[Zawgyi]

Realme 5 နဲ႔ Realme 5 Pro တို႔ကို ၾသဂုတ္လ ၂၀ မွာ ေၾကညာေတာ့မွာ ျဖစ္ပါတယ္။ အဲဒီဖုန္း ၂ လံုးစလံုးမွာ Ultrawide Angle, Super Macro နဲ႔ Portrait Modules ေတြ အပါအ၀င္ အေနာက္ကင္မရာ ၄ လံုး ပါလာမွာပါ။

ကုမၸဏီက Realme 5 ရဲ႕ ပင္မ ကင္မရာကို အရင္က အတည္ျပဳထားျခင္း မရွိပါဘူး။  အခုေတာ့ ကုမၸဏီက Pro Version မွာ 48MP Sony IMX586 Sensor ပါမယ္လို႔ အတည္ျပဳလိုက္ပါတယ္။ အဲဒီအတြက္ Realme 5 Pro ဟာ အိႏၵိယမွာ ေရာင္းခ်တဲ့ ပထမဆံုး Quad Bayer Sensor ပါတဲ့ အေနာက္ကင္မရာ ၄ လံုးတပ္ ဖုန္း ျဖစ္လာမွာပါ။ Realme 5 နဲ႔ Realme 5 Pro ရဲ႕ တျခား သတင္းအခ်က္အလက္ေတြ သိပ္ၿပီး ထြက္မလာေသးပါဘူး။

ၿပီးခဲ့တဲ့ ရက္ပိုင္းက Realme India ရဲ႕ အႀကီးအကဲ Madhav Sheth က Realme 5 Series ေတြရဲ႕ ကင္မရာ သတင္းအခ်က္အလက္အခ်ိဳ႕ကို အရိပ္အျမြက္ သတင္းေပးထားပါတယ္။ အေနာက္ကင္မရာ ၄ လံုးမွာ 48MP Sony IMX586 Sensor နဲ႔အတူ 119 Degrees FoV Ultra-wide Camera ပါလာမယ္လို႔ ယူဆခဲ့ပါတယ္။ အခုေတာ့ 48MP Camera ပါမယ္ဆိုတာ အတည္ ျဖစ္သြားပါၿပီ။

တတိယ ကင္မရာက Macro Lens နဲ႔ စတုတၳ ကင္မရာက Portrait Photos ေတြအတြက္ Depth Sensor ျဖစ္ႏုိင္ပါတယ္။ တျခား Specifications ေတြကိုေတာ့ မသိရေသးပါဘူး။ Realme က အဲဒီ ဖုန္းေတြရဲ႕ သတင္းအခ်က္အလက္ေတြကို နည္းနည္းစီ မွ်ေ၀ေနပါတယ္။ အဲဒီအတြက္ တရား၀င္ မိတ္ဆက္ပြဲ မတိုင္ခင္မွာ သတင္းအခ်က္အလက္ေတြကို ပိုၿပီး သိရဦးမွာ ျဖစ္ပါတယ္။

Ref : gsmarena

[Unicode]

Realme 5 Pro မှာ 48MP Sony IMX586 Sensor ပါမှာ သေချာပြီ

Realme 5 နဲ့ Realme 5 Pro တို့ကို သြဂုတ်လ ၂၀ မှာ ကြေညာတော့မှာ ဖြစ်ပါတယ်။ အဲဒီဖုန်း ၂ လုံးစလုံးမှာ Ultrawide Angle, Super Macro နဲ့ Portrait Modules တွေ အပါအဝင် အနောက်ကင်မရာ ၄ လုံး ပါလာမှာပါ။

ကုမ္ပဏီက Realme 5 ရဲ့ ပင်မ ကင်မရာကို အရင်က အတည်ပြုထားခြင်း မရှိပါဘူး။ အခုတော့ ကုမ္ပဏီက Pro Version မှာ 48MP Sony IMX586 Sensor ပါမယ်လို့ အတည်ပြုလိုက်ပါတယ်။ အဲဒီအတွက် Realme 5 Pro ဟာ အိန္ဒိယမှာ ရောင်းချတဲ့ ပထမဆုံး Quad Bayer Sensor ပါတဲ့ အနောက်ကင်မရာ ၄ လုံးတပ် ဖုန်း ဖြစ်လာမှာပါ။ Realme 5 နဲ့ Realme 5 Pro ရဲ့ တခြား သတင်းအချက်အလက်တွေ သိပ်ပြီး ထွက်မလာသေးပါဘူး။

ပြီးခဲ့တဲ့ ရက်ပိုင်းက Realme India ရဲ့ အကြီးအကဲ Madhav Sheth က Realme 5 Series တွေရဲ့ ကင်မရာ သတင်းအချက်အလက်အချို့ကို အရိပ်အမြွက် သတင်းပေးထားပါတယ်။ အနောက်ကင်မရာ ၄ လုံးမှာ 48MP Sony IMX586 Sensor နဲ့အတူ 119 Degrees FoV Ultra-wide Camera ပါလာမယ်လို့ ယူဆခဲ့ပါတယ်။ အခုတော့ 48MP Camera ပါမယ်ဆိုတာ အတည် ဖြစ်သွားပါပြီ။

တတိယ ကင်မရာက Macro Lens နဲ့ စတုတ္ထ ကင်မရာက Portrait Photos တွေအတွက် Depth Sensor ဖြစ်နိုင်ပါတယ်။ တခြား Specifications တွေကိုတော့ မသိရသေးပါဘူး။ Realme က အဲဒီ ဖုန်းတွေရဲ့ သတင်းအချက်အလက်တွေကို နည်းနည်းစီ မျှဝေနေပါတယ်။ အဲဒီအတွက် တရားဝင် မိတ်ဆက်ပွဲ မတိုင်ခင်မှာ သတင်းအချက်အလက်တွေကို ပိုပြီး သိရဦးမှာ ဖြစ်ပါတယ်။

Ref : gsmarena