၂၀၁၉ခုနှစ်တွင် မြန်မာပြည်စျေးကွက်သို့ တရားဝင် ဝင်ရောက်လာခဲ့သည့်အချိန်ကတည်းက realme အနေဖြင့် အောင်မြင်မှုဆီသို့လျှောက်လှမ်းသည့်လမ်းကြောင်းပေါ်တွင် အမျိုးမျိုးသောစိန်ခေါ်မှုများကို ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။ လက်ရှိရောက်ရှိနေသည့်ရပ်တည်မှုကို ဖြတ်သန်းတည်ဆောက်ခြင်းမှာ လွယ်ကူသည့်အားထုတ်ကြိုးပမ်းမှုမျိုးမဟုတ်ခဲ့ပေ။ ပြိုင်ဆိုင်မှုပြင်းထန်လှသည့်စျေးကွက်တွင် realme အနေဖြင့် လူငယ်သုံးစွဲသူများအကြားတွင် ပိုမိုနှစ်သက်သဘောကျသည့်စမတ်ဖုန်းအမှတ်တံဆိပ်ဖြစ်လာစေရန် ကြီးစွားအားထုတ်ကြိုးပမ်းခဲ့ရသည်။ ၂၀၂၀ ခုနှစ်မှာ Covid-19 ကပ်ရောဂါဆိုးပေါ်ပေါက်လာခြင်းနှင့်အတူ realme အတွက် ပိုမိုကြီးမားသည့်အခက်အခဲများကို ကိုယ်စားပြုသည့်နှစ်တစ်နှစ်ဖြစ်စေခဲ့သည်။

သို့ရာတွင် realme အနေဖြင့် ကောင်းစွာစဥ်းစားပြင်ဆင်ထားသည့် မဟာဗျူဟာကိုအသုံးချကာ အဆိုပါစိန်ခေါ်မှုများ ကို တုံ့ပြန်နိုင်ခဲ့သည်။ “ရဲရင့်စွာစွန့်စားကျော်ဖြတ်သွားမည်”ဆိုသည့် ဘရန်း၏ခံယူချက်က ညွှန်ပြထားသည့်အတိုင်း realme အနေဖြင့် ကြီးမားသည့်အောင်မြင်မှုကို ဖော်ဆောင်ရယူနိုင်ခဲ့သည်။ ၂၀၂၀ ခုနှစ် ဒုတိယ ၃လပတ်အတွက် ထုတ်ပြန်သည့် Counterpoint ၏အစီရင်ခံစာအရ ပထမဆုံးအကြိမ်အဖြစ် မြန်မာပြည်မိုဘိုင်းစျေးကွက်တွင် realme အနေဖြင့် အဆင့်-၅ နေရာသို့တက်ရောက်နိုင်ခဲ့သည်။

လူငယ်သုံးစွဲသူများနှင့် ပိုမိုထိတွေ့နိုင်စေရန်ရည်ရွယ်ချက်ဖြင့် လူငယ်များစိတ်ဝင်စားသည့် “Real Cup” အမည်ရှိ MLBB ပြိုင်ပွဲများကို realme က ဖန်တီးကျင်းပပြုလုပ်ပေးခဲ့သလို လူငယ်အကြိုက် အောင်မြင်သည့်အမျိုးသမီး Rapper အဆိုတော်တစ်ဦးဖြစ်သည့် Bobby Soxer နှင့်ပါ လက်တွဲလုပ်ဆောင်ခဲ့သည်။

၂၀၂၂ ခုနှစ်တွင် “Real Cup” (Season-1) ကို စတင်စေခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် “Real Cup” (Season-2) ကိုဆက်လက်ကျင်းပပြုလုပ်ပေးခဲ့သည်။ အဆိုပါ ပြိုင်ပွဲများက realme ကို အဓိကပစ်မှတ်ထားသည့် သုံးစွဲသူများနှင့် ပိုမိုနက်ရှိုင်းစွာ ချိတ်ဆက်ပေးနိုင်ခဲ့သလို ဘရန်းအမှတ်တံဆိပ်ရပ်တည်မှုကိုပါ ပိုမို၍ခိုင်မာစေခဲ့သည်။

