[Zawgyi]

ႏွင္းစက္ပုံစံမ်က္ႏွာျပင္၊ ႀကီးမားေသာဘက္ထရီနဲ႔ အေရာင္ေျပးဒီဇိုင္းတို႔ပါဝင္တဲ့ Realme 3 စမတ္ဖုန္းသစ္ကို ယခုအခါမွာ အထူးေဈးႏႈန္း ၂ဝ၉,ဝဝဝ က်ပ္နဲ႔ စတင္ေရာင္းခ်ေပးလ်က္ရွိၿပီး RAM 3GB + ROM 32GB ကို Standard အျဖစ္ထည့္သြင္းေပးထားတယ္လို႔ သိရပါတယ္။ ဒါ့အျပင္ ေနာက္ထပ္ Version တစ္ခုျဖစ္တဲ့ RAM 4GB + ROM 64GB အမ်ိဳးအစားကိုမူ ၂၅၉,ဝဝဝ က်ပ္နဲ႔ ဝယ္ယူႏိုင္မယ္လို႔လည္း ဆိုထားပါတယ္။ အနက္နဲ႔ အျပာေပါင္းစပ္ထားတဲ့ Dynamic Black အေရာင္ေျပးဒီဇိုင္းနဲ႔အတူ Limited Edition အျဖစ္ေရာင္းခ်ေပးမယ့္ အနက္ေရာင္သီးသန႔္ Classic Black တို႔ကိုေ႐ြးခ်ယ္ႏိုင္ဝယ္ယူႏိုင္မယ္လို႔ သိရွိရပါတယ္။

Realme 3 ရဲ႕ မ်က္ႏွာျပင္မွာ ႀကီးမားက်ယ္ျပန႔္တဲ့ 6.22” HD ႐ုပ္ထြက္အရည္အေသြးရွိ ႏွင္းစက္ပုံစံမ်က္ႏွာျပင္ဒီဇိုင္းကိုအသုံးျပဳေပးထားၿပီး Multimedia အသုံးျပဳမႈအတြက္ ျမင္ကြင္းက်ယ္က်ယ္ကို ရရွိေစမယ္လို႔ ဆိုပါတယ္။ အဆင့္ျမႇင့္တင္ထားတဲ့ Helio P60 Chipset က ဂိမ္းကစားျခင္းအတြက္ ျမန္ဆန္ေခ်ာေမြ႕မႈရွိေစၿပီး 4230mAh ဘက္ထရီက ဖုန္းၾကာရွည္ခံမႈကို ေကာင္းမြန္စြာ ေထာက္ပံ့ေပးေစမယ္လို႔ သိရပါတယ္။ ဓာတ္ပုံ႐ိုက္ကူးမႈအပိုင္းမွာလည္း ပိုမိုေကာင္းမြန္တဲ့ 13MP+2MP AI Dual Camera နဲ႔ 13MP AI Selfie Camera တို႔ကိုတပ္ဆင္ေပးထားတဲ့အတြက္ စိတ္တိုင္းက်ေစမယ့္ဓာတ္ပုံ႐ိုက္ကူးမႈအေတြ႕အႀကဳံေတြကိုပါ ရရွိေစမယ္လို႔ သိရပါတယ္။ အထူးသျဖင့္ Nightscape Mode နဲ႔ Chroma Boost ကဲ့သို႔ Feature မ်ားကိုပါ စမ္းသပ္အသုံးျပဳႏိုင္ၿပီး အလင္းေရာင္အားနည္းမႈနဲ႔ အေရာင္မွိန္တဲ့ျပႆနာမ်ားကို ေျဖရွင္းေပးထားတယ္လို႔ ဆိုပါတယ္။

Software ပိုင္းမွာ ယခင္နဲ႔ လုံးဝကြဲျပားသြားေစမယ့္ User Interface ဒီဇိုင္းကို ထိေတြ႕အသုံးျပဳရမွာျဖစ္ၿပီး Android P ကိုအေျခခံထားတဲ့ ေနာက္ဆုံးေပၚ ColorOS 6.0 ကိုအသုံးျပဳေပးထားပါတယ္။ 4G ကြန္ရက္အသုံးျပဳႏိုင္မယ့္ SIM ကဒ္၂ကဒ္နဲ႔အတူ 256GB အထိထပ္တိုးသုံးႏိုင္ေစမယ့္ SD ကဒ္တို႔ထည့္သြင္းႏိုင္တဲ့ Triple-slot tray ကိုအသုံးျပဳထားမွာပါ။ ေနာက္ပိုင္းမွာလည္း အေရာင္သစ္တစ္မ်ိဳးျဖစ္တဲ့ အျပာနဲ႔ အစိမ္းေပါင္းစပ္ထားတဲ့ Radiant Blue ကို ေရာင္းခ်ေပးသြားဖို႔ ရွိတယ္လို႔ သိရပါတယ္။

