[Zawgyi]

Realme 5 Series ေတြကို ၾသဂုတ္လ ၂၀ မွာ ေၾကညာေတာ့မွာ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ အဲဒီဖုန္းေတြကို ျမင္ရဖို႔ ၈ ရက္သာလိုပါေတာ့တယ္။ ကုမၸဏီက အဲဒီဖုန္းေတြ မိတ္ဆက္မယ့္ ပြဲအတြက္ ဖိတ္စာေတြကို ေပးပို႔ေနပါတယ္။

Flipkart က Teaser Post ၁ ခုမွာ ကုမၸဏီက “joining the 5quad” လို႔ ေရးသားထားတဲ့ အတြက္ Realme 5 Series ေတြမွာ အေနာက္ ကင္မရာ ၄ လံုး ပါလာႏိုင္ပါတယ္။ ဒါေပမယ့္ အဲဒီ ဖုန္းေတြမွာ 64MP Camera ေတာ့ မပါလာႏိုင္ပါဘူး။ ေဒ၀ါလီေန႔မွာ 64MP Camera ပါတဲ့ တျခား ဖုန္း တစ္လံုးကို ကုမၸဏီက ေၾကညာမယ္လို႔ ေျပာထားပါတယ္။ ေအာက္တိုဘာလ ၂၇ ရက္ေန႔မွာ ေဒ၀ါလီေန႔ က်ေရာက္မွာ ျဖစ္ပါတယ္။

Realme India ရဲ႕ အႀကီးအကဲ Madhav Sheth က Realme 5 Series ေတြရဲ႕ ကင္မရာ သတင္းအခ်က္အလက္အခ်ိဳ႕ကို အရိပ္အျမြက္ သတင္းေပးထားပါတယ္။ အေနာက္ကင္မရာ ၄ လံုးမွာ 48MP Sony IMX586 Sensor နဲ႔အတူ 119 Degrees FoV Ultra-wide Camera ပါလာမွာ ျဖစ္ပါတယ္။

တတိယ ကင္မရာက Macro Lens နဲ႔ စတုတၳ ကင္မရာက Portrait Photos ေတြအတြက္ Depth Sensor ျဖစ္ႏုိင္ပါတယ္။ အျခား Specifications ေတြကိုေတာ့ မသိရေသးပါဘူး။ Realme က အဲဒီ ဖုန္းေတြရဲ႕ သတင္းအခ်က္အလက္ေတြကို နည္းနည္းစီ မွ်ေ၀ေနပါတယ္။ အဲဒီအတြက္ တရား၀င္ မိတ္ဆက္ပြဲ မတိုင္ခင္မွာ သတင္းအခ်က္အလက္ေတြကို ပိုၿပီး သိရဦးမွာ ျဖစ္ပါတယ္။

Ref : gsmarena

[Unicode]

48MP Camera ပါတဲ့ Realme 5 Series တွေကို သြဂုတ်လ ၂၀ မှာ ကြေညာမည်

Realme 5 Series တွေကို သြဂုတ်လ ၂၀ မှာ ကြေညာတော့မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အဲဒီဖုန်းတွေကို မြင်ရဖို့ ၈ ရက်သာလိုပါတော့တယ်။ ကုမ္ပဏီက အဲဒီဖုန်းတွေ မိတ်ဆက်မယ့် ပွဲအတွက် ဖိတ်စာတွေကို ပေးပို့နေပါတယ်။

Flipkart က Teaser Post ၁ ခုမှာ ကုမ္ပဏီက “joining the 5quad” လို့ ရေးသားထားတဲ့ အတွက် Realme 5 Series တွေမှာ အနောက် ကင်မရာ ၄ လုံး ပါလာနိုင်ပါတယ်။ ဒါပေမယ့် အဲဒီ ဖုန်းတွေမှာ 64MP Camera တော့ မပါလာနိုင်ပါဘူး။ ဒေဝါလီနေ့မှာ 64MP Camera ပါတဲ့ တခြား ဖုန်း တစ်လုံးကို ကုမ္ပဏီက ကြေညာမယ်လို့ ပြောထားပါတယ်။ အောက်တိုဘာလ ၂၇ ရက်နေ့မှာ ဒေဝါလီနေ့ ကျရောက်မှာ ဖြစ်ပါတယ်။

Realme India ရဲ့ အကြီးအကဲ Madhav Sheth က Realme 5 Series တွေရဲ့ ကင်မရာ သတင်းအချက်အလက်အချို့ကို အရိပ်အမြွက် သတင်းပေးထားပါတယ်။ အနောက်ကင်မရာ ၄ လုံးမှာ 48MP Sony IMX586 Sensor နဲ့အတူ 119 Degrees FoV Ultra-wide Camera ပါလာမှာ ဖြစ်ပါတယ်။

တတိယ ကင်မရာက Macro Lens နဲ့ စတုတ္ထ ကင်မရာက Portrait Photos တွေအတွက် Depth Sensor ဖြစ်နိုင်ပါတယ်။ အခြား Specifications တွေကိုတော့ မသိရသေးပါဘူး။ Realme က အဲဒီ ဖုန်းတွေရဲ့ သတင်းအချက်အလက်တွေကို နည်းနည်းစီ မျှဝေနေပါတယ်။ အဲဒီအတွက် တရားဝင် မိတ်ဆက်ပွဲ မတိုင်ခင်မှာ သတင်းအချက်အလက်တွေကို ပိုပြီး သိရဦးမှာ ဖြစ်ပါတယ်။

Ref : gsmarena