မြန်မာပြည်စျေးကွက်တွင် ကျွန်တော်တို့၏အမှတ်တံဆိပ်ကို မြှင့်တင်ရန်အားထုတ်ကြိုးပမ်းမှုအနေဖြင့် realme က မဟာဗျူဟာကျသည့်ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ကာ နိုင်ငံကျော် အကယ်ဒမီများရှင် သရုပ်ဆောင် ဝတ်မှုံရွှေရည်ကို Brand Ambassador အဖြစ်ခန့်အပ်ခဲ့သည်။

realme နှင့် ဝတ်မှုံရွှေရည်တို့၏လက်တွဲပူးပေါင်းဆောင်ရွက်မှုမှာ ပိုမိုတန်ဖိုးထား ရသည့်သုံးစွဲသူများအတွက် ပိုမိုပရီမီယံဆန်သည့်အတွေ့အကြုံတို့ကိုပေးစွမ်းနိုင်စေခဲ့သလို ဘရန်းအမှတ်တံဆိပ်၏ပုံရိပ်ကိုပါ ပိုမိုမြင့်မားစေခဲ့သည်။ အထူးသဖြင့် realme 10 Series က ထူးခြားသာလွန်သည့် ဒီဇိုင်း၊ ကင်မရာလုပ်ဆောင်ချက်များနှင့် အလုံးစုံစွမ်းဆောင်ချက်များကို အထူးနှစ်သက်သဘောကျသည့် သုံးစွဲသူများထံမှ ကြီးမားသည့်စိတ်ဝင်စားမှုများကို ရယူနိုင်ခဲ့သည်။ နိုင်ငံတစ်ဝန်းတွင် Brand Ambassador ၏ပုံရိပ်များကိုအသုံးပြုနိုင်ခဲ့သလို ၂၀၂၃ခုနှစ် ပထမနှစ်ဝက်အတွင်း မိတ်ဆက်ခဲ့သည့်ထုတ်ကုန်ကောင်းများကြောင့် တတိယ၃လပတ်တွင် realme မှာ အဆင့်-၄နေရာသို့ပင်တက်လှမ်းနိုင်ခဲ့သည်။

ထို့အပြင် နိုင်ငံအနှံ့အပြားရှိ realme သုံးစွဲသူအသိုင်းအဝိုင်းများကြောင့်လည်း realme အနေဖြင့် မြန်ဆန်သည့်တိုးတက်မှုကိုရယူနိုင်ခြင်းဖြစ်ပြီး သူတို့၏ စိတ်အားပြင်းပြမှုနှင့်အားပေးမှုများမှာ realme ၏ အောင်မြင်မှုလမ်းကြောင်းတွင် ကြီးမားသည့်တွန်းအားများဖြစ်စေခဲ့သည်။


မြန်မာပြည်လူမှုပတ်ဝန်းကျင်၏ တာဝန်သိသောလုပ်ငန်းအဖွဲ့အစည်းတစ်ရပ်အဖြစ်ခံယူထားသည့် realme အနေဖြင့် လူ့အဖွဲ့အစည်းတွင် အဓိပ္ပာယ်ရှိစွာရှင်သန်နေထိုင်သွားကြမည့် လူငယ်များအတွက်လည်း “Real Hope” ဆိုသည့် CSR အစီအစဥ်တစ်ခုကို စတင်အကောင်အထည်ဖော်လုပ်ဆောင်နေပြီဖြစ်ပြီး ရှေ့ဆက်၍လည်း CSR လုပ်ဆောင်ချက်များ ကို မြန်မာနိုင်ငံတွင် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။

realme အနေဖြင့် သိပ်မကြာသည့်အချိန်တွင် ၅နှစ်ပြည့်အခမ်းအနားကိုပါ မြန်မာနိုင်ငံတွင်ကျင်းပပြုလုပ်သွားမည်ဖြစ် သလို ပိုမိုဆန်းသစ်ပြီး လှပဆွဲဆောင်မှုရှိသည့်ထုတ်ကုန်များကိုပါ မိတ်ဆက်ပေးသွားမည်ဖြစ်သည်။ realme အနေဖြင့် မြန်မာပြည်မိုဘိုင်းစျေးကွက်တွင် ကောင်းမွန်သည့်အားထုတ်မှုများနှင့်အတူ ပိုမိုမြင့်မားသည့် အဆင့်-၃ နေရာသို့ ရောက်ရှိနိုင်စေရန် ဆက်လက်ကြိုးစားသွားမည်ဖြစ်သည်။

realme ၏ တည်ထောင်သူနှင့် CEO ဖြစ်သူ Sky Li ၏ အိတ်ဖွင့်ပေးစာ။

ပြောင်းလဲမှုတွေဖန်တီးဖို့ တစ်ကြိမ်မှာ တစ်လှမ်းစီလျှောက်လှမ်းစို့။

လွန်ခဲ့တဲ့ ၅နှစ်ကပေါ့၊ realme အဖွဲ့သားတွေအနေနဲ့ မြန်မာနိုင်ငံဆီကို မဖြစ်နိုင်ဘူးဆိုတာတွေကို ဆန့်ကျင်တဲ့ ခရီးတစ်ခု စတင်ခြေဆန့်ခဲ့ကြပါတယ်။ ဒီနေ့မှာတော့ ကျွန်တော်တို့တွေအနေနဲ့ realme ရဲ့ ၅နှစ်တာ နှစ်ပတ်လည်ကို ကျင်းပနေကြပြီဖြစ်ပါတယ်။