[Unicode]

အထူးဈေးနှုန်း ၂ဝ၉,ဝဝဝ ကျပ်နဲ့ Realme 3 စမတ်ဖုန်းသစ်ကို မြန်မာတစ်နိုင်ငံလုံး စတင်ရောင်းချပေးလျက်ရှိ

နှင်းစက်ပုံစံမျက်နှာပြင်၊ ကြီးမားသောဘက်ထရီနဲ့ အရောင်ပြေးဒီဇိုင်းတို့ပါဝင်တဲ့ Realme 3 စမတ်ဖုန်းသစ်ကို ယခုအခါမှာ အထူးဈေးနှုန်း ၂ဝ၉,ဝဝဝ ကျပ်နဲ့ စတင်ရောင်းချပေးလျက်ရှိပြီး RAM 3GB + ROM 32GB ကို Standard အဖြစ်ထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် နောက်ထပ် Version တစ်ခုဖြစ်တဲ့ RAM 4GB + ROM 64GB အမျိုးအစားကိုမူ ၂၅၉,ဝဝဝ ကျပ်နဲ့ ဝယ်ယူနိုင်မယ်လို့လည်း ဆိုထားပါတယ်။ အနက်နဲ့ အပြာပေါင်းစပ်ထားတဲ့ Dynamic Black အရောင်ပြေးဒီဇိုင်းနဲ့အတူ Limited Edition အဖြစ်ရောင်းချပေးမယ့် အနက်ရောင်သီးသန့် Classic Black တို့ကိုရွေးချယ်နိုင်ဝယ်ယူနိုင်မယ်လို့ သိရှိရပါတယ်။

Realme 3 ရဲ့ မျက်နှာပြင်မှာ ကြီးမားကျယ်ပြန့်တဲ့ 6.22” HD ရုပ်ထွက်အရည်အသွေးရှိ နှင်းစက်ပုံစံမျက်နှာပြင်ဒီဇိုင်းကိုအသုံးပြုပေးထားပြီး Multimedia အသုံးပြုမှုအတွက် မြင်ကွင်းကျယ်ကျယ်ကို ရရှိစေမယ်လို့ ဆိုပါတယ်။ အဆင့်မြှင့်တင်ထားတဲ့ Helio P60 Chipset က ဂိမ်းကစားခြင်းအတွက် မြန်ဆန်ချောမွေ့မှုရှိစေပြီး 4230mAh ဘက်ထရီက ဖုန်းကြာရှည်ခံမှုကို ကောင်းမွန်စွာ ထောက်ပံ့ပေးစေမယ်လို့ သိရပါတယ်။ ဓာတ်ပုံရိုက်ကူးမှုအပိုင်းမှာလည်း ပိုမိုကောင်းမွန်တဲ့ 13MP+2MP AI Dual Camera နဲ့ 13MP AI Selfie Camera တို့ကိုတပ်ဆင်ပေးထားတဲ့အတွက် စိတ်တိုင်းကျစေမယ့်ဓာတ်ပုံရိုက်ကူးမှုအတွေ့အကြုံတွေကိုပါ ရရှိစေမယ်လို့ သိရပါတယ်။ အထူးသဖြင့် Nightscape Mode နဲ့ Chroma Boost ကဲ့သို့ Feature များကိုပါ စမ်းသပ်အသုံးပြုနိုင်ပြီး အလင်းရောင်အားနည်းမှုနဲ့ အရောင်မှိန်တဲ့ပြဿနာများကို ဖြေရှင်းပေးထားတယ်လို့ ဆိုပါတယ်။

Software ပိုင်းမှာ ယခင်နဲ့ လုံးဝကွဲပြားသွားစေမယ့် User Interface ဒီဇိုင်းကို ထိတွေ့အသုံးပြုရမှာဖြစ်ပြီး Android P ကိုအခြေခံထားတဲ့ နောက်ဆုံးပေါ် ColorOS 6.0 ကိုအသုံးပြုပေးထားပါတယ်။ 4G ကွန်ရက်အသုံးပြုနိုင်မယ့် SIM ကဒ်၂ကဒ်နဲ့အတူ 256GB အထိထပ်တိုးသုံးနိုင်စေမယ့် SD ကဒ်တို့ထည့်သွင်းနိုင်တဲ့ Triple-slot tray ကိုအသုံးပြုထားမှာပါ။ နောက်ပိုင်းမှာလည်း အရောင်သစ်တစ်မျိုးဖြစ်တဲ့ အပြာနဲ့ အစိမ်းပေါင်းစပ်ထားတဲ့ Radiant Blue ကို ရောင်းချပေးသွားဖို့ ရှိတယ်လို့ သိရပါတယ်။