Sensor ျဖစ္ၿပီး AI Facial Unlock စနစ္ပါဝင္ပါတယ္။ ေနာက္ဘက္မွာလည္း Fingerprint ပါတာေၾကာင့္ အဆင္ေျပသလို Unlock ျပဳလုပ္ႏုိင္မွာပါ။ Realme 3 ရဲ႕ ဘကၳရီက 4,230 mAh ဘကၳရီႀကီးျဖစ္ၿပီး ထူးျခားတဲ့အားအျမန္သြင္းစနစ္ေတာ့ မပါဝင္ပါဘူး။ Android 9.0 Pie ကို အေျခခံထားတဲ့ ColorOS 6 ကိုအသုံးျပဳထားတယ္။

အိႏၵိယေစ်းကြက္ထဲမွ ဗားရွင္းနဲ႔ ႏုိင္ငံတကာကို ေရာင္းခ်တဲ့ဗားရွင္းမွာ မတူညီတာကေတာ့ MediaTek Helio P70 အစား P60 ကိုအသုံးျပဳလာမွာပါပဲ။ က်န္တဲ့ Specs နဲ႔ Feature ေတြကေတာ့ အတူတူပဲျဖစ္ပါတယ္။

Realme 3 စမတ္ဖုန္းကို Dynamic Black, Radiant Blue နဲ႔ ပုံမွန္ Black အေရာင္မ်ားျဖင့္ ရရွိႏုိင္ပါတယ္။ 3/32 GB ေမာ္ဒယ္ကို ရူပီး ၈၉၉၉ (ျမန္မာေငြ တစ္သိန္းကိုးေသာင္းခန္႔) သတ္မွတ္ထားၿပီး 4/64 GB ဗားရွင္းကို ရူပီး ၁၀၉၉၉ (ျမန္မာေငြ ႏွစ္သိန္းသုံးေသာင္းခြဲ) က်သင့္ေစမွာပါ။ Realme 3 ကို လာမယ့္ မတ္လ ၁၂ ရက္ေန႔ကေန စတင္ေရာင္းခ်သြားမွာ ျဖစ္ပါတယ္။

Ref – GSM Arena

[Unicode]

Realme 3 စမတ်ဖုန်းကို ယနေ့မှာ ချိုသာတဲ့ဈေးနှုန်းနဲ့ Helio P70 ချစ်ပ်ဆက်တို့ဖြင့် မိတ်ဆက်လာခဲ့ပါပြီ။ သတင်းတွေကြိုထွက်ထားတဲ့အတိုင်းပဲ Realme 3 Pro ဟန်းဆက်ကိုလည်း ထပ်မံထုတ်လာမယ်လို့ အတည်ပြုခဲ့ပြီး ဧပြီလမှာ ထပ်မံရောက်ရှိလာဦးမှာပါ။ Realme 3 Pro ကတော့ အိန္ဒိယဈေးကွက်မှာ Redmi Note 7 pro နဲ့တိုက်ရိုက်ယှဉ်ပြိုင်သွားဖို့များပါတယ်။

Realme India ရဲ့အမှုဆောင်အရာရှိချုပ် Madhav Sheth ရဲ့ပြောကြားချက်အရတော့ Realme 3 Pro ဟာ ကင်မရာအတွက်ရော၊ လျှင်မြန်တဲ့စွမ်းဆောင်ရည်ပါ ပါဝင်တဲ့ အမိုက်စားဖုန်းတစ်လုံးဖြစ်လာမယ်လို့ သိရတယ်။ ဒါပေမယ့် သူက Specs တစ်စုံတစ်ရာတော့ မဖော်ထုတ်ခဲ့ဘဲ “အကောင်းဆုံးဖုန်းက လာတော့မယ်” လို့သာ ကတိပေးခဲ့ပါတယ်။ အစောပိုင်းမှာ ထွက်ခဲ့တဲ့ သတင်းတွေအရ Realme 3 Pro မှာ 48 MP ကင်မရာ ပါလာဦးမယ်လို့ မျှော်လင့်ရပါတယ်။

အခုလက်ရှိ Realme 3 စမတ်ဖုန်းကတော့ 6.22” လက်မအရွယ် IPS LCD Display နဲ့ 19:9 Aspect Ratio ပါဝင်လာတယ်။ အတွင်းပိုင်းမှာ MediaTek Helio P70 ချစ်ပ်ဆက်ကို အသုံးပြုလာမှာဖြစ်ပြီး မန်မိုရီပိုင်းမှာ 3 / 32 GB နဲ့ 4 / 64 GB နှစ်မျိုး ထွက်ရှိလာမှာပါ။ အဓိက ကင်မရာက 13MP f/1.8 နဲ့ Depth Sensor အဖြစ် 2MP တစ်လုံးပါဝင်တယ်။ ကင်မရာပိုင်းမှာ Realme က Feature နှစ်ခုထပ်ထည့်လာပြီး Nightscape နဲ့ Chroma Boost တို့ဖြစ်ပါတယ်။ သူတို့နာမည်တွေအတိုင်းပဲ Nightscape Mode ဟာ ညဘက်တွေမှာ ရိုက်ကူးမှုကို ပိုကောင်းအောင် ကူညီပေးမှာဖြစ်ပြီး Chroma Boost ကတော့ ပုံရဲ့ Dynamic Range ၊ အရောင်တို့ကို ပိုမို ကောင်းမွန်စေပြီး Noise ကိုလျှော့ချပေးမှာပါ။

ရှေ့ဆယ်ဖီကင်မရာကတော့ 13MP Sensor ဖြစ်ပြီး AI Facial Unlock စနစ်ပါဝင်ပါတယ်။ နောက်ဘက်မှာလည်း Fingerprint ပါတာကြောင့် အဆင်ပြေသလို Unlock ပြုလုပ်နိုင်မှာပါ။ Realme 3 ရဲ့ ဘက္ထရီက 4,230 mAh ဘက္ထရီကြီးဖြစ်ပြီး ထူးခြားတဲ့အားအမြန်သွင်းစနစ်တော့ မပါဝင်ပါဘူး။ Android 9.0 Pie ကို အခြေခံထားတဲ့ ColorOS 6 ကိုအသုံးပြုထားတယ်။

အိန္ဒိယဈေးကွက်ထဲမှ ဗားရှင်းနဲ့ နိုင်ငံတကာကို ရောင်းချတဲ့ဗားရှင်းမှာ မတူညီတာကတော့ MediaTek Helio P70 အစား P60 ကိုအသုံးပြုလာမှာပါပဲ။ ကျန်တဲ့ Specs နဲ့ Feature တွေကတော့ အတူတူပဲဖြစ်ပါတယ်။

Realme 3 စမတ်ဖုန်းကို Dynamic Black, Radiant Blue နဲ့ ပုံမှန် Black အရောင်များဖြင့် ရရှိနိုင်ပါတယ်။ 3/32 GB မော်ဒယ်ကို ရူပီး ၈၉၉၉ (မြန်မာငွေ တစ်သိန်းကိုးသောင်းခန့်) သတ်မှတ်ထားပြီး 4/64 GB ဗားရှင်းကို ရူပီး ၁၀၉၉၉ (မြန်မာငွေ နှစ်သိန်းသုံးသောင်းခွဲ) ကျသင့်စေမှာပါ။ Realme 3 ကို လာမယ့် မတ်လ ၁၂ ရက်နေ့ကနေ စတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။

Ref – GSM Arena