ကျွန်တော်တို့ပထမဆုံးစတင်ခဲ့တဲ့အချိန်မှာ စမတ်ဖုန်းနယ်ပယ်ကို ကောင်းစွာတည်ထောင်ထားတဲ့ထုတ်လုပ်သူတွေက ဦးဆောင်ကြီးစိုးထားတာပဲဖြစ်ပါတယ်။ အဲ့ဒီအခြေအနေကိုဖော်ပြရမယ်ဆိုရင် ပြိုင်ဘက်တွေများစွာရှိနေတဲ့ စျေးကွက်မျိုးပဲဖြစ်ပြီး အသစ်လာမယ့်သူတွေအတွက် နေရာမရှိသလောက်ပဲဖြစ်ပါတယ်။ အခုလိုမျိုးမသေချာမ ရေရာတဲ့အချိန်မျိုးမှာ ကျွန်တော်တို့အနေနဲ့ ကုမ္ပဏီတစ်ခုအဖြစ်နဲ့ ပထမဆုံးခြေလှမ်းကိုလျှောက်လှမ်းဖြစ်ခဲ့ပါတယ်။ အဲ့ဒါဟာ ပထမဆုံးခြေလှမ်းကြီးတစ်ရပ်ဖြစ်ပြီး နောက်ထပ်လျှောက်လှမ်းတဲ့ခရီးရဲ့ခြေလှမ်းတိုင်းမှာ ကျွန်တော်တို့ကို ပုံစံလောင်း လမ်းညွှန်ပေးစေခဲ့တာပဲဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၅နှစ်တာကာလမှ ကျွန်တော်တို့တွေအနေနဲ့ အထွတ်အထိပ် တစ်ခုပြီးတစ်ခုကို တက်ရောက်နိုင်ခဲ့ကြသလို ကမ္ဘာ့တိုးတက်မှုအမြန်ဆုံးစမတ်ဖုန်းအမှတ်တံဆိပ်ဖြစ်လာခဲ့သလို စမတ်ဖုန်းအလုံးရေသန်း ၁၀၀ ကို အမြန်ဆုံး ရောင်းချနိုင်တဲ့အမှတ်တံ ဆိပ်အဖြစ်ပါရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ရည်မှန်းချက်ကြီးမားတဲ့အား ထုတ်မှုတွေဟာ အသိအမှတ်ပြုခြင်းမခံရဘဲနဲ့ ပျောက်သွားခဲ့တာမျိုးမရှိခဲ့ပါဘူး။ ဒီနှစ်မှာတော့ realme အနေနဲ့ BrandZ Top 50 Chinese Global Brand Builders စာရင်းမှာ နောက်တစ်ကြိမ်ပါဝင်လာခဲ့သလို ပြီးခဲ့တဲ့နှစ်ကထက် အဆင့် ၂၉ ဆင့်အထိပါ မြင့်တက်လာခဲ့တာဖြစ်ပါတယ်။

အစကနဦးကတည်းက ကျွန်တော်တို့အနေနဲ့ စွန့်စားမှုတွေရယူတာမျိုးကနေ ရှောင်လွှဲတာမျိုးမရှိဘဲ အစောဆုံးအဖြစ်နဲ့အရေးယူလုပ်ဆောင်ခဲ့တာပဲဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ပထမဆုံးနှစ်အတွင်း အစောဆုံးအောင်မြင်မှုတွေကို ရယူနိုင်ခဲ့အပြီးမှာ ကျွန်တော်တို့အနေနဲ့ တစ်ကမ္ဘာလုံးအတိုင်းအတာအရ ဆယ်နဲ့ချီတဲ့စျေးကွက်တွေကို မြန်ဆန် စွာဝင်ရောက်နိုင်ခဲ့ပါတယ်။

