[Zawgyi]

Realme 5s ကို ႏိုဝင္ဘာလ ၂၀ ရက္ေန႔မွာ Flipkart ကတစ္ဆင့္ တရားဝင္ေရာင္းခ်မယ္လို႔ သတင္းထြက္လာခဲ့ၿပီးသလို ဒီစမတ္ဖုန္းရဲ႕ အခ်က္အလက္အခ်ိဳ႕လည္း ထြက္ေပၚခဲ့ၿပီး ျဖစ္ပါတယ္။ အိႏၵိယရဲ႕ နာမည္ေက်ာ္ e-commerce ကလည္း ဒီစမတ္ဖုန္းနဲ႔ပတ္သက္တဲ့ အခ်က္အလက္အခ်ိဳ႕ကို ေဖာ္ျပခဲ့ပါေသးတယ္။

အရင္ထြက္ခဲ့ၿပီးသား သတင္းအခ်က္အလက္ေတြအရ Realme 5s ဟာ ေက်ာဘက္မွာ ကင္မရာေလးလုံးတပ္ဆင္ထားမွာျဖစ္ၿပီး အဓိကကင္မရာကေတာ့ 48MP လို႔သိရပါတယ္။ Flipkart ရဲ႕ ေဖာ္ျပမႈအရ အေရွ႕ဘက္မ်က္ႏွာျပင္မွာ Waterdrop နဲ႔အတူ ကင္မရာတစ္လုံးလည္း ပါဝင္မွာ ျဖစ္ပါတယ္။

Realeme ကိုယ္တိုင္က ထုတ္ေဖာ္ျပသခဲ့တဲ့ အခ်က္အလက္ေတြထဲမွာ 5,000mAh ဘက္ထရီ အေၾကာင္းလည္း ပါဝင္ပါေသးတယ္။ မ်က္ႏွာျပင္အ႐ြယ္အစားကေတာ့ 6.51-inch HD အမ်ိဳးအစားျဖစ္ပါတယ္။ အေရာင္အားျဖင့္ ခရမ္း၊ အနီနဲ႔ အျပာေရာင္ဆိုၿပီး သံုးမ်ိဳး ရရွိႏိုင္တာကိုလည္း သိထားရၿပီျဖစ္ပါတယ္။

Snapdragon 655 အျဖစ္ မွားယြင္းေဖာ္ျပထားသည့္ပုံ

ကနဦးတုန္းကေတာ့ Realme 5s ကို Snapdragon 710 ဒါမွမဟုတ္ 675 တစ္ခုခု အသုံးျပဳထားမယ္လို႔ ခန႔္မွန္းသတင္းထြက္ခဲ့ပါတယ္။ အခုေတာ့ သတင္းထြက္ခဲ့တဲ့ ႏွစ္မ်ိဳးစလုံးမဟုတ္ဘဲ Snapdragon 665 SoC ကို အသုံးျပဳထားမယ္ဆိုတာ အတည္ျပဳႏိုင္ခဲ့ၿပီ ျဖစ္ပါတယ္။ Flipkart ကေဖာ္ျပထားတဲ့ ပုံမွာေတာ့ Snapdragon 655 လို႔ေရးသားထားေပမယ့္ ဒါဟာ မွာယြင္းေဖာ္ျပတာလို႔ သတ္မွတ္ရမွာ ျဖစ္ပါတယ္။

Ref: GSM Arena

[Unicode]

Realme 5s မှာ အသုံးပြုထားမယ့် Processor ကို အတိအကျ သိရပြီ

Realme 5s ကို နိုဝင်ဘာလ ၂၀ ရက်နေ့မှာ Flipkart ကတစ်ဆင့် တရားဝင်ရောင်းချမယ်လို့ သတင်းထွက်လာခဲ့ပြီးသလို ဒီစမတ်ဖုန်းရဲ့ အချက်အလက်အချို့လည်း ထွက်ပေါ်ခဲ့ပြီး ဖြစ်ပါတယ်။ အိန္ဒိယရဲ့ နာမည်ကျော် e-commerce ကလည်း ဒီစမတ်ဖုန်းနဲ့ပတ်သက်တဲ့ အချက်အလက်အချို့ကို ဖော်ပြခဲ့ပါသေးတယ်။

အရင်ထွက်ခဲ့ပြီးသား သတင်းအချက်အလက်တွေအရ Realme 5s ဟာ ကျောဘက်မှာ ကင်မရာလေးလုံးတပ်ဆင်ထားမှာဖြစ်ပြီး အဓိကကင်မရာကတော့ 48MP လို့သိရပါတယ်။ Flipkart ရဲ့ ဖော်ပြမှုအရ အရှေ့ဘက်မျက်နှာပြင်မှာ Waterdrop နဲ့အတူ ကင်မရာတစ်လုံးလည်း ပါဝင်မှာ ဖြစ်ပါတယ်။

Realeme ကိုယ်တိုင်က ထုတ်ဖော်ပြသခဲ့တဲ့ အချက်အလက်တွေထဲမှာ 5,000mAh ဘက်ထရီ အကြောင်းလည်း ပါဝင်ပါသေးတယ်။ မျက်နှာပြင်အရွယ်အစားကတော့ 6.51-inch HD အမျိုးအစားဖြစ်ပါတယ်။ အရောင်အားဖြင့် ခရမ်း၊ အနီနဲ့ အပြာရောင်ဆိုပြီး သုံးမျိုး ရရှိနိုင်တာကိုလည်း သိထားရပြီဖြစ်ပါတယ်။

Snapdragon 655 အဖြစ် မှားယွင်းဖော်ပြထားသည့်ပုံ

ကနဦးတုန်းကတော့ Realme 5s ကို Snapdragon 710 ဒါမှမဟုတ် 675 တစ်ခုခု အသုံးပြုထားမယ်လို့ ခန့်မှန်းသတင်းထွက်ခဲ့ပါတယ်။ အခုတော့ သတင်းထွက်ခဲ့တဲ့ နှစ်မျိုးစလုံးမဟုတ်ဘဲ Snapdragon 665 SoC ကို အသုံးပြုထားမယ်ဆိုတာ အတည်ပြုနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ Flipkart ကဖော်ပြထားတဲ့ ပုံမှာတော့ Snapdragon 655 လို့ရေးသားထားပေမယ့် ဒါဟာ မှာယွင်းဖော်ပြတာလို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။

Ref: GSM Arena