[Zawgyi]

Realme 3 ဟာ ၿပီးခဲ့တဲ့ မတ္လဆန္းတုန္းက မိတ္ဆက္သြားတာျဖစ္ၿပီး ဒီလထဲမွာေတာ့ က်န္ရွိေနေသးတဲ့ Realme 3 Pro ကို ထပ္မံမိတ္ဆက္ေတာ့မွာ ျဖစ္ပါတယ္။ ယခင္ကတည္းက ဧၿပီလထဲမွာ Pro Version ကို မိတ္ဆက္မယ္လို႔ ကုမၸဏီက ေျပာခဲ့သလို ဒီလဆန္းပိုင္းမွာလည္း Realme 3 Pro နဲ႔ ပတ္သက္တဲ့ Teasing ေတြကို ေတာက္ေလွ်ာက္ လုပ္လာခဲ့တာ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ရက္ကေတာ့ ကုမၸဏီရဲ႕ အိႏၵိယ CEO က Realme 3 Pro မိတ္ဆက္မယ့္ရက္အျဖစ္ ဧၿပီ ၂၂ ကို တရားဝင္သတ္မွတ္ေပးခဲ့တာ ျဖစ္ပါတယ္။ ဒီမိတ္ဆက္မႈအတြက္ ဖိတ္ၾကားျခင္းမွာေတာ့ “Speed Awakens” ဆိုတဲ့ စာသားကလြဲရင္ Realme 3 Pro အေၾကာင္း ဘာမွ ေဖာ္ျပထားျခင္းမရွိဘူးလို႔ သိရပါတယ္။

Realme 3 Pro ကို အိႏၵိယႏိုင္ငံ Delhi University Stadium မွာ ျပဳလုပ္က်င္းပသြားမွာ ျဖစ္ၿပီး ဒီစမတ္ဖုန္းရဲ႕ အဓိကပစ္မွတ္ကေတာ့ ငယ္႐ြယ္တဲ့ သုံးစြဲသူေတြ၊ အထူးသျဖင့္ ေကာလိပ္ေက်ာင္းသား၊ ေက်ာင္းသူေတြ ျဖစ္တယ္လို႔ သိရပါတယ္။ ၿပီးခဲ့တဲ့ စက္တင္ဘာမွာ Realme 2 Pro ကို မိတ္ဆက္တုန္းကလည္း Amity University ကို ေ႐ြးခ်ယ္ခဲ့ၿပီး လူငယ္ေတြကိုပဲ ဦးတည္ခဲ့တာ ျဖစ္ပါတယ္။

Realme 3 Pro အေၾကာင္း ဘာမွ မသိရေသးေပမယ့္ ဒီဖုန္းဟာ Realme 3 ထက္ ပိုၿပီးေတာ့ စြမ္းေဆာင္ရည္ျမင့္မယ့္ စမတ္ဖုန္းတစ္လုံးဆိုတာ သံသယ ျဖစ္စရာ မလိုပါဘူး။ ဒါ့အျပင္ Redmi Note 7 Pro နဲ႔ ႏႈိင္းယွဥ္ႏိုင္မယ့္ စမတ္ဖုန္းတစ္လုံး ျဖစ္တယ္လို႔လည္း သတင္းထြက္ထားပါတယ္။ ဒါေၾကာင့္ လာမယ့္ရက္ေတြမွာ ေပါက္ၾကားထြက္ေပၚလာမယ့္ Realme 3 Pro အေၾကာင္းေတြကို စိတ္ဝင္စားစရာ ဆက္လက္ေစာင့္ၾကည့္ၾကရမွာ ျဖစ္ပါတယ္။

Ref: GSMArena

[Unicode]

ဧပြီ ၂၂ ရက်နေ့မှာ မိတ်ဆက်မယ့် Realme 3 Pro

Realme 3 ဟာ ပြီးခဲ့တဲ့ မတ်လဆန်းတုန်းက မိတ်ဆက်သွားတာဖြစ်ပြီး ဒီလထဲမှာတော့ ကျန်ရှိနေသေးတဲ့ Realme 3 Pro ကို ထပ်မံမိတ်ဆက်တော့မှာ ဖြစ်ပါတယ်။ ယခင်ကတည်းက ဧပြီလထဲမှာ Pro Version ကို မိတ်ဆက်မယ်လို့ ကုမ္ပဏီက ပြောခဲ့သလို ဒီလဆန်းပိုင်းမှာလည်း Realme 3 Pro နဲ့ ပတ်သက်တဲ့ Teasing တွေကို တောက်လျှောက် လုပ်လာခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ကတော့ ကုမ္ပဏီရဲ့ အိန္ဒိယ CEO က Realme 3 Pro မိတ်ဆက်မယ့်ရက်အဖြစ် ဧပြီ ၂၂ ကို တရားဝင်သတ်မှတ်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီမိတ်ဆက်မှုအတွက် ဖိတ်ကြားခြင်းမှာတော့ “Speed Awakens” ဆိုတဲ့ စာသားကလွဲရင် Realme 3 Pro အကြောင်း ဘာမှ ဖော်ပြထားခြင်းမရှိဘူးလို့ သိရပါတယ်။

Realme 3 Pro ကို အိန္ဒိယနိုင်ငံ Delhi University Stadium မှာ ပြုလုပ်ကျင်းပသွားမှာ ဖြစ်ပြီး ဒီစမတ်ဖုန်းရဲ့ အဓိကပစ်မှတ်ကတော့ ငယ်ရွယ်တဲ့ သုံးစွဲသူတွေ၊ အထူးသဖြင့် ကောလိပ်ကျောင်းသား၊ ကျောင်းသူတွေ ဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာမှာ Realme 2 Pro ကို မိတ်ဆက်တုန်းကလည်း Amity University ကို ရွေးချယ်ခဲ့ပြီး လူငယ်တွေကိုပဲ ဦးတည်ခဲ့တာ ဖြစ်ပါတယ်။

Realme 3 Pro အကြောင်း ဘာမှ မသိရသေးပေမယ့် ဒီဖုန်းဟာ Realme 3 ထက် ပိုပြီးတော့ စွမ်းဆောင်ရည်မြင့်မယ့် စမတ်ဖုန်းတစ်လုံးဆိုတာ သံသယ ဖြစ်စရာ မလိုပါဘူး။ ဒါ့အပြင် Redmi Note 7 Pro နဲ့ နှိုင်းယှဉ်နိုင်မယ့် စမတ်ဖုန်းတစ်လုံး ဖြစ်တယ်လို့လည်း သတင်းထွက်ထားပါတယ်။ ဒါကြောင့် လာမယ့်ရက်တွေမှာ ပေါက်ကြားထွက်ပေါ်လာမယ့် Realme 3 Pro အကြောင်းတွေကို စိတ်ဝင်စားစရာ ဆက်လက်စောင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။

Ref: GSMArena