5G ခေတ်ကူးပြောင်းတော့မယ့်အခြေအနေကို စောင့်ကြည့်သတိထားပြီးချိန်မှာ ကျွန်တော်တို့အနေနဲ့ 5G ခေတ်ပြောင်းလဲဆန်းသစ်သူဖြစ်စေဖို့ဆိုတဲ့ရည်မှန်းချက်နဲ့ အလုံးစုံဝင်ရောက်ခဲ့သလို တစ်ကမ္ဘာလုံးမှာရှိတဲ့ သန်းနဲ့ချီတဲ့လူငယ်တွေအတွက် ချောမွေ့စိတ်ချမှုရှိစေမယ့် 5G ကွန်ရက်ချိတ်ဆက်မှုကို ပေးအပ်စေခဲ့တာပဲ ဖြစ်ပါတယ်။

နောက်ထပ်လျှောက်လှမ်းရမယ့်ခြေလှမ်းတိုင်းမှာ ကျွန်တော်တို့ရဲ့လူငယ်သုံးစွဲသူတွေကို စောင့်ကြည့်နားထောင်နိုင်စေဖို့အတွက် တစ်ပြေးတည်းသွားတဲ့အဖွဲ့အစည်းပုံစံနဲ့ လူငယ်တွေကိုအခြေပြုတဲ့ချဥ်းကပ်မှုမျိုးပုံစံကို ကျင့်သုံးခဲ့ကြပြီး ကျွန်တော်တို့သုံးစွဲသူတွေက ဘယ်အရာတွေပေါ်မှာစိတ်အဝင်စားဆုံးလဲဆိုတာကို ပိုမိုမြန်ဆန်သွက်လက်စွာသိရှိနိုင်ခဲ့သလို လိုအပ်တာကို အမြန်ဆုံးအရှိန်နဲ့ ပေးအပ်ပို့ဆောင်နိုင်ခဲ့တာပဲဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ “ရဲရင့်စွာစွန့်စားကျော်လွှားသွားမယ်” ဆိုတဲ့ စိတ်ဓာတ်နဲ့ဦးဆောင်ပြီး တာဝန်ယူလုပ်ဆောင်မှုဟာ အဲ့ဒီအချိန်မျိုးမှာ မဖြစ်နိုင်ဘူးဆိုရင်တောင်မှ ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့အမှတ်တံဆိပ်နဲ့ ကျွန်တော်တို့သုံးစွဲ သူတွေအတွက် မှန်ကန်တယ်လို့ခံစားမိတဲ့လမ်းကြောင်းကို အမြဲတမ်းလျှောက်လှမ်းလာခဲ့တာပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့အမှတ်တံဆိပ်ကိုမိတ်ဆက်ပေးပြီးသိပ်မကြာခင်မှာ ကျွန်တော်တို့တွေအနေနဲ့ မတည်ငြိမ်တဲ့ကမ္ဘာ့စီးပွားရေးဆိုင်ရာအခြေအနေတစ်ရပ်နဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး ဒီနယ်ပယ်တစ်ခုလုံးမှာ ရောင်းအားတွေကျဆင်းမှုကို ဖြစ်ပေါ်စေခဲ့ပါတယ်။

တုံ့ပြန်မှုအနေနဲ့ ကျွန်တော်တို့ဟာ တစ်ကမ္ဘာလုံးတူညီတဲ့ထုတ်ကုန်တွေအပြင် “ရိုးရှင်းစွာပိုကောင်းခြင်း”မဟာဗျူဟာနဲ့ “စျေးကွက်ရိပ်သိမ်းခြင်း” မဟာဗျူဟာတို့နဲ့အတူ ကျွန်တော်တို့ရဲ့ကမ္ဘာတစ်ခုလုံးချဥ်းကပ်မှုကို ပြောင်းလဲပစ်ခဲ့ပါတယ်။ ကျွန်တော်တို့ကို ဆက်လက်ရှင်သန်စေခဲ့တာက အခုလိုမြန်ဆန်တဲ့မဟာဗျူဟာဆိုင်ရာ ဆုံးဖြတ်ချက်တွေပဲဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ မဟာဗျူဟာက “ငယ်ရွယ်၊ ရဲရင့်ပြီး ရည်မှန်းချက်ကြီး” တဲ့သူတွေဖြစ်တယ် ဆိုတဲ့အပေါ်မှာ တည်မှီ ထားတာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ငယ်ရွယ်တဲ့သုံးစွဲသူတွေလိုမျိုးပဲ ကျွန်တော်တို့ realme ဝန်ထမ်းအများစုဟာ ၁၉၉၀ ဝန်းကျင်မှာမွေးဖွားခဲ့ကြတဲ့သူတွေပဲဖြစ်ပါတယ်။

