[Zawgyi]

Realme 5 Series ဟာ ၾသဂုတ္လ ၂၀ ရက္ေန႔မွာ မိတ္ဆက္ျဖန႔္ခ်ိမွာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ရက္ကေတာ့ Realme 5 ရဲ႕ အခ်က္အလက္ေတြကို Geekbench မွာ ေတြ႕ျမင္လိုက္ရပါတယ္။ ဒီရက္မွာေတာ့ Realme 5 Pro ရဲ႕ အခ်က္အလက္ေတြကို Geekbench မွာ ဆက္လက္ေတြ႕ျမင္လိုက္ရတာ ျဖစ္ပါတယ္။

Realme 5 ကေတာ့ Snapdragon 665 SoC နဲ႔ 4GB of RAM ကိုတြဲဖက္ေပးထားတာ ျဖစ္ပါတယ္။ ဒါေပမယ့္ Realme 5 Pro ကေတာ့ ပိုၿပီးေကာင္းမြန္တဲ့ Specs ေတြနဲ႔ ေတြ႕ျမင္ရတာပါ။ ကနဦး ေကာလာဟလသတင္းေတြမွာေတာ့ Realme 5 Pro ဟာ Snapdragon 712 SoC နဲ႔ ထြက္လာမယ္လို႔ ေရးသားေဖာ္ျပခဲ့ၾကေပမယ့္ တကယ္တမ္းေတြ႕လိုက္ရတာနဲ႔ေတာ့ အနည္းငယ္ကြဲလြဲေနပါတယ္။

Geekbench မွာ ေမာ္ဒယ္နံပါတ္ realme RMX1971 အေနနဲ႔ေတြ႕ရတဲ့ Realme 5 Pro ဟာ Android Pie ေမာင္းႏွင္ထားတာျဖစ္ၿပီး Snapdragon 710 SoC နဲ႔ 8GB of RAM ကို တြဲဖက္ေပးထားတာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ကနဦးသတင္းနဲ႔ Geekbench မွာျမင္ေတြ႕ရတဲ့ အခ်က္အလက္ ကြာျခားမႈအတြက္အေျဖမွန္ကို တရားဝင္ေၾကညာခ်ိန္မွပဲ သိရေတာ့မွာ ျဖစ္ပါတယ္။

Realme ကေတာ့ 5 Pro ဟာ 48MP Sony IMX586 sensor နဲ႔ VOOC Flash Charge 3.0 ကို ေထာက္ပံ့ေပးထားမယ္လို႔ အေစာပိုင္းကတည္းက အတည္ျပဳေပးထားၿပီး ျဖစ္ပါတယ္။ ေက်ာဘက္ကင္မရာအေရအတြက္ကေတာ့ ေလးလုံးျဖစ္ၿပီး အေသးစိတ္အခ်က္အလက္ေတြကေတာ့ မၾကာခင္ရက္ပိုင္းအတြင္း အတိအက် သိရေတာ့မွာ ျဖစ္ပါတယ္။

Ref: GSM Arena

[Unicode]

Geekbench မှာတွေ့ရပြီဖြစ်တဲ့ Realme 5 Pro

Realme 5 Series ဟာ သြဂုတ်လ ၂၀ ရက်နေ့မှာ မိတ်ဆက်ဖြန့်ချိမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ကတော့ Realme 5 ရဲ့ အချက်အလက်တွေကို Geekbench မှာ တွေ့မြင်လိုက်ရပါတယ်။ ဒီရက်မှာတော့ Realme 5 Pro ရဲ့ အချက်အလက်တွေကို Geekbench မှာ ဆက်လက်တွေ့မြင်လိုက်ရတာ ဖြစ်ပါတယ်။

Realme 5 ကတော့ Snapdragon 665 SoC နဲ့ 4GB of RAM ကိုတွဲဖက်ပေးထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် Realme 5 Pro ကတော့ ပိုပြီးကောင်းမွန်တဲ့ Specs တွေနဲ့ တွေ့မြင်ရတာပါ။ ကနဦး ကောလာဟလသတင်းတွေမှာတော့ Realme 5 Pro ဟာ Snapdragon 712 SoC နဲ့ ထွက်လာမယ်လို့ ရေးသားဖော်ပြခဲ့ကြပေမယ့် တကယ်တမ်းတွေ့လိုက်ရတာနဲ့တော့ အနည်းငယ်ကွဲလွဲနေပါတယ်။

Geekbench မှာ မော်ဒယ်နံပါတ် realme RMX1971 အနေနဲ့တွေ့ရတဲ့ Realme 5 Pro ဟာ Android Pie မောင်းနှင်ထားတာဖြစ်ပြီး Snapdragon 710 SoC နဲ့ 8GB of RAM ကို တွဲဖက်ပေးထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ကနဦးသတင်းနဲ့ Geekbench မှာမြင်တွေ့ရတဲ့ အချက်အလက် ကွာခြားမှုအတွက်အဖြေမှန်ကို တရားဝင်ကြေညာချိန်မှပဲ သိရတော့မှာ ဖြစ်ပါတယ်။

Realme ကတော့ 5 Pro ဟာ 48MP Sony IMX586 sensor နဲ့ VOOC Flash Charge 3.0 ကို ထောက်ပံ့ပေးထားမယ်လို့ အစောပိုင်းကတည်းက အတည်ပြုပေးထားပြီး ဖြစ်ပါတယ်။ ကျောဘက်ကင်မရာအရေအတွက်ကတော့ လေးလုံးဖြစ်ပြီး အသေးစိတ်အချက်အလက်တွေကတော့ မကြာခင်ရက်ပိုင်းအတွင်း အတိအကျ သိရတော့မှာ ဖြစ်ပါတယ်။

Ref: GSM Arena