[Zawgyi]




[Unicode]

realme 5 အတွက် အခြေခံဈေးနှုန်း ၄သိန်းဝန်းကျင်နှင့် realme 5 Pro အတွက် အခြေခံဈေးနှုန်း ၅သိန်းဝန်းကျင်ဖြင့်ထွက်လာနိုင်ဟု အတွင်းသတင်းထွက်ပေါ်လာ

Realme Myanmar ကလာမည့် အောက်တိုဘာလ ၁၇ရက်တွင် ထုတ်ကုန်သစ်များဖြစ်ကြသည့် realme 5 နှင့် realme 5 Pro တို့ကို တရားဝင်မိတ်ဆက်ပေသွားရန်ရှိနေပြီး ထူးခြားသည့်ဈေးနှုန်းမျိုးဖြင့် ရောင်းချပေးသွားရန်ရှိနေသည်ဟု သတင်းများထွက်နေသော်လည်း ယခုအတွင်းသတင်းအချို့ထွက်ပေါ်လာမှုအရ realme 5 နှင့် realme 5 Pro တို့၏ဈေးနှုန်းများမှာ ပြောင်းလဲမှုများရှိလာနိုင်ကြောင်း သိရှိနေရသည်။ ယခုအတွင်းသတင်းများအရဆိုရင် realme 5 ၏ အခြေခံဈေးနှုန်းမှာ မြန်မာကျပ်ငွေ ၄သိန်းဝန်းကျင်မှစတင်နိုင်ပြီး realme 5 Pro ၏အခြေခံဈေးနှုန်းမှာမူ မြန်မာကျပ်ငွေ ၅သိန်းဝန်းကျင်အထိရှိလာနိုင်ကြောင်း သိရှိထားသည်။

ပြည်တွင်းရှိ realme အမှတ်တံဆိပ်သုံးစွဲသူများနှင့် အသစ်ထွက်ရှိလာမည့် realme 5 နှင့် realme 5 Pro တို့ကို အားပေးရန်စောင့်ဆိုင်နေကြသည့် သုံးစွဲသူအသစ်များအတွက် ယခုကဲ့သို့ realme 5 နှင့် realme 5 Pro တို့၏ အတွင်းခန့်မှန်းဈေးနှုန်းများ ပေါက်ကြားထွက်ပေါ်လာခြင်းက သို့လော သို့လောတွေးစရာများဖြစ်လာနိုင်မည်သည်။ သို့ရာတွင် ယခုအတွင်းသတင်းများမှာ ၎င်းတို့၏ realme Myanmar Facebook Page မှ တရားဝင်ကြေညာထားခြင်းမဟုတ်သည့်အချက်ကို ထောက်ကြည့်ခြင်းအား ဖြင့် တရားဝင်ဈေးနှုန်းအဖြစ်သတ်မှတ်ရန်ခက်ခဲနေဦးမည်ဖြစ်သည်။

ထို့အတွက်ကြောင့် သိပ်မကြာခင်တွင် တရားဝင်မိတ်ဆက်ပေးသွားမည့် realme 5 နှင့် realme 5 Pro တို့၏ တိကျသည့်ဈေးနှုန်းများကို Livestream ထုတ်လွှင့်မှုများမှတစ်ဆင့် စောင့်ကြည့်သွားရမည်ဖြစ်သည်။