ဒီအချက်ကြောင့်ပဲ ငယ်ရွယ်နုပျိုစွာ တွေးခေါ်တတ်ခြင်း ဟာ ကျွန်တော်တို့ဆီကို သဘာဝအတိုင်း ရောက်လာတတ်တာဖြစ်သလို ကျွန်တော်တို့ရဲ့ထုတ် ကုန်တွေကိုလည်း ကမ္ဘာ့နယ်ပယ်အသီးသီးမှာ လူငယ်တွေက နှစ်သက်သဘောကျကြတာပဲဖြစ်ပါတယ်။ သုံးစွဲသူတွေဆိုတာ ကျွန်တော်တို့အသင်းကလုပ်ဆောင်တဲ့အရာအားလုံးရဲ့ နှလုံးသားမှာရှိနေတာပဲဖြစ်ပါတယ်။ လူငယ်မျိုး ဆက်တွေကို အကောင်းဆုံးနားလည်တဲ့စမတ်ဖုန်းအမှတ်တံဆိပ်ဖြစ်စေဖို့ ကျွန်တော်တို့အနေနဲ့ အပြည့်အဝအားထုတ်သွားမှာပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ realme မှာအမြဲတမ်းပြောနေကြပါပဲ “အတိတ်ရဲ့အောင်မြင်မှုဟာ အတိတ်ရဲ့အောင်မြင်မှုပါပဲ”။ ရှေ့ ဆက်လျှောက်ပြီးတော့ ကျွန်တော်တို့ရဲ့ “ရဲရင့်စွာကျော်ဖြတ်သွားမယ်” ဆိုတဲ့စိတ်ဓာတ်အတိုင်း ဆက်လက်ဦး ဆောင်သွားမှာဖြစ်ပြီး ပိုမိုမြင့်မားတဲ့အထွတ်အထိပ်တွေနဲ့ ကြီးမားတဲ့အမြင့်တွေဆီ လျှောက်လှမ်းသွားမှာပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့အနေနဲ့ နောက်လာမယ့် ၅နှစ်အတွက် ရည်မှန်းချက်ကြီးတဲ့အစီအစဥ်တွေရှိထားပြီဖြစ်ပါတယ်။ အခု လာမယ့် ကျွန်တော်တို့ရဲ့ “ကျော်လွှားလျှောက်လှမ်းမယ့်” သတင်းစာရှင်းလင်းပွဲမှာ ကျွန်တော်တို့အနေနဲ့ “ရှေ့သို့လှမ်းချီကျော်လွှားသွားမယ့်အစီအမံ”နဲ့ “ကျွန်တော်တို့ရဲ့ ၅နှစ်တာခရီး ကျော်လွှားလျှောက်လှမ်းမယ့် ထုတ်ကုန်” တို့  ၂ မျိုးစလုံးကို ထုတ်ပြန်ပေးသွားမှာဖြစ်ပါတယ်။

ဒါဟာ သူ့လိုမျိုးထုတ်ကုန်အမျိုးအစားတွေနဲ့မတူတဲ့ ထုတ်ကုန်တစ်ခုပဲဖြစ်ပြီး ဒီဇိုင်းပိုင်းကနေ စွမ်းဆောင်ရည်အထိ ကဏ္ဍတိုင်းမှာ အံ့အားသင့်စေမှာပဲဖြစ်ပါတယ်။

နောက်လာမယ့် ၅နှစ်တာကာလမှာ နောက်ထပ်မဖြစ်နိုင်ဘူးဆိုတဲ့စိန်ခေါ်မှုတွေကို ကျော်လွှားသွားနိုင်ဖို့ ကျွန်တော်တို့ကို ရည်မှန်းချက်ချခွင့်ပြုဖို့နဲ့ ပိုမိုမြင့်မားတဲ့အထွတ်အထိပ်တွေနဲ့ ကြီးမားတဲ့အမြင့်တွေဆီ အမြဲတမ်းရောက်ရှိနိုင်တယ်ဆိုတာကို ကျွန်တော်တို့နဲ့တကွ အခြားသူတွေကိုပါ သက်သေပြခွင့်ပြုစေလိုပါတယ်။

ကျွန်တော်တို့ရဲ့လမ်းကြောင်းထဲမှာ ဘာတွေပဲပိတ်ဆို့နေပါစေ၊ ကျွန်တော်ပြောချင်တာက “ရင်ဆိုင်ဖို့အသင့်ပါပဲ”။

realme: media release