[Zawgyi]

ၿပီးခဲ့တဲ့ တစ္ပတ္တုန္းက Teaser နဲ႔အတူ Realme 3 Pro အေၾကာင္း လူမႈကြန္ရက္ေတြမွာ ပ်ံ႕ႏွံ႔ခဲ့ေပမယ့္ ဧၿပီ ၂၂ ရက္ေန႔မွာ မိတ္ဆက္မယ္ ဆိုတာအျပင္ တျခားဘာမွမသိခဲ့ၾကရပါဘူး။ ထူးထူးျခားျခားဆိုလို႔ Realme ရဲ႕ CEO Madhav Sheth ႂကြားလုံးထုတ္ခဲ့တဲ့ Fortnite ကို 60fps နဲ႔ ေဆာ့ႏိုယ္တယ္ဆိုတာပဲ သိခဲ့ၾကရတာပါ။

အခုေတာ့ Realme 3 Pro ကို Geekbench မွာေတြ႕ရတာေၾကာင့္ သူနဲ႔ပတ္သက္တဲ့ အေသးစိတ္အေၾကာင္းအရာ အခ်ိဳ႕ကိုလည္း သိခြင့္ရၿပီျဖစ္ပါတယ္။ Realme RMX1851 ကုဒ္အမည္နဲ႔ ေတြ႕ရတဲ့ ဒီစမတ္ဖုန္းဟာ ခန႔္မွန္းထားတဲ့အတိုင္း Snapdragon 710 ကိုပဲ အသုံးျပဳထားတာ ျဖစ္ပါတယ္။ တြဲဖက္ထားတာကေတာ့ 6GB of RAM ပါ။

Geekbench တင္မကဘဲ Bluetooth SIG ကလည္း Realme 3 Pro ရဲ႕ အစိတ္အပိုင္းအခ်ိဳ႕ကို ထုတ္ေဖာ္ျပသခဲ့ပါေသးတယ္။ ဒါေၾကာင့္ Realme 3 Pro ဟာ 6.3-inch FHD+ display နဲ႔ ျဖစ္ေၾကာင္း သိလိုက္ရပါတယ္။ Fingerprint scanner ကေတာ့ ေက်ာဘက္မွာပဲ ရွိမယ္လို႔ ေမွ်ာ္လင့္ရၿပီး Bluetooth 5.0 နဲ႔ 5GHz Wi-Fi တို႔လည္း ေထာက္ပံ့ေပးထားပါတယ္။

ဘက္ထရီပမာဏကေတာ့ 3,960mAh လို႔ေတြ႕ျမင္ရပါတယ္။ Color OS version 6.0 ကိုလည္းေဖာ္ျပထားတာေၾကာင့္ Android 9 Pie လည္း သုံးလို႔ရမွာ ျဖစ္ပါတယ္။ ကင္မရာနဲ႔ပတ္သက္ၿပီး သိရသေလာက္ကေတာ့ Selfie ကင္မရာဟာ 12MP နဲ႔အထက္ ျဖစ္ဖြယ္ရွိၿပီး 25MP ေအာက္ ျဖစ္ႏိုင္တယ္ ဆိုတာပါပဲ။

ေက်ာဘက္ ကင္မရာကေတာ့ ႏွစ္လုံး တပ္ဆင္ထားဖြယ္ ရွိတယ္လို႔ ခန႔္မွန္းရပါတယ္။ အဓိကကင္မရာဟာ 48MP ျဖစ္ႏိုင္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ Realme ပစ္မွတ္ထားေနတဲ့ Redmi Note 7 Pro က 48MP + 5MP ကင္မရာႏွစ္လုံး တပ္ဆင္ထားတာေၾကာင့္ ျဖစ္ပါတယ္။ က်န္တဲ့အေသးစိတ္အခ်က္အလက္ေတြကလည္း ဒီရက္ေတြထဲမွာ ထပ္ၿပီးေပါက္ၾကားလာဖြယ္ ရွိတာေၾကာင့္ ဆက္လက္ေစာင့္ၾကည့္ရဦးမွာပါ။

