Realme 6i ကို မြန်မာမှာ  မတ်လ ၁၇ ရက်နေ့ ကြေညာတော့မှာ ဖြစ်ပြီး အခုတော့ Realme က 6i မှာ အရွယ်ကြီး 5,000mAh ဘက်ထရီ ထည့်သွင်းထားမယ်လို့ အတည်ပြုလိုက်တဲ့အတွက် ဘက်ထရီ သက်တမ်းက တော်တော်လန်းမှာပါ။ 16MP ဆဲလ်ဖီး ကင်မရာ ၁ လုံး ပါလာမှာ ဖြစ်ပြီး 5i ရဲ့ 8MP ထက် ပိုကောင်းလာပါတယ်။ ဒါပေမယ့် 6 နဲ့ 6 Pro တို့မှာလို ကင်မရာကို Punch Hole မှာ မဟုတ်ဘဲ Waterdrop Notch မှာ တပ်ဆင်ထားမှာပါ။

Realme က မျှဝေထားတဲ့ ဓါတ်ပုံ ၁ ခုအရ 6i မှာ 6 နဲ့ 6 Pro တို့မှာလို ဘေးဘက်လက်ဗွေရာ ကိရိယာ ပါလာမှာ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့လက FCC က ထွက်လာတဲ့ ဓါတ်ပုံ ၁ ပုံအရ အနောက်ဘက်မှာ လက်ဗွေရာ ကိရိယာ မြှပ်နှံထားပါတယ်။ ကုမ္ပဏီက ဒီသတင်းကို အတည်မပြုထားသေးပါဘူး။

Realme 6i မှာ MediaTek Helio G80 Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး အဲဒီ Chipset ကို ပြီးခဲ့တဲ့လကမှ ပူပူနွေးနွေး မိတ်ဆက်ထားတာ ဖြစ်ပါတယ်။ အနောက်ဘက်ကင်မရာ ၄ လုံးထဲမှာ ပင်မ ကင်မရာဟာ 48MP ဖြစ်ပါတယ်။ USB-C Port နဲ့ 18W Fast Charging ပါတဲ့အတွက် အားသွင်းရင် အရမ်းကို မြန်မှာပါ။ အဲဒါတွေက အရင်မျိုးဆက် Realme 5i ထက် ပိုကောင်းလာတဲ့ စွမ်းရည်တွေ ဖြစ်ပါတယ်။

Realme က သက်တမ်းနုသေးပေမယ့် အရမ်းကို အောင်မြင်နေပြီး မကြာခင်က Realme 6 နဲ့ 6 Pro ကို ကြေညာခဲ့ပါတယ်။ မတ်လ ၁၇ ရက်နေ့မှာ Realme 6i ကို မြန်မာမှာ ကြေညာတော့မှာ ဖြစ်ပြီး အဲဒီ စမတ်ဖုန်းဟာ တတိယမြောက် 6 Series ဖြစ်လာတော့မှာပါ။ FCC ရဲ့ စာရင်းအရ Realme 6i ရဲ့ အရွယ်အစား အပြည့်အစုံဟာ 164.4 x 75.4 x 9 mm နဲ့ အလေးချိန်ဟာ ၁၉၅ ဂရမ် ဖြစ်ပါတယ်။

Ref : gsmarena