ပြီးခဲ့တဲ့အောက်တိုဘာတုန်းက 4G Realme 7 စီးရီးကို ဥရောပဈေးကွက်မှာ ဖြန့်ချိခဲ့ပြီး ဖြစ်ပါတယ်။ အခုတော့ Realme 7 စီးရီးရဲ့ နောက်ထပ်မျိုးဆက်သစ်အနေနဲ့ 5G အမျိုးအစားကို ဥရောပဈေးကွက်မှာပဲ ထပ်ပြီးမိတ်ဆက်လိုက်ပြန်ပြီ ဖြစ်ပါတယ်။

အခုမိတ်ဆက်လိုက်တဲ့ Realme 7 5G ဟာ တန်ဖိုးအားဖြင့် $370 (၄ သိန်း ၈ သောင်းခွဲဝန်းကျင်) သာကျသင့်ပြီး ဒါဟာ လက်ရှိဈေးကွက်ထဲမှာ ဈေးအချိုဆုံး 5G ဟန်းဆက်ဖြစ်တယ်လို့ Realme က ဆိုပါတယ်။ Realme 7 5G ဟာ 6GB LPDDR4x RAM, 128GB UFS 2.1 storage အမျိုးအစား တစ်မျိုးတည်းပဲ ထုတ်လုပ်ရောင်းချပြီး အရောင်ကတော့ Baltic Blue ဖြစ်ပါတယ်။

Realme 7 5G ဟာ 6.5-inch LCD display ဖြစ်ပြီး Refresh rate ကတော့ 120Hz ဖြစ်ပါတယ်။ Touch sampling rate က 180Hz ဖြစ်ပါတယ်။ MediaTek Dimensity 800U 5G SoC ကို အသုံးပြုထားပြီး၊ CPU စွမ်းဆောင်ရည် ၁၁% နဲ့ GPU စွမ်းဆောင်ရည် ၂၈% ပိုအဆင့်မြင့်လာတယ်လို့ Realme က ဆိုပါတယ်။ ဂိမ်းမင်းပိုင်းမှာလည်း တိုးတက်မှုတွေရှိလာပြီး “competition mode” အသစ်က Touch response ကို ၃၅%။ ဂိမ်းစွမ်းဆောင်ရည်ကို ၂၀% တိုးတက်စေတယ်လို့ ဆိုပါတယ်။

5G အပိုင်းမှာတော့ အဓိက Global frequency band တွေဖြစ်တဲ့ n1, n3, n7, n20, n41 အပါအဝင် အခြား Frequency band တွေကို ထောက်ပံ့ပေးပါတယ်။ ကင်မရာပိုင်းမှာလည်း မျက်နှာပြင်ရဲ့ အပေါ်ဘယ်ဘက်ထောင့်မှာ Punch-hole တစ်ခုနဲ့အတူ 16MP selfie ကင်မရာ တစ်လုံးကို တပ်ဆင်ပေးထားပါတယ်။ ကျောဘက်မှာတော့ 48MP အဓိကကင်မရာ၊ 8MP (119-degree FOV ultra-wide) နဲ့ 2MP macro, 2MP depth တို့ကို တပ်ဆင်ပေးထားတာ ဖြစ်ပါတယ်။

Fingerprint sensor က ကျောဘက်မှာမရှိဘဲ Power button ပေါ်မှာရှိနေတာဖြစ်ပါတယ်။ 5,000mAh ဘက်ထရီကို တပ်ဆင်ပေးထားပြီး 30W Dart charging စနစ်ကို ထောက်ပံ့ပေးထားပါတယ်။

Ref: Gizmochina