ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်း (၆) ခုတွင် တစ်ခုအပါအဝင်ဖြစ်သည့် အငယ်ရွယ်ဆုံးအမှတ်တံဆိပ်ဖြစ်သော realme က ပထမဆုံးအကြိမ်အဖြစ် တစ်ကမ္ဘာလုံးအတိုင်းအတာအရ တိုးတက်မှုအမြန်ဆုံးစမတ်ဖုန်းအမှတ်တံဆိပ်အဖြစ် ပေါ်ထွက်လာနိုင်ခဲ့ပြီဖြစ်သည်။ တောင့်တင်းအားကောင်းသည့်တိုးတက်မှုက ကမ္ဘာ့စမတ်ဖုန်းစျေးကွက် ၂၀ တွင် 5G စမတ်ဖုန်းတင်ပို့မှုအပိုင်း၌ realme အား ထိပ်တန်း (၅) နေရာစာရင်းတွင် ဝင်ရောက်နိုင်စေခဲ့ခြင်းဖြစ်ပြီး လွတ်လပ်သည့် 5G ဖန်တီးမှုကဏ္ဍတွင် ဦးဆောင်သူအဖြစ် ရပ်တည်နိုင်ခြင်းကို ပိုမိုအားကောင်းစေခဲ့ခြင်းဖြစ်သည်။

သုတေသနကုမ္ပဏီ Counterpoint Research ၏ နောက်ဆုံးထုတ်ပြန်သည့် အစီရင်ခံစာအရ realme ၏ 5G စမတ်ဖုန်းတင်ပို့နိုင်မှုမှာ ၂၀၂၁ ခုနှစ် စတုတ္ထ (၃) လပတ်အတွင်း နှစ်အလိုက်တိုးတက်မှု ၁၆၅ ရာခိုင်နှုန်းဖြင့် ထိပ်တန်းစမတ်ဖုန်းအမှတ်တံဆိပ်များအကြားတွင် အကြီးမားဆုံးအဖြစ် တိုးတက်လာခဲ့ခြင်းဖြစ်သည်။ ယခုကဲ့သို့ မြန်မြန်ဆန်ဆန်တိုးတက်မှုနှုန်းကို အနောက်ဥရောပနိုင်ငံများဖြစ်ကြသည့် အီတလီ၊ စပိန်၊ ပြင်သစ်၊ ယူကေနှင့် ဆွစ်ဇာလန်နိုင်ငံတို့တို့တွင် ကုမ္ပဏီ၏စျေးကွက်တိုးချဲ့နေရာယူနိုင်သည့်အချက်က ပိုမိုအားကောင်းစေခဲ့ခြင်းဖြစ်ပြီး အဆိုပါ စျေးကွက်များတွင် realme 8 (5G) နှင့် GT series တို့ရောင်းအားကြောင့် တိုးတက်မှုအမြန်ဆုံးအမှတ်တံဆိပ်အဖြစ်ပါ ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။


realme ၏ 5G ထုတ်ကုန်များမှာ အရှေ့အလယ်ပိုင်း၊ မြောက်အာဖရိကနှင့် အာရှပစိဖိတ်တို့ကဲ့သို့ 5G စမတ်ဖုန်းတင်ပို့ရောင်းချမှုတွင် ထိပ်တန်း-၅နေရာအဆင့်ရပ်တည်ထားနိုင်သော အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ မလေးရှား၊ မော်ရိုကို၊ မြန်မာနှင့် စင်ကာပူနိုင်ငံတို့အပါအဝင် အဓိကစျေးကွက် ၂၀ တို့ဖြင့် ပါဝင်ဖွဲ့စည်းထားသည့်ဒေသများတွင် ကောင်းမွန်စွာရပ်တည်ရောင်းချထားနိုင်သည်။

“ဒီအချက်က 5G နယ်ပယ်မှာ လွတ်လပ်စွာဖန်တီးထုတ်လုပ်ချင်တဲ့ ကျွန်တော်တို့ရဲ့ရည်မှန်ချက်အတွက် အလေးအနက်ထားလုပ်ကိုင်ချင်တဲ့အချက်ကို ပိုမိုအားကောင်းသွားစေပါတယ်။ ဖွံ့ဖြိုးတိုးတက်ဆဲ နည်းပညာအမှတ်တံဆိပ်တစ်ခုအဖြစ် realme အနေနဲ့ 5G လိုမျိုး နောက်ဆုံးပေါ်နည်းပညာတွေကို တစ်ကမ္ဘာလုံးကလူငယ်သုံးစွဲသူတွေထိတွေ့ခံစားနိုင်စေဖို့ အစဥ်အမြဲအားထုတ်ကြိုးပမ်း တိုက်တွန်းသွားမှာဖြစ်သလို တစ်ကမ္ဘာလုံးကသုံးစွဲသူတွေအတွက်လည်း စွဲမက်စိတ်လှုပ်ရှားစရာကောင်းပြီး အနာဂတ်အတွက်အသင့်ဖြစ်နေစေမယ့်ထုတ်ကုန်တွေကိုပါ စဥ်ဆက်မပြတ်ပေးအပ်သွားမှာပဲဖြစ်ပါတယ်” ဟု realme ၏တည်ထောင်သူနှင့် CEO ဖြစ်သူ Sky Li က ပြောဆိုသွားခဲ့သည်။

5G စနစ်အသုံးပြုနိုင်သည့်စမတ်ဖုန်းများ လူကြိုက်များထင်ရှားလာစေရန် နောက်ထပ်အလေးထားလုပ်ဆောင်မှု အဖြစ် realme အနေဖြင့် ၄င်းတို့၏ နံပါတ်စီးရီး 5G ထုတ်ကုန်းများ၏ ပျမ်းမျှရောင်းစျေးကို ၂၀၂၀ ခုနှစ် ပထမ ၃လပတ်တွင် အမေရိကန်ဒေါ်လာ ၂၇၀ မှ ၂၀၂၂ခုနှစ် ပထမ ၃လပတ်တွင် အမေရိကန်ဒေါ်လာ ၂၀၀ အောက်ထိ လျှော့ချပေးနိုင်ခဲ့ပြီး နောက်ထပ်မတူညီသည့် သုံးစွဲသူများ၏လိုအပ်ချက်ကိုဖြည့်ဆည်းနိုင်စေရန်အတွက် ပရီမီယံအဆင့်မြင့်ထုတ်ကုန်ဖြစ်သော GT စီးရီးကဏ္ဍတွင် ပိုမိုအဆင့်မြင့်သော 5G စမတ်ဖုန်းရွေးချယ်နိုင်မှုကိုပါ တစ်ဆက်တည်း ပေးအပ်နေခြင်းဖြစ်သည်။

Press Release of realme