Ref: GSMArena

[Unicode]

Geekbench မှာ တွေ့ရပြီဖြစ်တဲ့ Realme 3 Pro

ပြီးခဲ့တဲ့ တစ်ပတ်တုန်းက Teaser နဲ့အတူ Realme 3 Pro အကြောင်း လူမှုကွန်ရက်တွေမှာ ပျံ့နှံ့ခဲ့ပေမယ့် ဧပြီ ၂၂ ရက်နေ့မှာ မိတ်ဆက်မယ် ဆိုတာအပြင် တခြားဘာမှမသိခဲ့ကြရပါဘူး။ ထူးထူးခြားခြားဆိုလို့ Realme ရဲ့ CEO Madhav Sheth ကြွားလုံးထုတ်ခဲ့တဲ့ Fortnite ကို 60fps နဲ့ ဆော့နိုယ်တယ်ဆိုတာပဲ သိခဲ့ကြရတာပါ။

အခုတော့ Realme 3 Pro ကို Geekbench မှာတွေ့ရတာကြောင့် သူနဲ့ပတ်သက်တဲ့ အသေးစိတ်အကြောင်းအရာ အချို့ကိုလည်း သိခွင့်ရပြီဖြစ်ပါတယ်။ Realme RMX1851 ကုဒ်အမည်နဲ့ တွေ့ရတဲ့ ဒီစမတ်ဖုန်းဟာ ခန့်မှန်းထားတဲ့အတိုင်း Snapdragon 710 ကိုပဲ အသုံးပြုထားတာ ဖြစ်ပါတယ်။ တွဲဖက်ထားတာကတော့ 6GB of RAM ပါ။

Geekbench တင်မကဘဲ Bluetooth SIG ကလည်း Realme 3 Pro ရဲ့ အစိတ်အပိုင်းအချို့ကို ထုတ်ဖော်ပြသခဲ့ပါသေးတယ်။ ဒါကြောင့် Realme 3 Pro ဟာ 6.3-inch FHD+ display နဲ့ ဖြစ်ကြောင်း သိလိုက်ရပါတယ်။ Fingerprint scanner ကတော့ ကျောဘက်မှာပဲ ရှိမယ်လို့ မျှော်လင့်ရပြီး Bluetooth 5.0 နဲ့ 5GHz Wi-Fi တို့လည်း ထောက်ပံ့ပေးထားပါတယ်။

ဘက်ထရီပမာဏကတော့ 3,960mAh လို့တွေ့မြင်ရပါတယ်။ Color OS version 6.0 ကိုလည်းဖော်ပြထားတာကြောင့် Android 9 Pie လည်း သုံးလို့ရမှာ ဖြစ်ပါတယ်။ ကင်မရာနဲ့ပတ်သက်ပြီး သိရသလောက်ကတော့ Selfie ကင်မရာဟာ 12MP နဲ့အထက် ဖြစ်ဖွယ်ရှိပြီး 25MP အောက် ဖြစ်နိုင်တယ် ဆိုတာပါပဲ။

ကျောဘက် ကင်မရာကတော့ နှစ်လုံး တပ်ဆင်ထားဖွယ် ရှိတယ်လို့ ခန့်မှန်းရပါတယ်။ အဓိကကင်မရာဟာ 48MP ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ Realme ပစ်မှတ်ထားနေတဲ့ Redmi Note 7 Pro က 48MP + 5MP ကင်မရာနှစ်လုံး တပ်ဆင်ထားတာကြောင့် ဖြစ်ပါတယ်။ ကျန်တဲ့အသေးစိတ်အချက်အလက်တွေကလည်း ဒီရက်တွေထဲမှာ ထပ်ပြီးပေါက်ကြားလာဖွယ် ရှိတာကြောင့် ဆက်လက်စောင့်ကြည့်ရဦးမှာပါ။

Ref: GSMArena