Realme ဟာ ပြီးခဲ့တဲ့အပတ်က Realme 6 နဲ့ 6 Pro တို့ကို မိတ်ဆက်ခဲ့ပြီးပေမယ့် ဒီစီးရီးသစ်ထဲကို တတိယမြောက် အဖွဲ့ဝင်ဖြစ်တဲ့ Realme 6i အား မတ်လ ၁၇ ရက်နေ့မှာ ထပ်မံအားဖြည့်သွားဦးမှာဖြစ်ပါတယ်။

ဒီတစ်ခါ ဦးဦးဖျားဖျား အတည်ပြုပေးခဲ့တာက Realme ရဲ့ မြန်မာနိုင်ငံကုမ္ပဏီခွဲဖြစ်ပြီး Realme 6i ဖုန်းသစ်မှာ Helio G80 ချစ်ပ်ဆက်နဲ့ 18W အားသွင်းစနစ်တို့ ပါဝင်မယ်လို့ အရင်ကလည်း အတည်ပြုပေးထားပါတယ်။

ယနေ့မှာ ထပ်ပြီး Realme 6i စမတ်ဖုန်းသစ်ဟာ 48MP Sensor ဦးဆောင်တဲ့ Quad-camera အား နောက်ဘက်မှာ ထည့်သွင်းလာမယ်လို့ အတည်ပြုပေးခဲ့ပြန်ပါတယ်။ ဒါဟာ Realme 5i မှာပါခဲ့တဲ့ 12MP အဓိကကင်မရာနဲ့ယှဉ်ရင် သိသာတဲ့ တိုးမြှင့်မှုဖြစ်ပါတယ်။

48MP Main Camera ကို အသုံးပြုပြီး ပိုမိုကောင်းမွန်တဲ့ ရိုက်ကူးမှုတွေ ဖန်တီးပြုလုပ်နိုင်စေမယ့် realme 6i UnleashThePower…

Posted by realme on Thursday, 12 March 2020

ကျန်သေးတဲ့ ကင်မရာသုံးခုရဲ့ အချက်အလက်တွေကိုတော့ လောလောဆယ် မသိရသေးပေမယ့် 8MP Ultrawide, 2MP Macro နဲ့ 2MP Depth Sensor ယူနစ်တွေကို မြင်ရမယ်လို့ မျှော်လင့်ထားပါတယ်။ Realme ကတော့ 6i ရဲ့ Specs တွေကို ထုတ်ဖော်အတည်မပြုရသေးပေမယ့် ပြီးခဲ့တဲ့လမှာ FCC အတည်ပြုချက်ရယူခဲ့ပြီး နောက်ဘက်က Fingerprint နဲ့အတူ 6.5” လက်မအရွယ်လောက်ရှိတဲ့ Display ကိုလည်း Waterdrop-Notch ဒီဇိုင်းနဲ့တွေ့ခဲ့ရပါတယ်။

ဒါ့အပြင် FCC စာရင်းကတဆင့် 6i မှာ 5,000 mAh ဘက္ထရီပါဝင်တာကိုတွေ့ခဲ့ရပြီး အခြားဖုန်းနှစ်လုံးမှာ 4,300 mAh သာပါတဲ့အတွက် သူ့စီးရီးထဲမှာ အကြီးဆုံးလည်းဖြစ်ပါတယ်။ ထွက်ဖို့တစ်ပတ်တောင် မလိုတော့တာကြောင့် လာမယ့်ရက်တွေမှာ Realme 6i နဲ့ပတ်သက်တဲ့ သတင်းတွေလည်း တွေ့ရဦးမှာပါ။

Ref – GSM Arena